သည်းခံနိုင်စွမ်းဘောင်ကိုကျော်လာခဲ့ကြပြီးပြီ...

ထိပ်ဖူးအတွင်း ယမ်းပြင်းကို အချိုးချရော စပ်ထားတဲ့ လောင်စာနှင့်ပြင်ပလေထိတွေ့တဲ့အခါ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပေါ်လာပြီး ထိုပေါက်ကွဲမှုကနေ ပြင်းထန်တဲ့ အပူ လှိုင်းနှင့် ဖိအားသက်ရောက်မှုကိုရရှိစေတဲ့ ပေါင်(၁၀၀၀)အလေးချိန်ရှိ FAE Bomb အမျိုးအစားကို Yak-130 မှာ (၄) လုံးအထိ ချိတ်ဆွဲပျံသန်းစစ်ဆင်နိုင်ပါတယ်။ 

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားက ပေါက်ကွဲမှုဧရိယာတစ်ဝိုက်လုံးဝပြားပြား ဝပ်သွားစေသလို အပူလှိုင်းကလည်း ပေါက် ကွဲမှုဧရိယာတစ်ဝိုက်မှာ အကုန်လောင်ကျွမ်းပြာကျသွားစေမှာဖြစ်ပါတယ်။ အနောက် အုပ်စုကတော့ FAE Bombs တွေကို အလွန်ရက်စက်တဲ့ Thermobaric Bombs အုပ်စုဝင်အဖြစ် သတ်မှတ်ခေါ်ဆိုကြပါတယ်။ 
အဆိုပါဗုံးကို ပဲ့ထိန်းလမ်းညွှန်စနစ်တပ်ဆင်ပေးလိုက်တဲ့အခါ ပစ်မှတ်နဲ့လွဲချော်နိုင်မှု (၁၃)ပေကနေ (၂၂)ပေအတွင်းသာရှိပြီး တိကျမှုမြင့်မားလာခဲ့ပါတယ်။ ပစ်မှတ်ကို (၁၀)ကီလိုမီတာအထက်အကွာအဝေးကနေ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့အတွက် ရန်သူ့ရဲ့လေကြောင်းရန်လက်နက်စနစ်များနဲ့တန်ပြန်ပစ်ခတ်ခြင်းမှလည်း ရှောင်ရှားနိုင်စွမ်းရှိလာခဲ့ပါတယ်။

ဗုံးတစ်လုံးထဲက မထိရောက်ဘူးလို့ယူဆရင် (၄)လုံးတစ်သုတ်ပစ်လွှတ်မှုဒဏ်ကိုတော့ ခံနိုင်စွမ်းရှိဖို့ မလွယ်လှပါဘူး။ ဗီယက်နမ်စစ် ပွဲမှာ ဗီယက်ကောင်းတွေကို ဒုက္ခပေးသွားတာက ဝေဟင်ကနေကြဲချတဲ့အမေရိကန်ရဲ့ပဲ့ထိန်းမဲ့ FAE Bomb တွေပဲဖြစ်ပါတယ်။
အုံနဲ့ကျင်းနဲ့ကို tay တာပါ။ တစ်ချိန်ထဲမှာ ဒဏ်နှစ်မျိုးနဲ့ခံစားပြီး tay ရတဲ့အတွက် သမားရိုးကျထဲမှာ ရက်စက်တဲ့ဗုံးအမျိုးအစားအဖြစ် သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။

တစ်ခုထဲသော အားနည်းချက်က ပဲ့ထိန်းလမ်းညွှန်စနစ်ပါတဲ့အတွက် စျေးကြီးသွားရခြင်းပဲဖြစ်ပါတယ်။ အင်အားရာချီဝိုင်းတိုက်နေတဲ့ ဧရိယာတစ်ကျောကို ကြဲချလိုက်ရရင်တော့ဖြင့် မီးကင်ထားတဲ့ကြက်ကို ကားတတက်ကြိတ်ထားတာကမှ ရုပ်ထွက်လှပါ
လိမ့်အုံးမယ်။

ဘယ်သူကိုမှ ဂရုမစိုက်ဘဲ နိုင်ငံအတွက် လိုအပ်လို့ အာဏာထိန်းပြခဲ့ပြီးပြီ။

အခုလည်း သည်းခံနိုင်စွမ်းဘောင်ကို
ကျော်လာခဲ့ကြပြီးပြီ။

တစ်နေ့ တစ်နေ့ 
ဘယ်ကုန်း၊ ဘယ်စခန်းကတော့ 
ဘယ်လို ခုခံနိုင်နေဆဲ။ 

ဘယ်ကုန်း၊ ဘယ်စခန်းကတော့ 
ကျသွားပြီ။
ဒါတွေကြီးပဲ မြင်နေရတာ 
လုံလောက်ပြီလို့ထင်တာပဲ။

crd***original post
#JBT

Post a Comment

Previous Post Next Post