သမိုင်းကောင်းရေးထိုးကြပါ

ရှမ်းမြောက်က စစ်သည်တွေနဲ့
ဖုန်းရတိုင်း သူတို့ပြောနေကြ
စကားတစ်ခုရှိတယ်။ဗိုလ်ကြီးရေ
ကျွန်တော် တို့ကို ဒရုန်းရန် ၊ ဒရော့ဗုံး
ဒဏ်ကသာ ကာကွယ်ပေး၊ ကျွန်တော်
တို့ နယ်မြေ ၊ ကျွန်တော် တပ်တွေကို
ကျွန်တော် တို့ ရအောင်ပြန်ယူပေး
မယ်တဲ့။

ရင်ထဲမကောင်းပေမဲ့ သူတို့ဆန္ဒတွေ
ပြည့်ဖို့ ၊ ကျွန်တော်တို့ နယ်မြေတွေ
ပြန်ရဖို့ အတွက် တော့ ကျွန်တော်တို့
ဒရုန်းနည်းပညာတွေကို ခေတ်နဲ့အညီ
တပ်ဆင်ပြီး တန်ပြန်ထိုးစစ်ပြန်စဖို့
အချိန်ပြည့်တွေးတောကာ ပြင်ဆင်ထား
ရပါတော့မယ်။

ရှမ်းမြောက်စစ်ပွဲမှာ ရန်သူ ဟာ 
တရုတ်က အမေရိကန်နဲ့ စစ်ဖြစ်ရင်
သူဒရုန်းတွေ ဘယ်လောက်စွမ်း ၊
မစွမ်း စမ်းသပ်ဖို့ အလကားပေးခဲ့
တယ်လို့ တောင်သိရတယ်။တနည်း
ပြောရရင် တရုတ်ဒရုန်းရဲ့ အလစ်
အငိုက် တိုက်ခိုက်ခြင်း ကို ခံလိုက်
ရတာပဲ။

တစ်ဖက်မှာလည်း ရန်သူဒရုန်းနည်း
ပညာတွေ အပြင် နယ်မြေကို ချဥ်းကပ်
တယ်၊ ပြီးရင် စိမ့်ဝင်တယ်၊ ပြီးရင်
ဒေသခံပြည်သူကို စည်းရုံးတယ်၊
ပြီးရင် တပ်နဲ့ ဒေသခံကို ခွဲထုတ်ပစ်
လိုက်ပြီး အုပ်ချုပ်မှု ယန္တယား ကို
ထူထောင်ကာ ဥပဒေပြုနိုင်ရေး 
တရားစီရင်နိုင်ရေး အထိ လုပ်ဆောင်
လာတာတွေ့ရတယ်။

ဒီနေရာမှာ စဥ်းစားရမှာ က ကိုယ့်တပ်
တွေရဲ့ တုံ့ပြန်မှု စွမ်းအားပါ၊ တစ်ချို့
တပ်တွေ က အသေအကြေခုခံကြ
ပေမဲ့ တစ်ချို့က မြို့ရွာတွေ ပျက်စီး
မယ်၊ ဒေသခံတွေထိခိုက်မယ်၊ စစ်သည်
ရဲမေတွေ ထိခိုက်မယ် ဆိုတဲ့ အကြောင်း
ပြချက်တွေနဲ့ ကြာကြာမခုခံဘဲ ဆုတ်ပေး
လိုက်ကြတာတွေ လည်း ရှိတယ်။

ကိုယ့်သမိုင်းကိုယ်ရေးကြတာမို့ တစ်ချိန်
သမိုင်းကောင်းတွေကို ကမ္ပည်းထိုးနိုင်မဲ့
သူတွေ ရှိသလို သူရဲဘောကြောင်းသူ
အဖြစ်သမိုင်းဆိုး ကျန်ခဲ့ကြသူတွေလည်း
ရှိမှာပဲ။

ဥပမာ နမ့်ခမ်း စခန်းသစ် ၊ ခလရ ၂၉၀
တာမိုးညဲ၊ လက်ရှိ ခုခံဆဲ ခလရ ၁၂၃
တို့ ဟာ ရက်ပေါင်းများစွာ ၊ လပေါင်း
များစွာ ရန်သူရွံ့ရွံ့ချွံချွံ ခုခံ တိုက်ခိုက်
ခဲ့ကြတာမို့ သမိုင်းလှနေအုံးမှာပါ။

ဒီလိုပါပဲ တရုတ်ဆွေးနွေးပွဲအတွက်
ရန်သူက နယ်မြေရဖို့ ဖိတိုက်နေချိန်မှာ
တောင် ရန်သူ့ ဗျူဟာ ၊ ရန်သူ့ ရည်မှန်း
ချက် ကို နားမလည် မသုံးသပ်ပဲ အလွယ်
တကူဆုတ်ပေးလိုက်တဲ့ ကွန်မန်ဒါ တွေ
ဟာလည်း  သူ့ သမိုင်း သူရေးသွားကြ
ပါပြီ။

စစ်ပွဲ ဟာ သူရဲကောင်းနဲ့ သူရဲဘော
ကြောင်သူတွေ ကို ဆန်းစစ်ရာ အကောင်း
ဆုံးစာမေးပွဲ ဖြစ်တာမို့ သူရဲကောင်းလုပ်
မယ့် စစ်သားတွေကို ပဲ နိုင်ငံတော်က
တန်ဖိုးထားမှာပါ၊ ပြည်သူက တန်ဖိုးထား
မှာပါ။

ဒါကြောင့် သူရဲကောင်းစစ်သားတွေ
အဖြစ် သမိုင်းရေးထိုးကြဖို့ တိုက်တွန်း
ချင်တယ်။

စစ်တိုက်တယ်ဆိုတာ မြို့ ရွာတွေ ကို
 လာတိုက်ရင်တော့ မြို့ ရွာ တွေ ပျက်စီး
မှာပါပဲ။ရန်သူ တောင်  မြို့ ရွာ တွေကို
မညှာဘဲ လာတိုက်ရင် ကိုယ်ကလည်း
ပြန်တိုက်ရမှာပဲ။အမေရိကန်တွေတောင်
အီရတ် အာဖဂန် မှာ လူစည်ကားရာ
ဈေးတွေ မြို့ တွေ ဗုံးကျဲချပြီး ဘာမှ
မကျန်တော့မှ တတ်သိမ်းသေးတာပဲ။

မြို့ ရွာ တွေ ပျက်စီးမှာ ​စိုးလို့ ပြန်မတိုက်
ဘဲ ဆုတ်ပေးလိုက်တယ် ဆိုရင် ဒါဟာ
စစ်သားမပီသမှု ၊ ခေါင်းဆောင်မပီသမှု
တာဝန်မကျေပွန် မှု လို့ မှတ်ယူရပါမယ်။

ဒါကြောင့် ဘယ်လိုပဲ တိုက်တိုက် ၊ စစ်နိုင်
တဲ့ စစ်သားတွေ ၊ စစ်တိုက်ရဲတဲ့ စစ်သား
တွေ ကို နိုင်ငံတော် က သူကောင်းပြုမယ်
ဆိုတာမမေ့ပါနဲ့။

ဒါကြောင့် ထပ်ပြောချင်တာက 
စစ်နိုင်တဲ့ စစ်သားတွေအဖြစ် သမိုင်းရေး
ထိုးကြဖို့ ထပ်လောင်းတိုက်တွန်းချင်ပါတယ်။

အောင်နိုင်သူ

Post a Comment

Previous Post Next Post