❝ ရှမ်းမြောက်အရေးမှာ အနားနဲ့ဆေးတည့်ဖို့လိုနေ...❞XXXXXXXXXXXXXXXXX


“ကူမင်း” တတိယအကြိမ်ဆွေးနွေးပွဲ
ပျက်တယ်ဆိုတဲ့ အသံတွေ ကြားရတယ်။
လောက်ကိုင်ရသွားပြီးတဲ့နောက်မှာ.....
ရန်သူ့စစ်ရေးရည်မှန်းချက်က
“လားရှိုး” ဖြစ်လာတာတွေ့ရတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ....
ကိုးကန့်ဆိုတာ ပြည်ထောင်စုရဲ့
အစိတ်အပိုင်းတစ်ခုလို့သာ ဆိုခဲ့ပေမဲ့
ပြည်မထိ ရောက်လာတာတော့
မေးစရာမေးခွန်းဖြစ်လာတယ်။
-------------
ကျားဖြန့်ကို ဦးတည်ရှင်းလင်းဖို့ဆိုပြီး
တရုတ်လိုလားချက် ကာဗာယူခဲ့တဲ့
MNDAA ရဲ့ မူလလိုလားချက်က...
ကိုးကန့်ဒေသ ပြန်လည်ရရှိရေးအတွက်ပဲ။
ခက်တာက....
ရန်သူက တိုက်တိုင်းနိုင်တယ်...။
လုပ်တိုင်းဖြစ်နေတော့....
မူလ ရည်မှန်းချက်ထက်ပိုလာကြတယ်။
ကွတ်ခိုင်-မူဆယ်လမ်းပိုင်းကို ထိမ်းနိုင်ရင်..
လားရှိုးကိုသာ ရခဲ့ရင်...
တရုတ်-မြန်မာစီးပွားရေးစင်္ကြံမှာ
အပေါ်စီးက စကားပြောလို့ရသွားပြီ။
----------
နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့...
ဘယ်လိုအကြောင်းအရာတွေပဲ
ဆွေးနွေးကြပါစေ...
အားသာတဲ့အဖွဲ့အစည်းက...
အပေါ်စီးက ဆက်ဆံကြမှာပဲ။
ကိုယ့်ဘက်က ဘယ်လို အားသာအောင်...
ဘယ်လို ခွန်အားကြီးအောင် ....
ပြန်လုပ်မလဲဆိုတာ အဓိက ဖြစ်လာတယ်။
----------
အစိုးရဘက်ကြည့်ပြန်တော့....
တဖက်မှာ.....
စီးပွားရေးနလန်ထူဖို့ ကြိုးစားရတယ်။
မလုပ်မဖြစ်တဲ့ ရွေးကောက်ပွဲကိစ္စတွေ။
စက်သုံးဆီ၊ စားဆီကိစ္စတွေနဲ့
တိုင်ပတ်နေတာ တွေ့ရတယ်။
တပ်မတော်လည်း အလားသဏ္ဍန်တူပဲ။
အရေးအခင်းဖြစ်ကတည်းက
လုံခြုံရေးတွေ၊ စစ်ဆင်ရေးတွေနဲ့
အနားမရကြသေးဘူး။
ပင်ပန်းကြတယ်ဆိုတာထက်...
စိတ်ရော၊လူရော Fresh မဖြစ်ကြတော့ဘူး။
----
ဒီရှမ်းမြောက်စစ်ပွဲက
ကိုးကန့်ဒေသတစ်ခုတည်းလွှမ်းခြုံတဲ့
အကန့်စစ်ပွဲမျိုး မဟုတ်တော့ဘူး။
ရန်သူက ..ဖက်ဒရယ်ကြောင့်
တိုက်နေတာမျိုးမဟုတ်တော့ဘူး။
ဆွေးနွေးပွဲတစ်ခုတည်းက
အဖြေမဟုတ်ဘူးဆိုတာ
တဖြည်းဖြည်း သိသာနေခဲ့ပြီ။
စစ်ဘောင် က ကျယ်လာပြီ။
ရန်သူ့နယ်မြေက ပိုပြီးလွှမ်းခြုံလာပြီ။
အစိုးရရဲ့အုပ်ချုပ်ရေးအာဏာစက်တွေ
ပျက်ယွင်းကုန်ပြီ။
------------
ဟိုပန်ကို MNDAA က
“ဝ”ကိုလက်ဆောင်ပေးလိုက်ကတည်းက....
ကျားဖြန့်နဲ့ ပတ်သက်တဲ့
“ဝ”ခေါင်းဆောင်တွေကို
“ဝ”တပ်ဖွဲ့ထဲက ထုတ်ပယ်တယ်ဆိုပြီး
စည်းကန့်ပြလိုက်ကတည်းက....
ဆွေးနွေးပွဲ အဖြစ်လုပ်ပြပြီး
မြို့တွေ အသိမ်းခံနေကတည်းက...
၁၀၂၇ စစ်ဆင်ရေးဟာ မရိုးသားတော့တာ
သေချာနေခဲ့ပြီးပြီ။
မှန်ကန်မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေ...
စည်းလုံးညီညွှတ်မှုတွေ...နဲ့
အဖြေရှာတွေ့နိုင်ပါစေ....
အချုပ်အခြာကို ကာကွယ်နိုင်ပါစေလို့ပဲ

ဆုတောင်းပါတယ်...။ ။ ။


(နရီမိုး)

Post a Comment

Previous Post Next Post