ပြည်သူ့စစ်မဟာဗျူဟာ


ပြည်သူ့စစ်မဟာဗျူဟာ ဆိုတာ နိုင်ငံတော်
ကာကွယ်ရေးမူဝါဒ ပါ ၊ အခုမှ ပြဌာန်းလာ
တာတော့ မဟုတ်ပါဘူး။နဝတ နအဖ ခေတ်
ထဲက ပြဌာန်းခဲ့တယ်။ပြည်သူ့စစ်မဟာဗျူဟာ
ကို နားလည်လွယ်အောင် ပြောရရင် နိုင်ငံတော်
ကို ပြည်တွင်း / ပြည်ပ အန္တရာယ်တွေကျရောက်
လာပါက တပ်မတော် ရဲ့ ဦးဆောင်မှုအောက်
မှာ တပ်မတော်နဲ့ ပြည်သူ လက်တွဲပြီး ပြည်တွင်း
ပြည်ပ ရန်တွေ ကာကွယ်ကြဖို့ ရည်ရွယ်ပြဌာန်း
ခဲ့တာ ဖြစ်တယ်။

တနည်းပြောရရင်တော့ တိုင်းပြည်အရေးပေါ်
အခြေအနေ ဖြစ်လာတဲ့အခါ တပ်မတော် ရဲ့
အားတစ်ခုတည်းနဲ့ နိုင်ငံ့ ရန်ကာကွယ်ဖို့ မပြည့်
စုံ ၊ မလုံလောက် တော့လို့ ဒေသခံ
ပြည်သူလူထု ဟာ ကိုယ့်ရပ်
ကိုယ့် ရွာ ကိုယ့်ဒေသ ကို ပြည်သူ့စစ်တွေ ဖွဲ့စည်း
ပြီး ကာကွယ်ဖို့ ပြင်ဆင်ထားရမယ်။ဒီလို
တိုင်းပြည်ရဲ့ အတွင်းပိုင်းဒေသ တွေ က ပြည်သူ
လူသူ လူထုတွေ ဟာ ပြည်သူ့စစ်တွေ ဖွဲ့ပြီး
ကိုယ့်ရပ် ကိုယ့် ဒေသတွေ ကို ကာကွယ်နိုင်
မှသာ တပ်မတော် က လည်းအရေးကြီးတဲ့
ရှေ့တန်းကျကျနေရာတွေ က  ပြည်တွင်း
ပြည်ပ ရန်တွေ ကို စိတ်ချ လက်ချ နဲ့ တိုက်ခိုက်
နှိမ်နင်း နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကို ရည်ရွယ်ပြီး ပြည်သူ့စစ်တွေ ဖွဲ့စည်းနေ
တာဖြစ်တယ်။လက်ရှိ တိုင်းပြည်အခြေအနေ က
သာမာအခြေအနေ မဟုတ်ဘူး။အရေးပေါ်
အခြေအနေ ၊ အရေးပေါ် အချိန် မို့ ကိုယ့်ရပ်
ကိုယ့်ရွာ ကို စစ်ကိုင်းတိုင်းထဲက မြို့ရွာ
အချို့ လို /ကယားပြည်နယ်
ထဲက မြို ရွာတွေ လို Failed State မဖြစ်
အောင် ဒေသခံ တွေကို စစ်ပညာသင်ကြားပေး
ပြီး ပြည်သူ့စစ် ဖွဲ့ပေးနေတာ ဖြစ်တယ်။

