(အကောင်ကြီးလေ အဆီများလေ)




ဒီနေ့ခေတ်မှာ ပထဝီနိုင်ငံရေး
အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဘာညာနဲ့
သမားရိုးကျလမ်းဟောင်းကြီးအတိုင်း
တွေးနေလို့ မရတော့ဘူး...

နိုင်ငံတိုင်းမှာ ကြီးကြီးငယ်ငယ် သူ့
ပြသနာ သူ့အားနည်းချက်တွေရှိတယ်
ဟန်ကိုယ့်ဘို့လုပ်နေကြတာအများကြီး..

ဒါတွေကိုအတွင်းကျကျမြင်တတ်ပြီး
ကိုယ့်အတွက် အသုံးချတတ်ဘို့ဘဲလိုတယ်..
---
တချပ်မှောက်စကားနဲ့ပြောယင် အခေါ်အဝေါ်တွေကိုကြည့်တတ်ရတယ်
ဖဲတွက်တတ်ရတယ်
ကိုယ့်အလှည့်မှာလဲအခွင့်သာသလို အောက်ဖဲကိုလူမမှန်းတတ်အောင်လုပ်ပြီး (bluffing) "ခေါ်ရဲ ဆွယ်ရဲ"တတ်ရတယ်..
---
အမေရိကန်ရွေးကောက်ပွဲကာလ လူထုသဘောထားတွေ "ဆန်းဆန်းတင့်"ဖြစ်နေချိန်မှာ ရုရှားတွေ တရုတ်တွေက စီးပွါးရေး လူမှုရေး နည်းအမျိုးမျိုးနဲ့ဝင်မွှေကြတယ်..
အလားတူ..
ရုရှားမှာအကြောင်းတခုခုပေါ်ယင်လဲအမေရိကန်ကဝင်မွှေတယ်..
ဥပမာ- ရရှားမှာလိင်တူစုံမက်သူ(အခြောက်)တွေကိုနှိပ်ကွပ်တာမျိုးကိုတောင် အမေရိကန်က အခြောက်တွေဘက်က ဝင်မီးထိုးပေးတယ်..
တရုတ်ပြည်ကြီးရဲ့ တိဘက်ဒေသ(ဗုဒ္ဓဘာသာ), ရှန်ကျန်းပြည်နယ် (Xianjing) ဝီဂါ (Uyghur မူဆလင်)အရေးတွေနဲ့ ဖာလွန်ဂေါင်အသင်းအဖွဲ့အရေးတွေမှာ ကွန်မြူနစ်အစိုးဟာဘာသာရေးနဲ့လူမျိုးရေးနှိပ်ကွပ်မှုတွေလုပ်နေပါတယ်ဆိုပြီး အမေရိကန်ကတကမ္ဘာလုံးကြားအောင်အော်တယ်..
တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်စည်းဝေးပွဲကြီးစတော့မယ့်အချိန်တွေဆိုလဲအမေရိကန်ကအမျိုးစုံအညှော်တိုက်ပြီ..
ခွဲထွက်နေတဲ့ထိုင်ဝမ်ကျွန်းကိုလဲ စစ်ရေး စီးပွါးရေးအရထောက်ပံ့မြှောက်ပင့်ပေးတယ်..
အဲဒီတော့ သူတို့အချင်းချင်းကတခုမဟုတ်တခုညိနေပြီးအလစ်မပေးရဲဖြစ်နေကြတာ..
---
ဒီအခြေအနေတွေကို နိုင်ငံရေးပါးနပ်တဲ့နိုင်ငံငယ်တချို့က ကောင်းကောင်းအသုံးချတတ်ကြတယ်..
ရပ်ကွက်လူမိုက်တွေလို"ဟောက်စား"လုပ်ပြီးအခွင်အရေးယူ အာကျယ်နေတတ်ကြတောင်ရှိတယ်..
ဥပမာ. မြောက်ကိုရီးယားနဲ့ ဆီးရီးယား
သူတို့မိုက်ပြနေတာကို ဘယ်နိုင်ငံကမှတိတိပပဝင်မစွက်ရဲကြဘူး..
လွှတ်ပေးထားရပြီး တခါတခါနိုင်ငံတကာစင်မြင့်ပေါ်တောင်ဆွဲတင်ကြရသေးတယ်..
---
တရုပ်အစိုးရဟာ လူမျိုး/ဘာသာရေးနှိပ်ကွပ်မှုတွေနဲ့နိုင်ငံတကာမှာနာမည်ပျက်နေတာကြောင့် ပြည်တွင်းသူပုန်ထမှုတွေကျယ်ပြန့်လာမှာကိုသိပ်စိုးရိမ်တာ..
အသံမထွက်အောင်အပီနှိပ်ကွပ်ထားလို့ တရုတ်ပြည်အရှေ့မြောက်ခြမ်း Xinjiang နယ်သားမူဆလင်(မြန်မာပြည်ကပန်းသေးတရုပ်နဲ့အနွယ်တူ)တွေဆို တရုပ်ပြည်တွင်းမှာလွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်တောင်မရကြဘူး ..
