တွေး လေ လေ လေ


မြောက် ပိုင်း စစ် မှာ အ ပစ် ရပ် စဲ ပြီ လို့ ဆို တယ် ။

တ ရုတ် ရဲ့ စေ့ စပ် ပေး မှု ( အ မိန့် ) ကြောင့် လို့ လည်း သိ ရ တယ် ။

လက် ရှိ နေ ရာ မှာ အ ကုန် ရပ် ပြီး အ ပစ် ရပ် ဖို့ သ ဘော တူ တာ လို့ လည်း ဆို တယ် ။

အ ပစ် ရပ် တာ တ ရုတ် ကုန် သွယ် ရေး ရှိ တဲ့ မူ ဆယ် လား ရှိုး မ န္တ လေး လမ်း ကြောင်း နဲ့ သက် ဆိုင် တဲ့ ဒေ သ ပဲ ဖြစ် ပြီး မြောက် ပိုင်း စစ် မှာ ပါ တဲ့ AA နဲ့ ဖြစ် နေ တဲ့ ရ ခိုင် ဖက် တော့ မ ပါ ဘူး ။

နောက် ပိုင်း ဘာ တွေ ဆက် လုပ် ကြ မ လဲ မ သိ ပေ မယ့် ရှမ်း ပြည် မြောက် ပိုင်း ကို လား ရှိုး သာ ချန် ပြီး အ ကုန် တ ရုတ် လက် ဝေ ခံ တွေ ကို ပေး လိုက် ရ သ လို ဖြစ် သွား တယ် ။

တ ရုတ် ကုန် သွယ် ရေး လမ်း ကြောင်း တွေ ပြန် ဖွင့် မယ် လို့ လည်း ဆို တယ် ။ မူ ဆယ် လား ရှိုး လမ်း ကြောင်း ပြန် ဖွင့် မယ် ပေါ့ ။ တ ရုတ် လက် ဝေ ခံ တွေ ချိုး ထား တဲ့ သိ န္နီ တံ တား တို့ သီ ပေါ တံ တား တို့ မြန် မာ နိုင် ငံ သား တွေ အ ခွန် ငွေ နဲ့ ပြန် ဆောက် ရ မှာ ပေါ့ ။

တ ရုတ် နိုင် ငံ ကုန် စည် စီး ဆင်း ဖို့ လမ်း ကြောင်း နဲ့ BRI လမ်း ကြောင်း ကို ထိမ်း ဖို့ မြောက် ပိုင်း ဒေ သ တွေ ကို တ ရုတ် လက် ဝေ ခံ လက် နက် ကိုင် တွေ ဆီ အ ပိုင် စား ပေး ဖို့ မြန် မာ နိုင် ငံ အ စိုး ရ အ ချုပ် အ ခြာ အာ ဏာ ဖဲ့ ပေး လိုက် ရ သ လို ခံ စား ရ တယ် ။

ထပ် တွေး မယ် ။

အ ခု အ ပစ် အ ခတ် ရပ် တာ မြောက် ပိုင်း ပဲ ဆို တော့ ကျန် တဲ့ ဒေ သ တွေ မှာ ဆက် ပစ် နေ ကြ လို့ ရ တယ် ပေါ့ ။

မြောက် ပိုင်း ကို စစ် ကူ သွား လို့ အင် အား နည်း နေ တဲ့ နေ ရာ တွေ ကို မြောက် ပိုင်း မှာ စစ် မ ဖြစ် တော့ ဘူး ဆို တော့ အဲ့ ဒီ က သူ ပုန် တွေ ရ ခိုင် တို့ ၊ စစ် ကိုင်း တို့ ၊ က ရင် တို့ ၊ က ယား တို့ မှာ သွား ပူး ပေါင်း ခွင့် ရ သွား တာ ပေါ့ ။

ဒါ ဆို တ ရုတ် ရဲ့ အ ပစ် အ ခတ် ရပ် စဲ စေ တာ ရိုး မှ ရိုး ရဲ့ လား ။

မြောက် သုံး ဖွဲ့ မှာ ကိုး ကန့် နဲ့ TNLA က နေ ရာ အ ပိုင် ရ သွား ပြီး AA က နေ ရာ မ ရ ဘူး ။ သုံး ဖွဲ့ တိုက် တာ ၂ ဖွဲ့ ရ ပြီး တစ် ဖွဲ့ မ ရ ဘူး ဆို ကျေ နပ် မှာ မ ဟုတ် ဘူး ။ ဒီ တော့ AA အ တွက် ကိုး ကန့် နဲ့ TNLA က ပြန် လုပ် ပေး ရ အုံး မှာ ပဲ ။

တ ရုတ် က သူ့ BRI အ တွက် ရ ခိုင် ဒေ သ ကို လည်း အ ခု မြောက် ပိုင်း လို လုပ် ထား ဖို့ တွေး မှာ ပဲ ။

တစ် မျိုး ထပ် တွေး ကြည့် အုံး မယ် ။

သိမ်း ထား တဲ့ မြောက် ပိုင်း ကို ငါ တို့ ထိမ်း ပေး ထား မယ် မင်း တို့ ကျန် တဲ့ နေ ရာ တွေ ရ သ လောက် ဆက် ယူ ကြ အုံး ဆို ပြီး လုပ် ပေး လိုက် တာ ဆို တဲ့ ရှု့ ထောင့် က တွေး ကြည့် ရင် ကော မ ဖြစ် နိုင် ဘူး လား ။

နှစ် နိုင် ငံ ချစ် ကြည် ရေး အ ရ အဲ့ လို မ တွေး တော့ ပါ ဘူး ။

ကိုယ် တွေ ဖြတ် သန်း လာ တဲ့ တစ် လျှောက် မြန် မာ နိုင် ငံ အ ပေါ် တ ရုတ် တို့ မီး စ တစ် ဖက် ရေ မုတ် တစ် ဖက် နည်း နဲ့ ဆက် ဆံ တာ ကို ပဲ တွေ့ ခဲ့ ရ တယ် ။ အ ခု ကိ စ္စ လည်း စောင့် ကြည့် ရ လိမ့် အုံး မ ပေါ့ ။

အ ချစ် နဲ့ စစ် က နိုင် ဖို့ အ ဓိ က ပဲ ။ နိုင် တဲ့ သူ ရ မှာ ပဲ လေ ။

တွေး ကြည့် လေ လေ စိတ် လေ လေ ပဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၂ ၊ ၁ ၊ ၂၀၂၄

                                     မိုး တင့် ဆွေ
                                   ၁၂ ၊ ၁ ၊ ၂၀၂၄
                                     သော ကြာ ။

Post a Comment

Previous Post Next Post