တရုတ် လွှမ်းမိုးဖို့လုပ်လာပြီ


ခက်ထန်သော Wolf warrior diplomacy ကို ပြန်အသုံးပြုဖို့ တရုတ်သမ္မတ ရှီကျင်းဖျဉ် က ပြည်ပတရုတ် သံတမန်တွေကို ဒီဇင်ဘာ ၂၉ ရက်နေ့က တရားဝင် တိုက်တွန်းလိုက်တယ်။
-
Wolf warrior diplomacy is a style of coercive diplomacy adopted by Chinese diplomats during the Xi Jinping administration.
-
Wolf warrior diplomacy ဆိုတာ လက်ရှိသမ္မတ ရှီကျင်းဖျဉ်လက်ထက်မှာ ကျင့်သုံးလာတဲ့ " ( နိုင်ထက်စီးနင်းပြုသော ) အကြပ်ကိုင် သံခင်းတမန်ခင်း " လို့ wikipedia ထဲမှာ ဖော်ပြထားတယ်။
-
တရုတ်ရုပ်ရှင် Wolf warrior ရုပ်ရှင်နာမည်ကို ယူထားတာ။
-
တိန့်ရှောင်ဖိန့်တို့ ကျင့်သုံးခဲ့တဲ့ အငြင်းပွားမှုကို ရှောင်ရှားတဲ့ သံခင်းတမန်ခင်း အယူအဆနဲ့ ဆန့်ကျင်ဖက်လို့ ဆိုတယ် ။
-
Wolf warrior diplomacy is confrontational and combative, with its proponents denouncing any perceived criticism of the Chinese government, its ruling Chinese Communist Party (CCP), and associated policies on social media and in interviews, as well as using physical violence against protestors and dissidents. လို့လည်းဆိုတယ်။
-
အမှားလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ တစ်ယောက်သက်တမ်းအတွင်းမှာ တရုတ်ရဲ့ ကြီးထွားမှုနဲ့ မောက်မာမှုက မယုံနိုင်လောက်အောင် ပြောင်းလဲလာတယ်။
-
အမေရိကန်သမ္မတ Biden က အမှားများစွာ လုပ်ခဲ့ပါတယ်။
-
အာဖဂန်နစ္စတန်အရေး၊ ယူကရိန်းအရေး၊ အရှေ့အလယ်ပိုင်းအရေး၊ အင်ဒိုပစိဖိတ်အရေး၊ မက္ကဆီကို နယ်စပ်အရေး၊ အစ္စရေး ဟားမာ့စ်အရေး အစစ အမှားများခဲ့တယ်။
-
အစ္စရေးစစ်မှာ အစ္စရေးဖက်က မျက်စိမှိတ်ရပ်တည်ခဲ့တဲ့ကိစ္စကြောင့် အမေရိကန်ပြည်သူထောက်ခံမှုသမိုင်း တလျှောက် အနိမ့်ဆုံးအဆင့်ကို ရောက်လာတယ်။ ဒါကို သမ္မတက မီဒီယာတွေက အစ္စရေးစစ်ကို အမှန် အတိုင်း မဖော်ပြဘူးလို့ အပြစ်တင်တယ်။
-
သမ္မတရဲ့ အရာရာမှားယွင်းတဲ့ မူဝါဒတွေ ရပ်တည်ချက်တွေကြောင့် တရုတ်အဆမတန် ကြီးထွားလာခွင့် ရခဲ့တာ။
-
တရုတ်က ကွန်မြူနစ်အယူဝါဒ ကျင့်သုံးတဲ့ နိုင်ငံဖြစ်တယ်။ ကွန်မြူနစ်အယူဆိုတာ မတူညီတာတွေကို ညှိနှိုင်း ဆွေးနွေးတဲ့ ဒီမိုကရေစီဆိုတာနဲ့ ဆန့်ကျင်ဖက် သူနဲ့အမြင်မတူရင် နှိပ်ကွပ်တဲ့ သဘောကျင့်သုံးတယ်။
