သွေးမကြောင်တဲ့ …. ငါတို့မြန်မာ



မနက်က သတင်းတွေတက်နေတယ်။ ကွတ်ခိုင်၊ သန္ဒီ မှာ ရန်သူဟာ အင်အား အမြောက်အမြားနဲ့ ဆက်တိုက်စစ်ဆင်နေတယ်တဲ့
ဒီကြားထဲ ရခိုင် ပလက်ဝ ဘက်မှာလဲ တိုက်ပွဲတွေပြင်းထန်နေတယ်
မြန်မာလိုတစ်လုံးမှမပြောတဲ့ ကောင်တွေက မြန်မာပြည်ကြီးမြေပုံကိုဖဲ့ယူဖို့ ကြံလာသတဲ့လေ
တပ်မတော်ဟာ တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ရန်သူ အဖွဲ့ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်
၂၀၂၁ ဖေ ၁ ကတည်းက မနားရတဲ့ တပ်တွေ ခုချိန်ထိလဲ မနားကြရသေးတဲ့အတွက် စစ်အောင်ဖို့အတွက် စစ်ပန်းတာကလဲ အခက်အခဲတစ်ခုဖြစ်တယ်
ဒါပေမဲ့ ဒါတွေကို ပြောပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်နေတာက အဖြေမဟုတ်ဘူး
မြန်မာပြည်မြေပုံကို မြန်မာလိုတစ်လုံးမှမပြောတဲ့ ရန်သူ့လက်ထဲ ပါမသွားအောင် ဘယ်လို ဆက်လုပ်ကြမလဲဆိုတာ အဖြေပဲ
သမိုင်းကြောင်းနဲ့ချီပြီးပြောရရင် အရှေ့မြောက် ဒေသဟာ ဟိုးယခင်ကတည်းက သွေးတိုးစမ်းလေ့ရှိတယ်
စာရေးသူ ခဏခဏရေးနေတဲ့ ဆင်ဖြူရှင် မင်းတရားလက်ထတ်ကဆို သောင်းနဲ့ချီတဲ့ မြန်မာတပ်တွေ မန္တလေး သုံးဆယ်နားထိကို ဆုတ်ခဲ့ရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဘုရင်ကိုယ်တော်တိုင် ထွက်တိုက်ပြီး ကာကွယ်ခဲ့ရတယ်
၁၉၅၀ ကာလတွေမှာ ကူမင်တန်နဲ့ ဘတပြန် ကျားတပြန် ပဲ
၁၉၆၀ အလွန်ကာလ ဗကပ တွေ အားကောင်းတဲ့ ကာလမှာလဲ အရှေ့မြောက် မှာ တပ်မတော်ဟာ အလူးအလဲ ကာကွယ်ခဲ့ရတယ်
ဆိုတော့ …. မြန်မာတွေဟာ သွေးမကြောင်ပါဘူး။ တိုင်းပြည်ဆိုတဲ့ စိတ်နဲ့ စစ်နိုင်ငံတော် မရရအောင်ထူထောင်ခဲ့ကြတာပဲ
ခုလဲ …. ခေတ်သစ် ဒရုန်းစစ်ဆင်ရေးနဲ့ အင်အား သောင်းချီတဲ့ ရန်သူဟာ အရှေ့မြောက် ကို ရန်စပြန်ပြီ။
လောက်ကိုင်၊ ချင်းရွှေဟော်၊ တာရွှေထန်၊ ကုန်းကုမ်း၊ ကွမ်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ မြို့တွေ ခေတ္တဆုတ်ခွါပေးလိုက်ကြရပေမဲ့ ကျွန်တော်တို့ အချိန်မှီပါသေးတယ်
လောက်ကိုင် က လက်နက်ချတဲ့ မူဗီထဲက စစ်သည်တွေရဲ့ မျက်နှာမှာ မခံချင်စိတ်တွေ ဒေါသတွေမြင်နေရသေးတယ်
ဒါကြောင့် တပ်မတော်သားတွေစိတ်ထဲ အရှုံးပေးတဲ့ စိတ်တွေမကိန်းဝပ်သေရဘူးဆိုတာ အကြွင်းမဲ့ ယုံကြည်တယ်
အွန်လိုင်းမှာရော ပြင်ပမှာပါ နိုင်ငံတော်ကိုချစ်တဲ့ ပြည်သူတွေရဲ့ ဒေါသတွေ ပေါက်ကွဲသံတွေကိုလဲ ကြားနေရတယ်
တပ်မတော်အကြီးအကဲနဲ့ အမိန့်ပေးအဖွဲ့အနေနဲ့ ဒီ အင်အားတွေကို အမြန်ဆုံးအသုံးချပြီး ရန်သူ့ ထိုးစစ်ကိုရိုက်ချိုးပြီး တန်ပြန်တိုက်စစ်စမဲ့အချိန် ကိုလဲ အမြန်ရောက်ဖို့ မျှော်လင့်ပါတယ်
“အကြမ်းဆုံးအဆင့် …. အမြင့်ဆုံးတန်ပြန်ဖို့ ဆောင်ရွက်ပေးပါ” လို့တင်ပြပါတယ်ခင်ဗျ
“သွေးမကြောင်တဲ့ .. ငါတို့မြန်မာ
သင်းနိုင်ငံသား သင်းသူပုန်များလက်ထဲ
နိုင်ငံတော်ရဲ့ အစိတ်အပိုင်းကိုအရောက်မခံပါ
တရားသော ငါတို့ဟာ အဆုံးမှာ အနိုင်ရမှာပါ”
မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post