ငါဗမာလူမျိုး ဘယ်နေရာသာသလဲ

.ဗမာတွေကြီးစိုးတယ်ဆိုတဲ့မြို့တွေမှာကြိုက်တဲ့ဘာသာစကားကိုလွတ်လပ်စွာပြောခွင့်ရှိပေမဲ့.
တိုင်းရင်းသားဒေသအတော်များများမှာ.ဗမာစကားကိုလက်လွတ်စပါယ်ပြောလို့မရဘူး.

#ငါဗမာလူမျိုး ဘယ်နေရာသာသလဲ...

ကျွန်တော် ရှမ်းမြောက်မှာ နေခဲ့တုန်းက
ဗမာမုန်းတီးရေး စိတ်အခံရှိတဲ့ ရွာကြီးတစ်ရွာမှာ
သွားနေခဲ့ရတယ်...

အဲ့ဒီရွာကို ရောက်ရောက်ချင်း ဗမာစကားကို
အဲ့ဒီရွာသားတွေရှေ့မှာ လက်လွှတ်စပယ်
မပြောဆိုမိဖို့ သူငယ်ချင်းတွေက
ရောက်ရောက်ချင်းသတိပေးတယ်...

ဘာဖြစ်လို့လဲ ဆိုတော့ လောလောဆယ်
မင်းက မျက်နှာစိမ်းမို့တဲ့ မသိတဲ့ သူတွေရှေ့မှာ
အပြောအဆိုအနေအထိုင် ဆင်ခြင်လို့
သူငယ်ချင်းတွေက သတိပေးတယ်....

ရွာကိုရောက်ရောက်ချင်း အရင်ဆုံး
ကျွန်တော်သွားခဲ့တဲ့ နေရာတွေကတော့
ခရစ်ယာန်ဘုရားကျောင်း နှင့် ရွာထဲက
ဗီဒီယိုရုံပဲ ဖြစ်ပါတယ်....

ဤနေရာတွေကနေ မိတ်ဆွေရှာမယ်
ယုံကြည်မှုတွေ တည်ဆောက်မယ်
ရွာရဲ့ဓလေ့စရိုက်တွေကို
လေ့လာမယ်ပေါ့....

နောက် ၃ လ လောက်ကြာလာတော့ ရွာထဲက
လူတွေနဲ့ အတော်မျက်နှာတန်းမိလာပါတယ်....

အဲ့ဒီမှာ ကချင်တိုင်းရင်းသားများဖြစ်တဲ့ မော်ဒူး နှင့်
ဇော်ဒူး ဆိုသည့် ညီအစ်ကို နှစ်ယောက်နှင့်
မိတ်ဆွေစဖြစ်ကြတယ်...
အခြား ရှမ်းတိုင်းရင်းသားတွေနဲ့လည်း
ခင်ခင်မင်မင်ဖြစ်လာပါတယ်...

ထူးဆန်းတာက အဲ့ဒီ ရွာကြီးဟာ တစ်ချိန်က
ရှမ်းတိုင်းရင်းသားတွေ အခြေပြု တည်ဆောက်
ခဲ့တဲ့ရွာကြီး နောက်တော့ ကချင်တိုင်းရင်းသားတွေက
အများစုဖြစ်လာသလို KIAရဲ့ အမာခံရွာကြီးဖြစ်
လာတယ် ဆိုပါစို့....

လနှင့်ချီကြာလာတော့ မော်ဒူးနှင့် ဇော်ဒူးတို့
ညီအစ်ကိုနှင့် ကျွန်တော်ဟာလည်း မိတ်ဆွေကနေ
ညီအစ်ကိုအရင်းတွေလို ဖြစ်သွားပြီး သူတို့
ညီအစ်ကိုနှစ်ယောက်က မန္တလေးကို ရောက်ဖူးချင်တယ်ဆိုတာနဲ့ ကျွန်တော်က အကုန်ကျခံပြီး
မန္တလေးကို အလည်ခေါ်လာတယ်...

သူတို့ရဲ့ ဗမာမုန်းတီးရေး အစွဲကို ချွတ်ချင်တာလဲ
ပါတာပေါ့...😁

သူတို့နှစ်ယောက်နှင့်အတူ လမ်းခရီးမှာ လားရှိုး
မရောက်ခင်အထိ အကြိမ်ပေါင်း ၅ကြိမ်လောက်
လမ်းမှာ အစစ်ဆေးခံရတယ်...
စစ်ဆေးတဲ့အချိန်ဆို ယာဉ်ပေါ်ပါခရီးသည်တွေ
အကုန်လုံး ယာဉ်အောက်ကို ခဏဆင်းပေးရတယ်
အစစ်ဆေးခံရတယ်အလှည့့်ကျ တန်းစီရတယ် သူတို့နှစ်ယောက်ကို ပြောပြတယ် တွေ့လား
ငါလဲနင်တို့လို အစစ်ဆေးခံရတာပဲ.. 
#ငါဗမာ ဘယ်နေရာ သာသလဲလို့...😁

