တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူများနှင့် အတူတကွပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်မှုများပပျောက်စေရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
အဲဒီလို အမှာစကားပြောကြားရာမှာ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူများနှင့် အတူတကွပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်မှုများပပျောက်စေရေးနှင့် တည်ငြိမ်အေးချမ်းရေးတိုအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည် အဓိကအားဖြင့် ပြည်ပရန်ကို ကာကွယ်ရန်အဓိက တာဝန်ရှိသည်ဖြစ်သော်လည်း နိုင်ငံတော်၏ သမိုင်းကြောင်းနောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ်များတွင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့တာကို တွေ့ရပါတယ်။

Post a Comment

Previous Post Next Post