မြန်မာပိုင်နက်ကိုအသုံးပြုပြီး အိမ်နီးနားချင်းနိုင်ငံတွေရဲ့ လူမူစီးပွားဘဝကို ထိခိုက်နှောင့်ယှက်စေမဲ့ မည်သည့်လုပ်ငန်းမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

❝မြန်မာပိုင်နက်ကိုအသုံးပြုပြီး အိမ်နီးနားချင်းနိုင်ငံတွေရဲ့ လူမူစီးပွားဘဝကို ထိခိုက်နှောင့်ယှက်စေမဲ့ မည်သည့်လုပ်ငန်းမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား❞

       ≋လောက်ကိုင်မြို့အတွင်းမှာ MNDAA သောင်းကျန်သူတွေက တရုတ်နိုင်ငံသားတချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာတယ်ဟုဆို≋ 



❛မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်အနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမြေကို မြန်မာနိုင်ငံနိုင်ငံပိုင်နက်ကို အသုံးပြုပြီး မိမိရဲ့ အိမ်နီးနားချင်းနိုင်ငံတွေအပေါ်မှာ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွား၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ တည်ငြိမ်မှုကို၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ လူမူစီးပွားဘဝကို ထိခိုက်နှောင့်ယှက်စေမဲ့ မည်သည့်လုပ်ငန်းမျိုးကိုမှ လက်ခံမှာ မဟုတ်ပါဘူး❜ လို့ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ပတ်သက်လို့ ပုံမှန်ရှင်းလင်းထုတ်ပြန်ပေးနေတဲ့ ကဏ္ဍကနေ မနေ့က (ဒီဇင်ဘာ ၃၀ ရက်) ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် လောက်ကိုင်မြို့အတွင်းမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက်နေရာယူပြီး လူနေအဆောက်အဦး တွေကနေ တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခက်တာတွေ နေ့စဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ၎င်းကထည့်သွင်းပြောကြားခဲ့သလို မြို့တွင်းမှာ MNDAA တချို့ဟာ ယူနီဖောင်းနဲ့ရော အရပ်ဝတ်နဲ့ပါ နေထိုင်ပြီးတော့ တရုတ်နိုင်ငံသားတချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Read More... https://telegra.ph/Myanmar-Hard-Talk-12-31-5

Post a Comment

Previous Post Next Post