ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို နိုင်ငံရေးအရ လွှတ်တော်တွင်အတည်ပြုရန်လိုပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရကြောင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


=============================
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေးဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြားစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေး ရရှိရေးအတွက် ရွေးကောက်ပွဲကို PR  စနစ်ဖြင့်ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးထားကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post