ဒီပုံတွေ့တော့ အတွေးတစ်ခုဖြစ်စေတယ်


ပုံမှာပါတဲ့ စစ်သည်တွေဟာ နှစ်လလောက်
ရန်သူရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို အရှုံးမပေးပဲ
ကြံ့ကြံ့ခံရင်ဆိုင်ခဲ့လို့ မိခင်တပ်ရင်း နောက်တန်းကို
အောင်ပွဲနဲ့အတူ ကြွားကြွားဝံ့ဝံ့ပြန်နိုင်ခဲ့ပြီ ။

(ကစထမှုးကြီးကိုယ်တိုင် ချက်ချင်း
လာရောက်ဂုဏ်ပြုသွားပါတယ် )

သူတို့ မိသားစုတွေကလဲ အပြုံးကိုယ်စီ
အောင်သပြေခက်နဲ့ ကြိုနိုင်ခဲ့တယ်
သားသမီးတွေကိုလဲ တိုက်ပွဲအကြောင်းတွေ ပြန်ပြော
နေကြလို့ ဂုဏ်ယူစရာတစ်ရပ်ပါပဲ ။

စစ်သည်တွေကလဲ နောက်စစ်ဆင်ရေးအတွက်
စိတ်အားတက်ကြွနေကြတယ် ။

တစ်ဖက်မှာတော့ ရန်သူ့ဆိုက်ဝါး ထဲမှာ
ပျော်ဝင်ပြီး ရန်သူဆီမှာ အညံ့ခံလိုက်တဲ့
စစ်သည်တစ်ချို့အကြောင်းတွေးမိတော့လဲ
စိတ်မကောင်းစရာပဲ ဘာလို့ဆို သူတို့က
ဒီလိုပျော်စရာအောင်ပွဲကို မရနိုင်ရှာတော့ဘူး
ရန်သူရဲ့ လက်ခုပ်ထဲကရေ ဘဝနဲ့
သုံ့ပန်ဖြစ်ပြီး နေနေရတယ် ။

လက်နက်ချသွားတဲ့ စစ်သည်တွေအနေနဲ့
ရန်သူက ခင်ဗျားတို့ကို ဖုန်းပေးသုံးတဲ့အခါ
ဒီ Post ကိုမြင်ရင် အသိတစ်ခုရမှာပါ ။

ခင်ဗျားတို့သိထားရ မှာက ခင်းဗျားတို့
အနာဂတ်က ရန်သူဆီမှာ မရှိဘူး ။

တစ်ကယ့် ခင်ဗျားတို့ရဲ့ အနာဂတ်က
နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ တည်တံ့မှုအပေါ်မှာပဲ
ရှိတယ် ။

အခုတိုက်ပွဲဝင်နေတဲ့ စစ်သည်တွေကိုလဲ
နိုင်ငံသားတစ်ယောက်အနေနဲ့ ပြောချင်တာက
ပင်းပန်း ခက်ခဲမှုတွေကို စာနာနားလည်ပါတယ်
ဒါပေမဲ့ ခင်ဗျားတို့က စစ်သားတွေဆိုတာ မမေ့နဲ့
စစ်သားဆိုတာ ဘာမဆို ဖြတ်ကျော်နိုင်စွမ်းရှိအောင်
လေ့ကျင့်ပေးထားတဲ့သူတွေ ခင်ဗျားတို့လုပ်နိုင်စွမ်းရှိ
တယ်ဆိုတာယုံတယ် ။

နောက်တန်း ကိုအောင်ပွဲနဲ့ အတူပြန်လာနိုင်ဖို့
သူပုန်တွေကို နိုင်အောင်သာတိုက်ပါ
သပြေပန်းနဲ့ ကြိုမဲ့သူတွေမျှော်နေပါတယ်ဗျ ။

သူပုန်ကိုအားပေးနေတာ ပြည်ဖျက်တွေပါ
နိုင်ငံကိုချစ်သော ပြည်သူတွေဟာ
တပ်မတော်သားတွေရဲ့ ဘက်မှာအမြဲရှိနေတယ်ဆိုတာ သိစေချင်လို့ ဒီစာကိုရေးလိုက်ပါတယ်  ။

Crd:MyanmarPowerAnalysis

Post a Comment

Previous Post Next Post