---
ဒီကြားထဲ ၂၀၀၉ ခုနှစ်မှာ ရှင်ကျန်းပြည်ဝီဂွါသူပုန်တွေလက်ထဲမှာ ဖုန်ကျားရှင်ရဲ့ကိုးကန့်လက်နက်စက်ရုံထုတ်သေနတ်တွေအများအပြားဖမ်းမိလိုက်တော့ တရုတ်အစိုးရခေါင်းနဘမ်းကြီးသွားတယ်..
အဲဒီမှာ မြန်မာစစ်တပ်ကိုမီးစိမ်းပြပြီးလောက်ကိုင်ကဖုန်ကျားရှင်အဖွဲ့တွေကိုရှင်းခိုင်းလိုက်တာ..
ဒကစ လောက်ကိုင်လဲအဲဒီကျမှပေါ်လာတာ..(check?)
ဖုန်ကျားရှင်က ၂၀၁၅ မှာလူပြန်စုပြီး ကိုးကန့်နယ်ပြန်ရအောင်စစ်ဆင်ရေးဆင်နွှဲခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ဘူး..
---
အခုတော့ ဖုန်ကျားရှင်ရဲ့သား ဖုန်တာရွှင်ကဦးဆောင်ပြီး ဝ (UWSA), မိုင်းလား (စိုင်းလိတ်- ဖုန်ကျားရှင်သားမက်) ထောက်ပံ့မှုတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးလုပ်ပြီး ကိုးကန့်ဒေသကိုပြန်စီးမိသွားပြီ..
ဒီစစ်ဆင်ရေးဟာ မဟာမိတ် TNLA နဲ့ ရခိုင် AA တွေအင်အားအလုံးအရင်းနဲ့ပါလာကြတာရော BPLA လိုဗမာအဖွဲ့တွေနဲ့ဘုမသိဘမသိပါလာကြတဲ့ ဒေသခံ PDF တွေရဲ့အင်အားတွေကြောင့်အသာစီးရခဲ့တာဖြစ်တယ်..
(စည်းစိမ်ယစ်မူးနေတဲ့ ဒကစ စစ်ဗိုလ်ချုပ်တွေအသုံးမကျတာလဲပါတယ်)..
---
ကိုးကန့်နဲ့ TNLA ရဲ့ရည်မှန်းချက်ဟာနယ်မြေရရှိရေးဘဲဖြစ်ပြီး "ကျယ်ပြန့်တဲ့ဒီမိုကရေစီတော်လှန်ရေးအဆင့်"မဟုတ်တာကတော့ လတ်တလောအခြေအနေအရရော သမိုင်းကြောင်းအရပါ သိသာနေပါပြီ..
---
ဒီအရေးမှာ "ယူနန်ပြည်နယ်အစိုးရအဆင့်"စီးပွါးရေးအကျိုးတူလူတချို့ကလွဲပြီး ပီကင်းအစိုးရပိုင်းအနေနဲ့ ထဲထဲဝင်ဝင်ပါဝင်ပါတ်သက်ပြီး MNDAA နဲ့ TNLA ကိုပံ့ပိုးပေးနေတယ်လို့တော့(ကျနော်)မထင်ပါဘူး..
"ကျားဖြန့်"ကိစ္စမှာ ပယ်ဆောက်ချိန်တို့ကို ဒကစဗိုလ်ချုပ်တွေက လာဘ်စားပြီးအကာအကွယ်ပေးခဲ့တာကတော့တကြောင်းဖြစ်နိုင်ပါတယ် ..
ဒါပေမဲ့ ၂၀၀၉ ခုတုန်းက ကိုးကန့်ထုတ်လက်နက်တွေ တရုပ်ပြည်
အရှေ့မြောက်ဝီဂွါမူဆလင်သူပုန်တွေလက်ထဲ အလုံးရင်းလိုက်ရောက်သွားစဉ်က ဖုန်ကျားရှင်တင်မက ယူနန်ပြည်နယ်အစိုးရထိပ်တန်းအရာရှိကြီးတွေပါ ပြင်းပြင်းထန်ထန်အရေးယူခံခဲ့ရတာကိုလူသိနည်းတယ်..
---
တရုတ်ပြည်ကြီးဟာ ကိုးကန့်အရေးထက် "လူမျိုး/ဘာသာရေး/လူ့အခွင့်အရေးကြောင့်ပိုပြီးမီးမောင်းအထိုးခံရမဲ့ ရှင်ကျန်း/ဝီဂွါအရေး"ကျယ်ပြန့်မလာစေဘို့ပိုအရေးထားတယ်..
UWSA တွေ KIA တွေကို ယူနန်အစိုးရကကျကျနနမထိမ်းချုပ်နိုင်ဘဲ
အဲဒီကလက်နက်တွေ ဝီဂွါသူပုန်တွေလက်ထဲထပ်ရောက်လာယင်တော့ ပီကင်းအစိုးရ မိုးမီးလောင်ပါပြီ..
သူတို့ကလဲရောင်းမစားဘူးလို့မပြောနိုင်ဘူး..

