၂၄/၁/၂၀၂၄ ရက်နေ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းများ


ရမ်းဗြဲမြို့နယ် - ယနေ့ နံနက်ပိုင်း ၈ နာရီခွဲခန့်မှစ၍ ရမ်းဗြဲမြို့တောင်ဘက်ခြမ်းရှိ သိမ်တော်ဘုရားကုန်း၊ အောင်ဓမ္မဗိမာန်တို့တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် လာရောက်နှောက်ယှက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နေ့လည်ခင်း ၁၂ နာရီချိန်ခန့်တွင် နှစ်ဖက်တိုက်ပွဲ ရပ်တန့်သွားခဲ့ပြီး AA အကြမ်းဖက်အဖွဲများ ဒဏ်ရာရသေဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို့နောက် နေ့ခင်းပိုင်းမှစ၍ ညနေ ၆ နာရီအချိန်ထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏရှိခဲ့ကြောင်း  သိရှိရသည်။

ကျောက်တော်မြို့ - တပ်မဌာနချုပ်နှင့် နယ်မြေခံတပ်ရင်းများအား AA အကြမ်းဖက်အဖွဲ့မှ ယခင်နေ့မအတိုင်း လာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် မှီခိုရဲမေများမှ မိမိတို့၏ တပ်ဌာနချုပ် ရန်သူ့လက်အောက်သို့ မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူ/ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေးချေမှုန်းခြင်းတို့ကြောင့် ရန်သူအား ဟန့်တားထားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်ပစ်ခတ်မှုများရှိနေသေးကြောင်း သိရှိရသည်။

မြောက်ဦးမြို့ - ယနေ့ ညနေ ၆ နာရီခွဲခန့်က နယ်မြေခံတပ်ရင်း ၅၄၀ အနီးရှိ ရွှေတောင်ကာကင်ကုန်းအား AA အကြမ်းဖက်အဖွဲ့မှ လာရောက်နှောက်ယှက် ပစ်ခတ်ခဲ့သောကြောင့် တပ်မတော်သားများမှ လက်နက်ကြီး/ငယ်များဖြင့် ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့ရာ သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားကြောင်းသိရပြီး ည ၇ နာရီအချိန်ခန့်တွင် ၅၄၀ တပ်ရင်းသို့ AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး ၁ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မင်းပြားမြို့ - နယ်မြေခံတပ်များအနီး လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းများ မရှိခဲ့ကြောင်းနှင့် ယမန်နေ့အတိုင်း ငဝေ(ခေါ်)အိမ်ရှေ့မင်းရွာအနီး နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ကာ  တပ်စစ်ကြောင်းမှ အဆိုပါနေရာတွင် ကြံ့ကြံ့ခံရင်ဆိုင်၍ ပြန်လည်ခုခံတိုက်ခိုက်ချေမှုူန်းခြင်း၊ ရန်သူရှိနေသည့် နေရာများအား Drop Bomb များကြဲ၍ တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အထိနာခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများအား မြစ်တစ်ဖက်ကမ်းရှိ ၎င်းတို့စခန်းသို့ သုံးဘီးများဖြင့် ပို့ဆောင်နေကြောင်း သိရှိရသည်။

နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်သားအချို့ နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ရပြီး ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ စခန်းရှိရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲခြင်းများရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။
#MinChitOo
https://t.me/minchitoo989989/31125

Post a Comment

Previous Post Next Post