ကျေးဇူးတရားနှင့်ရခိုင်


(၁) ARSA တွေလာတိုက်ခိုက်တော့ ကာကွယ်ပေးခဲ့တာ တပ်မတော်
(၂) ဘင်ကိစ္စတွေရှုပ်ထွေးခဲ့တုန်းက ရှင်းပေးခဲ့တာ တပ်မတော်
(၃) နှစ်စဉ်နှစ်တိုင်း မုန်တိုင်းတိုက်ခံရတော့ ကူညီပေးခဲ့တာ တပ်မတော်
(၄) အနီးစပ်ဆုံး မိုရ်ခါမုန်တိုင်း ဝင်မယ်ဆိုတော့ မဝင်ခင်ရော ဝင်ရောက်ပြီးခဲ့ချိန်ရော တစ်နိုင်ငံလုံးအင်အားအကုန်သုံးပြီးကူညီခဲ့တာ တပ်မတော်
မဲလိမ်မဲခိုးဖြစ်စဉ်ကြောင့် တပ်မတော်က အာဏာထိမ်းဖြစ်စဉ်ဖြစ်ခဲ့တုန်းက ရခိုင်ပြည်နယ်မှာ အနီကြောင်မရှိသလောက်ဆိုတော့ တစ်နိုင်ငံလုံး အအေးချမ်းဆုံးနေရာဖြစ်ခဲ့တာ ရခိုင်ပြည်နယ်ပါ။ ဒါပေမယ့် လူမျိုးရေးသပ်လျှိုမှုတွေ သူရဲကောင်းကိုးကွယ်မှု မင်းလောင်းတဘောင် ယုံကြည်သက်ဝင်မှုတွေကို အသုံးချပြီး ရခိုင်ပြည်နယ်သားတွေရဲ့ ရိုးသားဖြူစင်မှုကို အသုံးချအမြတ်ထုတ်ပြီး တပ်မတော်ကရှိခဲ့ဖူးတဲ့ ကျေးဇူးတရားတွေကိုမှမထောက် တပ်မတော်ကို သောင်းကျန်းသူနဲ့ပေါင်းပြီး တော်လှန်နေတာ ခင်ဗျားတို့လိပ်ပြာလုံကြရဲ့လားဗျာ။ သကသ တွေကိုထောက်ခံအားပေးနေတာ လိပ်ပြာလုံကြရဲ့လား? လို့ပဲ မေးလိုက်ချင်ပါတယ်။
မြန်မာတိုင်းရင်းသားတွေရဲ့ "ကျေးဇူးသိတတ်ခြင်း" ဆိုတဲ့ တရားသည် ရခိုင်ပြည်နယ်တွင် နေဝင်သလိုပျောက်ကွယ်ခဲ့ပါပြီ။

Post a Comment

Previous Post Next Post