"...အာဂ...သတ္တိရှင်များ...”


ကျွန်တော်ကိစ္စလေးတစ်ခုနဲ့...တပ်မတော်ဆေးရုံတစ်ခုကိုရောက်ခဲ့တယ်...
အဲ့ဒီမှာ...တက်ရောက်ကုသနေတဲ့...တပ်မတော်သားတွေနဲ့စကားပြောဖြစ်ခဲ့တယ်...

ကျွန်တော်ပြောဖြစ်ခဲ့တဲ့...တပ်မတော်သားတွေရဲ့..ဒဏ်ရာရပုံပြောပြမယ်...

တစ်ယောက်ဆို...လက်မောင်းမှာ..စတီးရိုးထည့်ထားတယ်...ညာဘက်ပါး..ဗုံးသီးစမှန်လို့ပြန်ချုပ်ထားတယ်
လက်မောင်းက...စတီးရိုးအသားကျဖို့...လက်အပြင်မှာစတီးချောင်းလေးတွေနဲ့တွဲထိန်းထားရတယ်....ညာပါးဗုံးစထိထားလို့...စကားကိုအားယူပြောနေရတယ်....

နောက်တစ်ယောက်က....ဗုံးသီးအစ...ဘယ်ဘက်လက်ပြင်....ဘယ်ဘက်ပါး....ခန္ဓာကိုယ်အထက်ပိုင်း...ကံကောင်းတာက...သေကွင်းသေကွက်တွေမထိတာဘဲ.....

သူတို့တွေနဲ့စကားပြောကြည့်တော့.....သူတို့တွေတိုက်ပွဲမှာခေါင်းမဖော်နိုင်အောင်...ဒရော့ဗုံးကျဲချတာခံရကြောင်း
ရန်သူတက်လုံးတဲ့အသံကြားလို့...ခေါင်းဖော်အပစ်မှာ...ဒရော့ဗုံးကြဲချခံရပြီးထိမှန်ခံရတာတွေပြောပြကြတယ်...

စိတ်ဝင်စားစရာကောင်းတာက....
"..အကိုလေးရာ...သူတင်ကိုယ်တင်ဆို...အဲ့ကောင်တွေမတက်ရဲဘူး...ကျွန်တော်တို့ဆီမှာ...သွေးကြောင်တဲ့ကောင်တစ်ယောက်မှမပါဘူး...အသေခံချမယ်ဆိုတာကြီးဘဲ...ဒီကောင်တွေ..ဒရုံးသာမသုံးနိုင်ရင်...အလောင်းပုံတောင်တော်တော်ရှင်းယူရမယ်ဗျ....ကျွန်တော်တို့...ဒရုံးကြောင့်ခံလိုက်ရတာ....တောက်...ဒရုံးသာမပါရင်ပွဲကကြည့်လှမှာဗျ..”

ပြောနေတဲ့သူ့မျက်နှာ..ကျွန်တော်ကြည့်လိုက်တော့...သူ့မျက်ဝန်းမှာ....ရဲရင့်တဲ့အရိပ်အယောင်အပြင်...သူတိုက်ခဲ့တဲ့တိုက်ပွဲကို...အားမလိုအားမရဖြစ်နေတဲ့..ပုံရိပ်ယောင်တွေတွေ့နေရတယ်....
ကျွန်တော်က...
"ဆရာရေ....စိတ်မပူနဲ့....အခုတပ်မတော်က..တန်ပြန်ဒရုံးနဲ့ချေမှုန်းဖို့...ဒရုံးတွေ...ရောက်နေပြီဗျ...အဲ့တာတွေနဲ့ဆော်တော့မှာ...”.....
အဲ့လိုလေးလဲပြောလိုက်ရော...ဘေးနားက...ပါးမှာချုပ်ထားတဲ့ဒဏ်ရာ....လက်မောင်းမှာ..စတီးရိုးထည့်ထားတဲ့....ဆရာကြီးက....

"..တစ်ကယ်လားညီလေး....တန်ပြန်ဒရုံးတွေနဲ့သာဆို
ဒီမသာတွေ...အလောင်းတောင်လိုပုံမှာဟေ့....အနာတွေမြန်မြန်ပျောက်ကွာ....နောက်တစ်ပွဲလောက်..ထပ်နွှဲချင်သေးတယ်...”

စိတ်ဓာတ်.....စစ်သားကောင်းစိတ်ဓာတ်....နည်းပညာနည်းနည်းလေးလစ်ဟာမှုကြောင့်...သူတို့တွေထိခိုက်ဒဏ်ရာရလာသော်လည်း....စစ်သားပီသမှုစိတ်ဓာတ်ကတော့သြချမကုန်....

အာဂသတ္တိရှင်များ
အာဂသတ္တိရှင်များ......
အာဂသတ္တိရှင်များ..........
....
......
.......
...

Post a Comment

Previous Post Next Post