သူတို့အဓိကဝင်ငွေရှာနေတဲ့ ဘိန်းကိစ္စနဲ့ ယာဘကိစ္စတွေကိုလဲတရုပ်ကစိုးရိမ်တယ်..
---
ပြင်ပထွက်ပေါက်ပိတ်နေတဲ့ ယူနန်ပြည်နယ်ဟာ မြန်မာနယ်စပ်ကုန်သွယ်ရေးနဲ့ ရေရှည်ပင်လယ်ထွက်ပေါက်စီမံကိန်းအပြင် စွမ်းအင်အတွက်ဓါတ်ငွေ့ပိုက်လိုင်း ရေအားလျှပ်စစ်စီမံကိန်း စတာတွေကိုမှီခိုနေရတာပါ..
---
မြန်မာနိုင်ငံဟာ တရုပ်ပြည်ကြီးရဲ့ "Belt and Road"မဟာ့မဟာစီမံကိန်းကြီးရဲ့ ပင်မစီးပွါးရေးလမ်းကြောင်းကြီး ၆ ခုထဲက တခုဖြစ်တဲ့ "Bangladesh-China-India-Myanmar Economic  Corridor" မှာအရေးကြီးနိုင်ငံတခုဖြစ်တယ်ဆိုတာလဲမမေ့သင့်ပါဘူး ..
မြန်မာပြည်ကြီးမတည်ငြိမ်ယင် စီမံကိန်းရဲ့အစိတ်အပိုင်းကြီးတခု"ဗေထိဆိုကထဲကကွဲပြီးနှောင့်နှေးရမဲ့ကိန်း"ပါ..
----
ပြောချင်တာကတော့..
အများပြောနေကြသလို တရုတ်ကြီးကို"ဒီလောက်ကြောက်နေစရာမလိုပါဘူး" ဆိုတာပါပဲ။

"ငါကြင်းဆီနဲ့ငါကြင်းကြော်လို့ရတယ်"
ငါးကြင်းဟာ အကောင်ကြီးရင် ဗိုက်သား
မှာ အဆီပိုများတယ်ခင်ဗျ...။

Crd:သန်းလွင်ထွန်း(17.1.24)
Admin(တောင်ပေါ်သား)

Post a Comment

Previous Post Next Post