အလကားသက်သက် လုပ်တာ မဟုတ်ပါဘူး။

ဒါကို မနာလိုမရှုစိတ် သူတွေ က ဖွဲ့စည်းတော့
မယ့် ပြည်သူ့စစ်တွေဟာ ရှမ်းမြောက်မှာပဲ
သွားတိုက်ရတော့ မလိုလို ၊ တပ်ထဲပဲ ဝင်ရ
တော့မလိုလို မီဒီယာတွေ ကတဆင့် ဝါဒဖြန့်ချိနေကြ
တာတွေ့ရတယ်။တစ်ချို့ လည်း ဒီလို လုပ်ရမှာ
စိုးလို့ ထွက်ပြေးနေကြတယ်လို့ ညောင်လေး
ပင် ဘက်က ဒေသခံတွေ မေးလာ ပြောလာ
ကြလို့ အခုလို ရှင်းပြနေရတာ ဖြစ်ပါတယ်။

ကိုယ့်အသက်အန္တရာယ် ၊ ကိုယ့်မိသားစုအသက်
အန္တရာယ်၊ ကိုယ့်ရပ် ၊ ကိုယ့်ရွာ ၊ ကိုယ့်ဒေသ
အန္တရာယ် မကျရောက်ဖို့ လုံခြုံမှုရှိစေဖို့
အိုးမကွာ ၊ အိမ်မကွာနဲ့ ကာကွယ်စောင့်ရှောက်
နိုင်ဖို့ ပြည်သူ့စစ်ဖွဲ့စည်းနေတယ် ဆိုတာကို
နားလည် သဘောပေါက်ကြဖို့ ပြောချင်ပါတယ်။

ဒီနေရာမှာ တစ်ချို့ဖရဲသီးဝန်ထမ်းတွေ က
ရပ်ကျေးတွေနဲ့ ပေါင်းပြီး လုပ်စားနေတာတွေ
ကို လည်း ဖော်ထုတ်အရေးယူဖို့ လိုတယ်။
ဘယ်လို လုပ်စားနေသလဲ ဆိုတော့ ပြည်သူ့စစ်
ကို စည်းရုံးပြီး ဖွဲ့စည်းခိုင်းထားတာကို အတင်း
အကြပ်ကြီးမလုပ်မနေရ၊ မလုပ်ရင် ငွေ ဘယ်
လောက်ပေး ဆိုတာမျိုး ပဲခူးတိုင်းထဲ က မြို့
နယ်အချို့ မှာ ကြားနေရတယ်။ဒါမျိုးငွေတွေ
တောင်းပြီး အကြံ အဖန် ရှာနေတာတွေ ကို
အမြန်ဆုံးဖော် ထုတ်ပြီး ထိထိရောက်ရောက်
အရေးယူစေချင်တယ်။

နောက်ဆုံး ​အကြံပေးချင်တာက
နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်သူ့စစ်မဟာ
ဗျူဟာ ကို ပြည်သူတစ်ရပ်လုံးသိရှိအောင်၊
ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် မူဝါတွေ
ရှင်းရှင်းလင်းလင်းချပြပြီး ကျယ်ကျယ်ပြန့်
ပြန့်သိရှိအောင် လုပ်ပေးသင့်တယ်။ဒေသ
အာဏာပိုင်တွေနဲ့ ဒေသခံ တပ်တွေ ဟာ
ဘာကြောင့် လုပ်ရတယ် ဆိုတဲ့ ရည်ရွယ်ချက်
၊ ဘယ်လို အကျိုးကျေးဇူးတွေ ရမယ် ၊
ဘယ်လောက်အရေးကြီးနေသလဲ ဆိုတာ
တွေ ကို တိတိကျကျ ချပြပေးစေချင်ပါတယ်။

ဒါမှသာ ပြည်သူ့စစ် မဟာဗျူဟာ ကို
အောင်အောင်မြင်မြင် အကောင်အထည်
ဖော်နိုင်မှာ ဖြစ်သလို ပိုမိုပြည့်စုံတဲ့ ပြည်သူ့
လုံခြုံရေးစနစ် ကို လည်း ဖန်တီးပေးနိုင်မှာ
ပဲ ဖြစ်ပါတယ်။

Crd:အောင်နိုင်သူ(ဇွဲကပင်)(21.1.24)


https://t.me/mmcnews007

Post a Comment

Previous Post Next Post