ဘိန်းစားသူပုန်နဲ့တော့ဒို့သမိုင်းအရိုင်းမခံနိုင်ဘူး


ပြန်တွေးတိုင်း တောက်တခက်ခက်နဲ့
ဒေါသဖြစ်လို့ မဆုံးဘူး။တစ်သက်လုံး
စစ်တိုက်စားလာတာ ၊ ပလောင်ဆိုတဲ့
သူပုန်က တိုက်ပွဲဖြစ်ရင် ၁၅ မိနစ်မခံ
ဘူး။ပြေးနေကြ၊ ကိုယ်တိုင် ကွတ်ခိုငိ
နောက်ကျော ကျောင်းပြင်ရွာ တိုက်ပွဲ
မှာ ရခဲ့တဲ့ TNLA အလောင်းတွေ ကို
ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လို့
မင်းတို့ အောင်မြင်မှု ကို ချီးကျူး
ဂုဏ်ပြုတင် မလို့ ၊ ချီးကျူးဂုဏိပြု
မရဘဲ အရေးပါ ခံယူလိမ့်မယ် ဆိုပြီး
ပြောလာလို့ ဖြုတ်ချပေးခဲ့ရဖူးတယ်။

အဲဒီတုန်းက အမှတ်ရမိတာက
တိုက်ပွဲအောင်မြင်လို့ အထက်ဌာန
ဆက်သွယ်တော့ အောင်မြင်မှုကို
မမေးသေး ဘဲ ရွာထဲမှာ တိုက်ပွဲ ဖြစ်
လို့ ရွာသားတွေ ထိခိုက် သေဆုံးမှု
မရှိကြောင်းနဲ့ ရွာထိခိုက်မှု မရှိကြောင်း
အရင်ဆုံး အာမခံချက်ပေးပါတဲ့။
စိတ်ထဲမှာ ကသိကအောက် ဖြစ်ပေမဲ့
အာမခံချက် ပေးခဲ့ပါတယ်။

ဘုန်းကြီးကျောင်းသွားရှင်း ရင်
အလောင်းအလက်တွေ ရနိုင်သေး
ပေမဲ့ ဘုန်းကြီးကျောင်းရှိ ရဟန်း
တွေ နဲ့ ကိုရင်တွေ ထိခိုက်မှု ရှိမှာစိုး
လို့ သွားမရှင်းခဲ့ဘူး။ဒါကြောင့် ချက်ချင်း
ဆိုသလဲ ကြည်း ----  ကျွန်တော်အာမခံ
ပါတယ်။ ရွာထဲမှာ တစ်စုံ တစ်ခု ထိခိုက်
ပါ က အရေးယူခံပါမယ်လို့ တင်ပြခဲ့
ပါတယ်။

ဆိုတော့ ပြောချင်တာ က ကျွန်တော်
တို့ စစ်တိုက်တာ ဟာ ဂျီနီဗာကွန်ဗေးရှင်း
အညီ စစ်တိုက်ခဲ့တယ်။ အထက်ဌာန က
လည်း ဂျီနီဗာရှင်းကွန်ဗေးရှင်းနဲ့ အညီ
ကြပ်မတ်ပေးခဲ့လို့ မုံးပေါ် တိုက်ပွဲ မှာ
KIA တပ်ကြပ်ကြီးဇော်ခွမ် ကို မသတ်
ခဲ့ဘူး။ဥပဒေနဲ့ မူဆယ်မှာ တရားစွဲခဲ့တယ်။

အခုတော့ ဗျာ စစ်သုံ့ပန်း တစ်ယောက်
ကို လက်ထိပ်ခတ် သေနတ်ထောက်ပြီး
ကိုယ်ပြောချင် ဖြစ်စေချင်တာ ကို ခြိမ်း
ခြောက် ဝါဒဖြန့် ခိုင်းတာဟာ ဂျီနီဗာ
ကွန်ဗေးရှင်းနဲ့ လုံးဝ မညီတာကို သိပုံ
လည်း မရသလို ဗြောင်ဗြောင်တင်းတင်း
လည်း ချိုးဖောက်ပြီး မြန်မာပြည်သူ
တစ်ရပ်လုံးကို စော်ကားလိုက်တာ မို့
ဒီအကျိုးဆက်ကို ခါးခါးသီးသီပြန်ခံစား
ကြရမှာပါ။

အဲဒီအတွက်လည်း ဘယ်တော့ မှ
အစာမကျေ ၊ ကမ္ဘာမကျေဘူး။
ဘာကြောင့် ဒီလို ဖြစ်ရသလဲ မေးရင်
တော့ တရုတ်လုပ် ဒရုန်းတွေ
ဒရော့ ဗုံးတွေ ကြောင့် ဖြစ်ရတာ ။
ဒါတွေ ကို အချိနိမီ ပြင်ဆင်သွားရ
မယ်။

ကျွန်တော့် သဘော ကတော့ ရှင်းတယ်။

ရခိုင်တွေ ဒုက္ခ ရောက်လို့ ဆိုပြီး
မိုခါ မုန်တိုင်းအတွက် လည်း လှူခဲ့တာ
လည်း ကျေးဇူးမသိတဲ့ AA ကြောင့်
အဆိပ်ပင်ရေလောင်းသလို ဖြစ်ခဲ့ရ
ပြီးပြီ။ကိုဗစ်အတွက် လှူတော့ လည်း
ဘယ်သူမှ ကျေးဇူးမတင်ပါဘူး။

ဒါကြောင့် ဒီလို အဆိပ်ပင်ရေလောင်း
ခဲ့ရတဲ့ အလှူထက်စာရင် ကိုယ့်တပ်မတော်၊
ကိုယ့်တပ်မတော်သားတွေကို ပဲ ပြန်လှူပါ့မယ်။
တပ်မတော်နဲ့ တပ်မတော်သားတွေ ကို
လှူတာ နိုင်ငံတော်နဲ့ ပြည်သူကို လှူတာနဲ့
အတူတူပဲ လို့ ခံယူထားတယ်။

ဒါကြောင့် ဒရုန်းတွေ ဝယ်ဖို့ လိုအပ်လာရင်
လစာ တစ် လစာ လှူပါ့မယ်။ကျွန်တော့်
လို လှူမဲ့သူတွေ လည်း အများကြီးရှိနိုင်
သလို နိုင်ငံ ကို ချစ်တဲ့ လူငယ် လူရွယ်
တွေ ဟာ လည်း တပ်ထဲ ဝင်လာကြ
ပါလိမ့်မယ်။

ဒီဘိန်းစား သူပုန်လောက်နဲ့ တို့သမိုင်း
ကို အရိုင်းမခံနိုင်လို့ တန်ပြန်ဒရုန်း
စစ်ဆင်ရေး အတွက် လိုအပ် တာ
မှန်သမျှ ကို ပြည်သူတိုင်း က ဖြည့်ဆည်း
ပေးကာ ဒို့နိုင်ငံ ဒို့ သမိုင်း ကို အကောင်း
ဆုံး ကမ္ပည်းထိုးကြမယ်။

Crd:အောင်နိုင်သူ(ဇွဲကပင်)(12.1.24)
Admin(တောင်ပေါ်သား)

Post a Comment

Previous Post Next Post