အံ့ဩစရာ မရှိပါဘူး


မုန်းတီးမှု အစွန်းရောက်မှုတွေရဲ့ အကျိုးဆက်ဟာ အင်မတန်ကြောက်စရာကောင်းလှပါတယ်။
-
ဘာသာအားလုံးအတူတူပါပဲ။ လူသားအားလုံးအတူတူပါပဲဆိုတာ မှန်ကန်ရင် ဒီလိုအပြုအမူမျိုးက ဖြစ်ပေါ် လာစရာအကြောင်းမရှိပါဘူး။
-
နိုင်ငံကြီးတွေအများစုက လူ့အခွင့်အရေး ဘာသာအခွင့်အရေး အော်နေကြပေမယ့် နိုင်ငံငယ်လေး တွေအပေါ်မှာ စစ်မီးမွှေးပြီးလို့ ပစ်ကြခတ်ကြပြီဆိုတာနဲ့ သူတို့လူမျိုးတွေကို အမြန်ဆုံးပြန်ခေါ်ယူကြတာဟာ လူသားဝါဒ ကင်းမဲ့နေကြလို့ပါပဲ။
-
ကျန်တဲ့လူမျိုးတွေ သေချင်သေပေါ့။ နိုင်ငံကြီးမှန်သမျှ အဲဒီလိုချည်းပါပဲ။ သူတို့လူမျိုး၊ သူတို့ဘာသာ၊ သူတို့နိုင်ငံနဲ့ပါတ်သတ်လာရင် အကုန်လုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်တွေကို ရှေ့တန်း တင်ကြတဲ့သူချည်းပါပဲ။
-
ဗုဒ္ဓဘာသာဟာ ဓမ္မနဲ့သာသနာပြုတဲ့နိုင်ငံမို့ ဗုဒ္ဒဘာသာမှန်ရင် တခြားဘာသာကို မုန်းတီးလေ့မရှိပါဘူး။ အမြဲတမ်းခံဘက်ကချည်းပါပဲ။
-
ဘာသာတရားတို့၊ ယဉ်ကျေးမှုတို့၊ အမျိုးချစ်စိတ်တို့ကို စကားလုံးလှလှလေးတွေနဲ့ ရိုက်ချိုးပစ်ကြတယ်။
-
အင်မတန်ခမ်းနားလှတဲ့ နာလန္တာတက္ကသိုလ်ကြီးဟာလည်း အဲဒီလိုအယူအဆတွေနဲ့ပဲ ရဟန်းသံဃာပေါင်း များစွာစတေးခံပြီး ပျက်စီးခဲ့ရတယ်။
-
ဗုဒ္ဓဘာသာတွေဟာ သူများကိုစော်ကားလွှမ်းမိုးတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သူများစော်ကားလို့ ပြန်ပြီးကာကွယ်ခဲ့ကြရတာချည်းပါပဲ။
-
MNDAA ရဲ့လုပ်ရပ်ပုံတွေကို မြင်တွေ့နေရတာကို မအံ့ဩပါဘူး။
-
ဒီလိုဖြစ်ရပ်တွေ တနေ့ဖြစ်လာမယ်ဆိုတာ သိနေလို့ ကိုယ့်ဘာသာကို တန်ဖိုးထားကြဖို့ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားတတ်အောင် အမြဲတမ်း တိုတ်တွန်းနိုးဆော်ခဲ့ရတာပါပဲ။
-
အမုန်းတရားရဲ့ အမြင့်ဆုံးအဆင့် ကမ်းကုန်အောင် ယုတ်မာမှုတွေ လုပ်ကြပြီဆိုရင် အဆိုးဆုံး အကြောင်းတရားတွေလာဖို့ လောင်စာဖြည့်နေကြတာပါပဲ။
-
ဗုဒ္ဓဘာသာဝင်တွေရဲ့ယဉ်ကျေးမှု ဘာသာတရားအားလုံးကို နိုင်ငံကြီးတွေက ရိုက်ချိုးထားပြီးကြပြီလေ။ အကြောင်းအကျိုး ညီညွတ်အောင် မတွေးနိုင်တဲ့ ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်တွေ ပြည်သူတွေ မနာတတ်ဘူး၊ ပညာမယူတတ်ဘူးဆိုရင်တော့ မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရင်တောင် အံ့ဩစရာ မရှိပါဘူး။
-
ဒီလို လုပ်ရပ်အတွက် ဆဲစရာလည်းမလိုဘူး၊ ဒေါသထွက်စရာလည်းမလိုဘူး၊ သူတို့ ပျက်စီးပါစေလို့လည်း ဆုမတောင်းဘူး။
-
အဓိကလိုအပ်တာက ဗုဒ္ဓဘာသာဝင်တွေ ညီညွတ်ဖို့၊ အမြင်ကျယ်ဖို့၊ ကြောင်းကျိုးဆင်ခြင်နိုင်ဖို့၊ ကိုယ့်ဘာသာကို တန်ဖိုးထားဖို့၊ ကိုယ့်ယဉ်ကျေးမှုကို တန်ဘိုးထားဖို့၊ ကိုယ့်လူမျိုးကို တန်ဖိုးထားဖို့ပဲ အဓိကလိုအပ်တာပါ။
-
ဒီလိုစေတီတွေ ဖျက်ဆီးရုံနဲ့ သာသနာမကွယ်သွားပါဘူး။ ရင်ထဲမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံ ချစ်စိတ်တွေ ပျောက်ကွယ်သွားရင်သာ နိုင်ငံနဲ့ သာသနာ တကယ်ကွယ်သွားမှာပါ။
-
ဗုဒ္ဓဘာသာဝင်အပေါင်း ဒီဖြစ်စဉ်ကနေ သံဝေဂ ယူဖို့နဲ့ မိမိတို့ရဲ့ ပျက်စီးနေတဲ့စိတ်တွေကို ပြောင်းလဲ နိုင်ကြပါစေလို့ သတိပေးလိုက်ပါရစေ။
-
နိုင်ငံချစ်ဖို့၊ လူမျိုးချစ်ဖို့၊ ဘာသာချစ်ဖို့၊ ယဉ်ကျေးမှုကိုချစ်ဖို့ မီးမောင်းထိုးပြတဲ့ ဖြစ်စဉ်တစ်ခုပဲလို့သာ နှလုံးသွင်းပြီး သံဝေဂယူကြပါ။

#ဦးမြင့်ခိုင်

Post a Comment

Previous Post Next Post