တရုတ်မြန်မာဆက်ဆံရေး






သမိုင်းကြောင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့တရုပ်မြန်မာဆက်ဆံရေးဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလို ကောင်းလိုက်ဆိုးလိုက် ရှိခဲ့ကြပေမယ့် ဆွေမျိုး ပေါက် ဖော်ဆက်ဆံရေးမူကိုနှစ်ဘက်စလုံးက ကိုင်ဆွဲထားကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးကို ကြိုးစားတည်ဆောက်ခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီးမကြာမီ ချန်ကေရှိတ်တရုပ်ဖြူကူမင်တန်တပ်များကမြန်မာပြည်ကိုခြေကုပ်ယူပြီး ယူနန်နယ်ပြန်သိမ်းပိုက်ရေးလုပ်လာတဲ့အတွက် တရုပ်မြန်မာဆက်ဆံရေးထိခိုက်ခဲ့ရသလို ဗမာပြည်ကွန်မြူနစ်ပါတီကိုတရုပ်ပြည်ထဲမွေးထားပြီးလူလက်နက်ခဲယမ်းရိက္ခါအလုံးစုံထောက်ပံ့မှုနဲ့ထိုးစစ်ကြီးတွေဆင်နွှဲခဲ့တဲ့အတွက် ဆက်ဆံရေးပျက်ခဲ့တာတွေရှိခဲ့ပေမယ့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကမပျက်ခဲ့ပါဘူး။

နဝတ နယက ခေတ်မှာ တရုပ်မြန်မာဆက်ဆံရေးအထူးကောင်းမွန်ခဲ့ပြီး ဒီမိုကရေစီခေတ် အကူးအပြောင်း ပထမအစိုးရလက်ထက် မြစ်ဆုံစီမံကိန်း ရုတ် တရက် ရပ်ဆိုင်းလိုက်ချိန်ကစလို့ပြန် ဆုတ်ယုတ်လာပါတယ်။

ရုရှားကသူ့နယ်နမိတ် လုံခြုံရေးအတွက် ယူကရိန်းကိုနေတိုးထဲဝင်ခွင့်မပြုသလို တရုပ်ကလည်းသူ့နယ်နမိတ်လုံခြုံရေးအတွက် အမေရိကန်ဘက်အလုံးစုံရပ်တည်မယ့် မြန်မာအစိုးရပေါ်ပေါက်တာလက်ခံမှာ မဟုတ်ပါဘူး။

အမေရိကန်ကိုဘုံရန်သူလိုဖြစ်နေလို့သာ တရုပ်ရုရှား မဟာမိတ်ဖြစ်နေပေမယ့် သမိုင်း ကြောင်းအရကော အနာဂတ်မှာပါအင်အားကြီးနိုင်ငံနှစ်ခုအဖြစ်ပြိုင်ဘက်ဖြစ်လာကြအုံးမှာဖြစ်လို့ တရုပ်ကိုခြေကန်ပြီးရုရှားကိုအလုံးစုံအားကိုးတဲ့ပုံစံနဲ့အစိုးရမျိုးဆိုလည်းတရုပ်နဲ့အဆင်မပြေနိုင်ဘူးဆိုတာသတိပြုကြရမှာဖြစ်ပါတယ်။

မြန်မာပြည်တည်ငြိမ်အေးချမ်းရေးရဖို့ အိမ်နီးချင်းအင်အားကြီးတရုပ်နိုင်ငံနဲ့ဆက်ဆံရေးအဆင်ပြေဖို့လိုပါတယ်။အဆင်ပြေဖို့အတွက် လက်ဝေခံကို လိုနီနယ်တစ်ခုလို မဟုတ်ဘဲ အချုပ် အခြာအာဏာပိုင်နိုင်ငံချင်း တန်းတူဆက်ဆံရေးနဲ့နှစ်ဖက်စလုံးအကျိုးရှိတဲ့ ဆွေမျိုး ပေါက် ဖော်ဆက်ဆံရေး ဖြစ်အောင်ထိန်းထားနိုင်ဖို့ဆိုတာကတက်လာတဲ့အစိုးရအဆက်ဆက် ရဲ့နိုင်ငံရေးအရ လိမ်မာပါးနပ်ကျွမ်းကျင်စွာဆက်ဆံနိုင်မှု အပေါ်မှာသာမူတည်ပါတယ်။

#SitNyein

Post a Comment

Previous Post Next Post