ဘာတွေကို ထောက်ထားစရာလိုလို့လဲ


MNDAA အနေနဲ့ ၂၀၀၈ ခြေဥအတိုင်းမသွားချင်ရင် မြို့သိမ်းစစ်ပွဲ ဆင်နွှဲတာဟာ အကျိုးမရှိဘူးဆိုတာ ဒီအခြေအနေကိုကြည့်ရင် သဘောပေါက်သင့်ပြီ။ စစ်ပွဲကို နိုင်မှ ဖြစ်မယ်၊ နိုင်ငံရေး ဆွေးနွေးဖို့ မလိုဘူးဆိုရင်တော့ အဆုံးတိုင် တိုက်ခိုက်ကြပေါ့။ ရွေးချယ်စရာမှ မရှိပဲ။

နှစ်နိုင်ငံ နယ်စပ်တွေမှာ Buffer Zone ခံဖို့ မြောက်ပိုင်း အဖွဲ့တွေကို တရုတ်မွေးထားတယ်ဆိုတာ လူတိုင်းသိနေတာပဲ။ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်မပါဘူးလို့ ဘယ်လို ပြောပြော ။ အစိုးရဘက်မှာ တရုတ် ရှိနေသယောင်ယောင်နဲ့၊  ဒီအခြေအနေကို ဖုံးပြချင်လို့ ကိုအောင်နိုင်ဦးတို့ အဆိုပြန်ပြုတဲ့ ကျောက်ဖြူ စီမံကိန်းကိုတောင် တရုတ်က လိုလိုလားလား ပြင်ဆင်ချုပ်ပြတယ်ဆိုရင်တော့  ....စစ်ပွဲမှာ  ကိုယ်က တဖန်ပြန်ပြီး စစ်ရေးအရ  ဖိကစားနိုင်အောင် ကြိုးစားပြရမှာပဲ။

တိုင်းရင်းသား Autonomy ပျောက်အောင် ဗမာ လူမျိုးဆိုရင် ကိုးကန့်နယ်က ကန်ထုတ်တယ်။ နိုင်ငံတော်အလံကို ခွေးကိုခြုံပေးတယ်။ ပြည်ထောင်စု စနစ်ကို မလိုလားဘူး။ တရုတ်စာနဲ့ တရုတ်ငွေကြေးပဲ ဒီဒေသမှာ သုံးရမယ်ဆိုရင်တော့...ဘာတွေ အားနာစရာ လိုသေးလဲလို့ပဲ မေးရမှာပဲ။

နရီမိုး

Post a Comment

Previous Post Next Post