လမ်းခရီးမှာ ထမင်းအတူတူစားတယ်
ဟင်းကိုလည်း ပုံစံတူ မှာစားတယ် ပြီးလျှင်
ပိုက်ဆံရှင်းတဲ့အခါ သူတို့ကိုပြတယ်...
တွေ့လား နင်တို့ စားတာလဲ တစ်ပွဲ ၈၀
(အဲ့ဒီ အချိန်က ထမင်းအဝစား တစ်ပွဲ ၈၀ကျပ်)
ငါစားတာလဲ တစ်ပွဲ ၈၀ #ငါဗမာ
ဘယ်နေရာသာသလဲလို့ မေးမိတော့
နှစ်ယောက်လုံးက ပြုံးပြုံးကြီးကြည့်ကာ
ခေါင်းငြိမ့်ကြတယ်...

ဒီလိုနဲ့  မန္တလေးကိုရောက်ရောက်ချင်း
သူတို့ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပေမဲ့
မဟာမြတ်မုနိဘုရားကြီးကို အရင်သွားမယ်ဆိုလို့
လိုက်ပို့ဖြစ်တယ်...

မန္တလေးက အထင်ကရ နေရာတွေ လိုက်ပို့တယ်
ရုပ်ရှင်သွားကြည့်တယ် အတူတူ ရုပ်ရှင်လက်မှတ်
တန်းစီဝယ်တယ် ပြီးလျှင် သူတို့ကို ပြောပြတယ်...
#ငါဗမာ ဘယ်နေရာသာသလဲလို့...😁

ဒါတွေတင် ဘယ်ကမလဲ မန္တလေးက နာမည်ကြီး
ကချင်ရိုးရာအစားအစာတွေ ရောင်းတဲ့
ကချင်ဆိုင်တွေကို ခေါ်ပြတယ်...

တွေ့လား ဒီဆိုင်ကို လာအားပေးတာ ဗမာ
တွေချည်းပဲဆိုပြီးပြတယ် တို့ဗမာတွေက ဒီဆိုင်က
ခေါင်ရည်ကို ကြိုက်လို့ တကူးတကကို
လာ အားပေးကြတာနော် ဒါကချင်လူမျိုးဆိုင်ဆိုပြီး
ဘယ်သူမှ ရှောင်မသွားဘူး တွေ့တယ်နော်လို့
သူတို့ကို ပြောပြလိုက်တော့ သူတို့မျက်နှာလေး
တစ်ချက်ညှိုးသွားပြီး ခေါင်းငြိမ့်ရှာတယ်...

ဘာဖြစ်လို့ မျက်နှာ ပျက်သွားတာလည်းလို့
ကျွန်တော်မေးမိလိုက်တယ် အိမ်ကို လွမ်းလို့လား
နေမကောင်းလို့လားလို့ မေးမိလိုက်တော့...
မဟုတ်ပါဘူး အစ်ကိုရယ် ငါတို့ထင်ထားတာနဲ့
တစ်ခြားစီ ဖြစ်နေလို့ပါ.....
ငါတို့ နင်တို့ဗမာတွေအပေါ်မှာ မုန်းတီးစိတ်တွေများခဲ့တယ် ငါတို့ မန္တလေးကို ရောက်လာတော့
ငါတို့ထင်နေသလို တစ်ခုမှ မဟုတ်ဘူး ဗမာတွေက
ငါတို့ထက် သဘောထားပြည့်ဝလွန်းလို့
ငါတို့အမွားကိုငါတို့ ခံစားမိလို့ပါတဲ့...

ကဲကဲ ထားပါတော့ စိတ်မကောင်း ဖြစ်မနေနဲ့
သွားကြမယ်ဆိုပြီး ၃၅လမ်းထဲက နာမည်ကြီး ရှမ်းတိုင်းရင်းသားဆိုင်တွေကိုလဲ သွားထိုင်ပြီး
ဗမာတွေအကြောင်းကို သူတို့ကို ပြောပြလိုက်တယ်...

တကယ်တော့ နင်တို့ငါတို့ဟာ
ပြည်ထောင်စုဖွားတိုင်းရင်းသား
ညီအစ်ကိုတွေဖြစ်တယ်....
စနစ်အမှားတွေ အတ္တတွေကြောင့်သာ
မငြိမ်းချမ်းခြင်း မဖွံ့ဖြိုးခြင်းဆိုတဲ့
ဒုက္ခအဝဝကို ခံစားနေကြရတာဖြစ်တယ်...

ဘယ်ဗမာ မှ အလုပ်မလုပ်ပဲ မချမ်းသာသလို
ဘယ်တိုင်းရင်းသားကို မှ ဗမာအများစုက
ချိုးနှိမ်နေတာ တွေ့ခဲ့သလားလို့ မေးမိနေရင်း...

#ငါဗမာလူမျိုး ဘယ်နေရာသာသလဲ.....?

crd #
AungKyawMin

Post a Comment

Previous Post Next Post