အနာဂတ်လူသားအရင်းအမြစ်တွေပျောက်ဆုံးသွားသောအနာဂတ်များ

နိုင်ငံကြီးနှစ်နိုင်ငံအားပြိုင်ပဲွအတွင်းကပျောက်ဆုံးသွားသောကိုယ့်နိုင်ငံကလူငယ်တွေနဲ့
အနာဂတ်လူသားအရင်းအမြစ်တွေပျောက်ဆုံးသွားသောအနာဂတ်များ

2023မှာပြုစုသောမြေပြင်လူဦးရေစာရင်းနဲ့
2021မှာပြုစုခဲ့သောမြေပြင်လူဦးရေစာရင်းကို
တိုက်ဆိုင်စိစစ်မယ်ဆိုရင်
လူငယ်အရွယ်ကောင်း သိန်းနဲ့ချီပျောက်ဆုံးနေကြောင်းတွေ့ရပေလိမ့်မည်

2022ကာလအတွင်း သိန်းနဲ့ချီသောလူငယ်များ
တောတွင်းလက်နက်ကိုင်တပ်များထံရောက်ရှိခဲ့ကြသည်

သမိုင်းနောက်ခံဖြစ်စဥ်တွေကိုပြန်လေ့လာကြည့်တဲ့အခါ
1948 ကျော်ကာလများကတောထဲရောက်သွားသောလူငယ်များသည်မိဘထံပြန်ရောက်မလာတော့ပါ
1962 ကျော်ကာလက တောထဲရောက်သွားသောလူငယ်များသည် မိဘရပ်ထံ ပြန်ရောက်မလာတော့ပါ
1974 ကျော်ကာလများကတောထဲတောင်ထဲရောက်သွားသောလူငယ်များသည်လည်းမိဘရင်ခွင်ပြန်မဝင်လာနိုင်ခဲ့ပါ
1988 ကျော်ကာလများကတောထဲတောင်ထဲရောက်သွားသောလူငယ်များသည်လည်းမိဘရင်ခွင်ပြန်ရောက်မလာတော့ပါ
2021 ကျော်ကာလများကတောတောင်ထဲသို့ဝင်သွားသော
လူငယ်များသည်လည်း မိဘရပ်ထံ ဘယ်လောက်ပြန်လာနိုင်ကြပါမည်လည်း
Chit Min

Post a Comment

Previous Post Next Post