ပအိုဝ်းဒေသကိုလက်ဗလာနဲ့လာတဲ့ ကယားအကြမ်းဖက် အထုပ်ပိုက်ပြီး ကယား ပြည်နယ်သို့ပြန်


၂၀၂၄ ဇန်နဝါရီ ၂၆


ဆီဆိုင်မြိုတွင် ဒေသခံပြည်သူများအနေဖြင့် စစ်ဘေးရှောင်လျက်ရှိသည့်အတွက်  ကယားအကြမ်းဖက် KNDF များ အနေဖြင့် ဆီဆိုင်မြိုရှိ စစ်ရှောင်နေအိမ်များအား ဖောက်ထွင်းကာ စား‌သောက်ကုန်များအား အလုအယက်ယူဆောင်လျက် ကယားပြည်နယ်ဘက်သိုဖိုးဝှီးကားများဖြင့် သယ်ဆောင်လျက်ရှိကြောင်းသိရသည်။

မြေပြင်သတင်းစုံစမ်းချက်အရ အကြမ်း ဖက် KNDF အဖွဲဝင်အချိုသည်PNLA ဘတ်တံဆိပ်ပါယူနီ‌ဖောင်းများအယောင်ဆောင် ဝတ်ဆင်၍ ဆီဆိုင်မြို အတွင်းသို ဝင်ရောက်ခြင်းဖြစ်ကြောင်း သိရပြီး လေကြောင်းတိုက်ခိုက်မှု ခံရသည့်အတွက် ထိခိုက်ကျဆုံးမှုများပြား‌နေပြီး ထိခိုက်ဒဏ်ရာရသူများနှင့်သေဆုံးသူများအား  ရေဖြူကျေးရွာအနီးတောလမ်းများမှ ကယားပြည်နယ်ဘက်သို ‌ဖိုးဝှီးကားများဖြင့်သယ်ဆောင်လျက်ရှိကြောင်း ပအိုဝ်းဒေသခံများထံမှသိရသည်။

Post a Comment

Previous Post Next Post