တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ (၁၁၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်မှစ၍ လေးရက်တိုင်တိုင် ကျင်းပသွားမည်


တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၏ (၁၁၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်မှစ၍ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း Yangon Zoo ထံမှ သိရသည်။

အဆိုပါ (၁၁၈)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို တိရစ္ဆာန်ဥယျာဉ်အတွင်းတွင် လာမည့် ဇန်နဝါရီလ (၂၅)ရက်မှ (၂၈)ရက်၊ နံနက် (၈)နာရီမှ ညနေ (၄)နာရီ ၃ဝ မိနစ်အထိ (၄)ရက်တိုင်တိုင် စည်ကမ်းသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Music Band & Dance Performance ၊ Magic Show အစီအစဉ်၊ တိရစ္ဆာန်များနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင် မည့်အစီအစဉ်များ၊ ဂိမ်းအစီအစဥ်များ၊ လက်ဆောင်များ ရယူနိုင်မည့် အမေး၊အဖြေကဏ္ဍများအပြင် ဈေးရောင်းပွဲ များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ငွေ (၂၅ဝဝ) ကျပ်ဖြစ်ပြီး ကလေးငယ်တစ်ဦးလျှင် ငွေ (၁၅ဝဝ) ကျပ်ဖြစ်ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) သည် အရှေ့တောင်အာရှနိုင်ငံများတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်တွင် (၁၁၈)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post