တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဆင်း မိန့်ခွန်းကောက်နုတ်ချက်


တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံရဲ့ ရည်ရွယ်ချက်က “တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံး ဝန်ထမ်းတပ်ဖွဲများအတွက် အေဂျီတီအိုင်ဒီပလိုမာလက်မှတ်ရ ပညာသည်အကြပ်ကြီးများ မွေးထုတ်ပေးရန်” ဖြစ်ပြီး ယနေ့အချိန်ထိ ၁၀၈၉၅ ဦး လေ့ကျင့်သင်ကြားပေးနိုင်ခဲ့။

စာပေပညာမှာ အေဂျီတီအိုင်အဆင့်ထိရခဲ့သလို စစ်ပညာမှာလည်း အကြပ်ကြီးအဆင့်ထိ သင်ကြားပေး နိုင်ခဲ့တာဖြစ်တဲ့အတွက်  လက်တွေ့နယ်ပယ်မှာလည်း အောင်မြင်စွာတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်။
-
ခေတ်အဆက်ဆက် နိုင်ငံတော်နှင့် တပ်မတော်အတွက် အင်ဂျင်နီယာပိုင်ဆိုင်ရာကဏ္ဍတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သလို ကမ္ဘာပေါ်မှာ ထုထည်အကြီးမားဆုံးနဲ့ ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ပပညာရှင်မပါဘဲ တပ်မတော်သားအင်ဂျင်နီယာများနှင့် မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့။
-
အင်ဂျင်နီယာများဆိုပေမယ့် ခြေလျင်တပ်ဖွဲများကဲ့သို တိုက်ပွဲဝင်စိတ်ဓာတ်နှင့်ရဲစွမ်းသတ္တိရှိအောင် လေ့ကျင့် ပေးခဲ့ပြီးဖြစ်တဲ့အတွက် လိုအပ်လျှင်ခြေလျင်တပ်ဖွဲများနည်းတူတိုက်ပွဲဝင်နိုင်ရန် သင်ကြားပေးလိုက်တဲ့ စစ်နည်းဗျူဟာတွေကို ကျွမ်းကျင်မှုရှိအောင်နဲ့ ကိုယ်ခန္ဓာကြံခိုင်နေဖိုအတွက် အမြဲလေ့ကျင့်နေရမည်ဖြစ်။
-
လွတ်လပ်ရေးရယူပေးခဲ့သလို လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း အချုပ်အခြာအာဏာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့။
-
တပ်တွင်းစည်းလုံးညီညွတ်ရေးဟာ အရေးကြီးတဲ့အတွက် တပ်ဖွဲအချင်းချင်း၊ မိသားစုဝင်အချင်းချင်း စည်းလုံးမှုရှိနေဖိုလိုသလို တပ်တွင်းစည်းလုံးမှုကို  ခိုင်မာသည်ထက် ခိုင်မာအောင်တည်ဆောင်ရမှာဖြစ်။
-
“အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အင်ဂျင်နီယာတပ်ဖွဲဝင်များအနေဖြင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍတွေမှာ ခေတ်နှင့်လျော်ညီအောင် အဆင့်မြှင့်တင်ဖိုလို။
-
ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာများကို အမီလိုက်နိုင်ဖို့အတွက် နိုင်ငံတကာမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ စစ်မှုသိပ္ပံနဲ့ နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာပြီး မိမိနိုင်ငံအတွက် အကောင်းဆုံးအသုံးချသွားဖိုလို။

Post a Comment

Previous Post Next Post