မနေနိူင်လို့ပြောပါရစေ


လောက်ကိုင် ကနေ ပြန်လွှတ်ခံရတဲ့ တပ်ဖွဲ့တွေ က အဖွဲ့စနစ်နဲ့ မသွားကြပါဘူး။
ဝပြည်ထဲထိ ဝ က စနစ်တကျ လူစစ် ပြီးခေါ်လာခဲ့‌ေပမယ့်။ ထုံးစံအတိုင်း မိမိနယ်မြေထဲရောက်တော့ပရမ်းပတာ‌ေတွ ဖြစ်ကုန်ကြပါတယ်။

ခေါင်းဆောင်ငယ်အချို့ဟာ သူ့သဘောနဲ့ သူ လက်အောက်အဖွဲ့မပါပဲ ထွက်ခွာကုန်ကြတယ်။
မိမိ တပ်ခွဲ၊ မိမိဦးစီး အဖွဲ့ မစုမိပဲ ပရမ်းပတာ ဖြစ်နေပါတယ်။
ရဲမေ တွေ ကို လည်း ဘယ်ပို့မယ် ဆိုပြီး ပြောပေမယ့် အစီအစဉ် မရှိပါဘူး။ ရဲမေ မှီခိုတွေ ကိုစုစည်းပြီး အားပေးစကားပြောသင့်ပါတယ်။အချို့တွေ ငွေတောင်မပါဘူး။ဘယ်လို နေထိုင်စားသောက်ကြမလည်း။

ခုဆို တစ်ထောက်နားရာ မြို့မှာ တည်းစရာ နေရာမရှိအောင် ဖြစ်နေကြတယ်။ နွေးနွေးထွေးထွေး မကြိုကြပါဘူး။

အဲတော့ ဒီ အင်အား အတွက် တိကျတဲ့ အစီအမံ ရှိရပါမယ်။
အနည်းဆုံးတော့ ခေါင်းဆောင်ငယ် တွေဟာ ကိုယ့် ရုံးအဖွဲဆို ရုံးအဖွဲ့၊ ကိုယ့်တပ်ခွဲဆို ကိုယ့်တပ်ခွဲ။
ကိုယ့် မှိခို မိသားစု တွေ ပါ လူစုံအောင် လိုက်လံစစ်ဆေးပြီး အတူတကွ နေထိုင်စားသောက်သင့်ပါတယ်။ အခြင်းခြင်း အားပေးရမယ်။ မရှိတဲ့ အချိန်ပို စည်းလုံးရမယ်။

စီးတဲ့ ကားမတူရင်တောင်မှ စီရပ်နေရာတွေ ရောက်တိုင်း လိုက်လံ စစ်ဆေး ရပါမယ်။ပါလာတဲ့ ကလေးတွေ အဆင်ပြေ လားမပြေလား ကြည့်ပေးရမယ်။ ဒါက ဟိုးထိပ်ဆုံးက ပုဂ္ဂိုလ်က လုပ် ပါပြောမှ လုပ်ရမှာ မဟုတ်ဘူး ။မိမိရဲ့ ကိုယ်ပိုင် စစ်သားစိတ်နဲ့ လုပ်ရမှာပါ။

ခုတော့ စစ်သည်တွေ ကတစ်နေရာ အရာရှိကတစ်နေရာဖြစ်‌နေတယ်လို့ ကြားသိရပါတယ်။
စိတ်မကောင်းဘူး။

တတ်နိုင်သမျှ အရှုံးထဲ ကအနိူင်ဖြစ်အောင် စုစည်းပါ။ ဒုက္ခရောက်ချိန် မှာ မာကျောတဲ့ စိတ်နဲ့ ဦးဆောင်ပါ။

လက်ခံကြိုဆို ရမယ့် အဖွဲ့များကလည်း စစ်ရှူံးလို့ မတူမတန် ပုံမျိုး မဆက်ဆံပါနဲ့။ မိမိတို့ ကိုယ်တိုင် နွေးထွေးပေးပါ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။

ဒီ အင်အား မျိုး ခုချိန် မှာ အရေးပေါ် ထပ်စုစည်းလို့မရပါဘူး။

ဒီအင်အား မ‌ျိုး ကို လစ်လျူရှူလိုက်ရင် ပျောက်ဆုံး ပြေးသွားကြမယ့် လက်အောက်တွေရှိလာပါလိမ့်မယ်။

အနစ်နာခံပြီး စနစ်တကျ လုပ်ဆောင်ပေးကြပါ။

အောင်ပွဲရတပ်မတော်သားတွေကြိုဆိုပွဲ ပဲ လုပ်ဖူးတော့ အောင်ပွဲမရ ရင် မကြိုရဘူးထင်နေကြတာ။
ကြိုဆိုပါ နွေးထွေးပါ။

စစ်ရှူံးလာတာကို အသိအမှတ်ပြုပါ။
ဖေးမပါ။

ဘယ်အဖွဲ့က ဘယ်နေရာကို ဘယ်လိုသတင်းပို့ဆိုတာမျိုး လုပ်ပေးပါ။

အရေးယူမယ်ဆိုရင်တောင် အဖွဲ့လိုက် အရေးယူခံဖို့အထိ ပြင်ဆင်ကြပါ။
သေချာတာကတော့ လက်အောက် ကို ဘာမှ မလုပ်လောက်ပါဘူး။

ကိုးကန့်တောင် အင်အား၃ -၄-၅ထောင် ကို စနစ်တကျ စုဖွဲ့ ကွပ်ကဲ နိူင်တာပဲ ဗျာ။
လုပ်နိူင်ကြပါတယ်။

စစ်ရှုံးတိုင်း စစ်သားမလုပ်ရဘူးဆို ခေတ်အဆက်ဆက် စစ်ရှုံးခဲ့တဲ့ ဗြိတိသျှ တွေ  နေမဝင်အင်ပါယာ မထောင်နိူင်ပါဘူး။

အာဖဂန် ကနေ အမေရိကန်တွေ ဆုတ်ခွာတော့ သူ့လူတွေ ကို အကုန် စစ်ပြီး စုစည်းပြီးပြန်တယ်။ ကျန်နေရင် ရအောင် စုစည်းတယ်။

အင်အားကို ထိန်း တဲ့သဘောပါပဲ။

အနည်းငယ် ပိုပြိး အင်တိုက် အားတိုက် လုပ်ဆောင်ပေးကြပါလို့

အကြံပြုတာပါ

ချစ်သော
ဒဿကြီး
Crd
Photo
ဒုတိယကမ္ဘာစစ်ကာလ ဂျာမဏီလက်အောက်ပြင်သစ်နိုင်ငံကျရောက်သွားချိန်ပြင်သစ်နိုင်ငံ Dunkirkမြို့မှ ဗြိတိန်ကျွန်းသို့ဆုတ်ခွာလာသောမဟာမိတ်တပ်သားများ။အဆိုပါစစ်သည်များသည် နောင်တွင်ဒုတိယကမ္ဘာစစ်၏နာမည်ကျော်DDAYနော်မန်ဒီကမ်းတက်တိုက်စစ်ဆင်ရေးတွင်တဖန်ပြန်လည်တိုက်ပွဲဝင်ခဲ့။

#Tactics for Myanmar Police

Post a Comment

Previous Post Next Post