-
အဲ့လို ကွန်မြူနစ်နိုင်ငံက အကြပ်ကိုင်အနိုင်ယူမယ့် သံခင်းတမန်ခင်း ကျင့်သုံးမယ်ဆိုရင် ကမ္ဘာ့နိုင်ငံအားလုံး စိတ်ချမ်းသာရစရာမရှိနိုင်သလို ကမ္ဘာ့အာဏာရှင်စနစ် ဖြစ်ထွန်းလာစေမှာပဲ ဖြစ်တယ်။
-
မကြာခင်ရက်က မြန်မာနိုင်ငံ ကျောက်ဖြူစီမံကိန်း နောက်ဆက်တွဲစာချုပ် နေပြည်တော်မှာ တရုတ်တို့ လာချုပ်သွားတယ်။ တစ်ချိန်တည်းမှာ တရုတ်နောက်ခံပေးထားတဲ့ မြောက်ပိုင်းလက်နက်ကိုင်တွေနဲ့ မြန်မာနိုင်ငံ စစ်အကြီးအကျယ် ဖြစ်နေတယ်။
-
ဒါလည်း အကြပ်ကိုင် သံခင်းတမန်ခင်းရဲ့ သက်ရောက်မှုလားလို့ တွေးစရာ ဖြစ်လာတယ်။
-
တရုတ်က မြန်မာနိုင်ငံ ဘယ်အစိုးရကိုမဆို အလေးမထားပါဘူး။ အစိုးရတိုင်းကို အကြပ်ကိုင်နိုင်ဖို့ နယ်စပ်မှာ ဖန်တီးထားတယ်။ တရုတ်တို့ကြောက်တာ မြန်မာပြည်သူတွေကိုပဲ။
-
အစိုးရကို အနိုင်ကျင့်ပြီး မြန်မာနိုင်ငံထဲ အလိုရှိတဲ့ လုပ်ငန်းလုပ်ခွင့်ရယူနိုင်ပေမယ့် ပြည်သူနဲ့ အဆင်မပြေရင် ဝမ်ပေါင်သတ္ထုတူးဖော်ရေးလို စိတ်အေးလက်အေး အလုပ်လုပ်လို့မရတဲ့ အခြေအနေကို ဖြစ်စေနိုင်တယ်။
-
မြန်မာနိုင်ငံက လမ်းဆုံလမ်းခွကို ရောက်နေသလို ဖြစ်နေတယ်။ မြန်မာပြည်သူတွေ ရွေးရမယ့်အခြေအနေပါ။ အချုပ်အခြာအာဏာကို လွတ်လပ်ရေးရတဲ့အချိန်ကမြေပုံအတိုင်း နယ်မြေတွေမှာ ဆက်တည်နေစေမလား၊ တရုတ် အမေရိကန်တို့ရဲ့ Proxy တွေ လက်ထဲကို ဖဲ့ပေးမလား ဆိုတာပါ။
-
လောက်ကိုင် ချင်းရွှေဟော် ကွမ်းလုံ သိန္နီကို ကိုးကန့်ကို ခွဲပေးလိုက်ဆိုတာ တရုတ်ကို ပေးလိုက်ဆိုတာပဲ ဆိုတာထိတော့ သိထားရမယ်။
-
ရဲရဲဝံ့ဝံ့ ရုန်းကန်တိုက်ပွဲဝင်ပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ရပ်တည်ကြပါ လို့လည်း တရုတ်သမ္မတ ရှီ က ထည့်ပြောခဲ့တယ်။
-
သူ့နိုင်ငံအကျိုးအတွက် သူလုပ်တာ မမှားပါဘူး။
-
မြန်မာတွေလည်း နိုင်ထက်စီးနင်းပြုပြီး အကြပ်ကိုင်မယ့်သူတွေကို ရဲရဲဝံ့ဝံ့ ရုန်းကန်တိုက်ပွဲဝင်ပြီး မြန်မာ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ရပ်တည်ကြမယ့်သူတွေ များလာပါစေလို့သာ ဆုတောင်းပါတယ်။

မိုးတင့်ဆွေ ( ရန်ကုန်တက္ကသိုလ် )
သတင်းမှန်များဖတ်ရန် KT Channel လေးကို နှိပ်ပါ။

Post a Comment

Previous Post Next Post