မိဘများ သိရှိစေရန်



အစိုးရတပ်တွေကို PDF တွေက EAOs အချို့နဲ့ ပေါင်းပြီးတိုက်ခိုက်တယ်။ ယခင်ကလည်း ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ EAOs တွေဟာ ဗမာ PDF လေးတွေကို ရှေ့ဆုံးကထားပြီး အသေခံတိုက်ခိုင်းနေယ်ဆိုတာကို။
-
ကရင်ပြည်နယ်ဘက်ကို ကြည့်ရင်လည်း အရင်ဆုံးသေတာ ဗမာ PDF တွေပဲ၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဘက်မှာ ဗမာ PDF တွေချည်းပဲ သေကြရတာ။ ဥပမာအနေနဲ့ ပြရရင် မနေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက ထူးချောင်းစခန်းကို လာတိုက်တဲ့ KNDF/ PDF အလောင်း ၁၅ လောင်းထဲမှာ ဗမာ PDF ၈လောင်း ပါနေတာကို တွေ့ရပါတယ်။
-
ဘယ်သူဘယ်ဝါမှန်း သိအောင်၊ သား/သမီးချင်း ကိုယ်ချင်းစာပြီး မှတ်ပုံတင်လေးတွေ တင်ပေးလိုက်ပါတယ်။ အလောင်းပုံတွေကတော့ Telegram Channel မှာ တင်ထားပါတယ်။ သက်ပျောက်ဆွမ်းကပ်လို့ရအောင်ပါ။ ကျန်တဲ့အလောင်းတွေက မှတ်ပုံတင်မပါတဲ့အတွက် ဘယ်သူတွေမှန်း မသိရပါဘူး။
-
အလောင်းတွေကိုတော့ စစ်တပ်က ကောင်းမွန်စွာ မြှပ်နှံသင်္ဂြိုဟ်ပေးလိုက်ပါကြောင်း သက်ဆိုင်ရာမိဘများ သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

Post a Comment

Previous Post Next Post