(ဗမာတွေပူးပေါင်းတော့မလား)


တရုတ်ကျူးကျော်စစ်ဖြစ်လာနေတဲ့ ရှမ်းမြောက်အရေးကြောင့် ဗမာတွေ ပူးပေါင်းဖို့အချိန်သင့်ပြီလို့ အညာ PDF တွေက တိုင်ပင်လာတယ်လို့ သိရတယ်။
-
တစ်နေ့က ကိုးကန့်Tရုတ် MNDAA က ဘုရားစေတီပုံကို ဖျက်ဆီးနေတဲ့ပုံ လိုင်းပေါ်မှာ တက်လာတော့  ရေဦး၊ ခင်ဦး၊ ကန့်ဘလူ၊ ဒီပဲယင်းဘက်က PDF တွေ တော်တော်လေး စိတ်နာကုန် ကြတယ်တဲ့။
-
အဲဒီမူဗီဖိုင်ကို ကြည့်ပြီးဗိုလ်နဂါး တောင် သူ့တပည့်တွေကိုပြောတယ်ဆိုပဲ။ ဒါဟာ Tရုတ်ကျူးကျော်စစ် ဖြစ်ရုံ မကဘဲ တို့ဗမာလူမျိုးတွေကိုးကွယ်တဲ့ ဘာသာသာသနာကိုပါ ဖျက်ဆီးပစ်နေတာမို့ တို့ဗမာတွေ စဉ်းစားရတော့မယ်လို့ ဗိုလ်နဂါးနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်ကတဆင့် သိရတယ်။
-
ဒါကို BPLA ကတဆင့် ပြန်ကြားသိခဲ့တဲ့ Tရုတ် ကိုးကန့် MNDAA ဟာ ချက်ချင်းဆိုသလို လိုင်းပေါ်စာထုတ်ပြီး အရေးယူပေးမယ်ဆိုကာ ပြန်တောင်းပန် ထားပါတယ်။ သဘောကတော့ ဗမာတွေ ပူးပေါင်းသွားမယ်။ စည်းလုံးသွားမယ်ဆိုရင် သူတို့ စစ်ရှုံးမှာ သိနေလို့ပဲ။
-
ဗမာတွေ ပူးပေါင်းမှာကို EAOs တွေ တော်တော်ကြောက်ကြပါတယ်။ အခုဆိုရင် ကရင်ထဲရောက်နေတဲ့ PDF ဗမာစစ်ကြောင်းတွေကို ခွဲထုတ်ကာ KNLA တွေအောက် ကို ၂၀ စီ ပို့ပစ်လိုက်တာမို့ ကရင်ထဲက ဗမာ PDF တွေလည်း မကျေမနပ် ဖြစ်နေကြတယ်လို့ သိရတယ်။
-
ဗမာတွေ ပူးပေါင်းမယ်ဆိုရင် ဝမ်းသာဂုဏ်ယူစရာပါ။
-
သမိုင်းမှာ ဂါမဏိ အားကိုးနဲ့ Tရုတ်ရဲ့ ကျူးကျော်လာမှုကို မွန်သူရဲကောင်း သမိန်ဗရမ်း က စီးချင်းထိုးပြီး အနိုင်ယူခဲ့တာကို သတိရမိတယ်။
-
အရေးကြီးရင် သွေးစည်းကြောင်းကို ပြခဲ့တဲ့ သမိုင်းသက်သေပေါ့။
-
ဒီအချိန်မှာ ဗမာလည်း ပူးပေါင်းဖို့လိုသလို မြန်မာဆိုတဲ့ ပြည်ထောင်စုတိုင်းရင်းသားအားလုံးလည်း ပူးပေါင်းပြီး ပြည်ပကျူးကျော်စစ်ကို တိုက်ခိုက်ရမယ့် အချိန်ကောင်းလည်း ဖြစ်ပါတယ်။

Crd:အောင်နိုင်သူ(ဇွဲကပင်)

Post a Comment

Previous Post Next Post