ရခိုင်မှာဘာတွေဖြစ်နေလဲ?




ရခိုင်မှာယနေ့ထိသိရသလောက်ပလက်ဝမြို့ကိုAAတေွသိမ်းမိသွားပြီဖြစ်သလိုပလက်ဝမြောက်ဘက်ကုလားတန်မြစ်ဘေးရှိထရွန်အိုင်စခန်းနုံးဘူးစခန်းရှင်းလက်ဝစခန်းတွေနဲ့ကုလားတန်မြစ်အောက်ဘက်ပလက်ဝနဲ့ကျောက်တော်ကြား
တင်းမစခန်းတောင်ရှည်စခန်းတွေကိုလည်းသိမ်းမိသွားပါပြီ။
ပြောရရင်ကုလားတန်မြစ်တလျောက်ကျောက်တော်မရောက်ခင်အထိAAထိန်းချုပ်လိုက်နိုင်ပြီလို့ဆိုရပါမယ်။
ပြည်မကလာတဲ့ကားလမ်းတလျောက်မြောက်ဦးမင်းပြားတွေကိုတိုက်နေပြီးပြည်မကလာတဲ့တခုတည်းသောအမ်းတောင်ကုတ်စစ်တွေကားလမ်းကိုထိန်းချုပ်ဘို့ကြိုးစားနေတဲ့အနေအထားပါ။
ကျောက်တော်စကခ၉ဟာကုလားတန်မြစ်အနောက်ဖက်ကမ်းမှာတည်ရှိပြီးကုလားတန်မြစ်ကိုဖြတ်ကျော်တဲ့ကစ္ဆပနဒီတတားတည်ရှိတဲ့အတွက်အဓိကကျပါတယ်။
အကယ်၍ကျောက်တော်မင်းပြားမြောက်ဦးစတာတွေသာAAထိန်းချုပ်ခံလိုက်ရရင်အဓိကဆသရလမ်းကြောင်းကောကုလားတန်မြစ်ကိုပါထိန်းချုပ်မိပြီးစစ်တွေဒကစဘူးသီးတောင်မောင်းတောနယ်တွေဟာသီးခြားဖြတ်တောက်ခံလိုက်ရသလိုဖြစ်လာပါမယ်။
စစ်တွေအတွက်ပုဏ္ဏကျွန်းနဲ့ပေါက်တောကိုAAတို့မထိန်းချုပ်နိုင်သေးဘဲပုဏ္ဏားကျွန်းနဲ့ပေါက်တောဟာ
စစ်တွေအတွက်အလွန်အရေးကြီးပါတယ်။
AAဟာရမ်းဗြဲအထိလက်တန်ဆန့်လာပြီးကျောက်ဖြူကိုပါထိန်းချုပ်ရန်ရည်ရွယ်နေဟန်တူပါတယ်။
အိန္ဒိယမြန်မာကုလားတန်မြစ်ဘက်စုံစီမံကိန်းတနည်းအားဖြင့်အ​ိန္ဒိယအရှေ့ဖက်ကုန့း်တွင်းပိတ်ပြည်နယ်များထွက်ပေါက်စီမံကိန်းတနည်းအားဖြင့်ကျောက်ဖြူရေနက်ဆိပ်ကမ့်းကိုတုန့်ပြန်မည့်အစီအမံဟာယခုလုံးဝပျက်စီးသွားတဲ့အနေအထားပါ။
AAဟာရှမ်းမြောက်မှာအင်အားစုအချို့ပို့ခဲ့ပြီးပူးပေါင်းပါဝင်ခဲ့သလိုမြန်မာ့တပ်မတော်စစ်မျက်နှာများပြီးအကြပ်တွေ့နေတဲ့အချိန်မှာရခိုင်ဘက်ကိုပြင်းပြင်းထန်ထန်တိုက်စစ်ဆင်ခဲ့ပါတယ်။ရှမ်းမြောက်မှာMNDAAနဲ့TNLAနယ်မြေအချို့သိမ်းပြီးချိန်မှာရှမ်းမြောက်စစ်မျက်နှာကိုခဏနားပြီးရခိုင်ဘက်ကုလားတန်မြစ်ရိုးတလျောက်တိုက်စစ်ဖွင့်ခဲ့တဲ့အစီအမံဟာဘယ်သူ့အကြံအစည်လဲဆိုတာအထူးပြောစရာလိုမည်မထင်ပါ။ပိုလို့အ့ံအားသင့်စရာကAAရဲ့လက်နက်ခဲယမ်းလုံးဝပြတ်လတ်မှုမရှိတဲ့အခြေအနေဟာအပစ်ရပ်ကာလမှာဘ့ဂ်လားဘက်ကတဆင့်တရုတ်​ေထာက်ပ့ံပို့ဆောင်ထား
တယ်ဆိုတာထင်ရှားနေပါတယ်။
တဖက်သတ်အပစ်ရပ်ထားတဲ့တပ်ဟာမဟာဗျူဟာ
အရခံစစ်သဘောဖြစ်နေလို့နည်းဗျူဟာအရနယ်မြေခံစစ်အတွက်ပြင်ဆင်ရင်းအင်အားတွေပြန့်ကွဲကုန်သလိုရန်သူကိုစိတ်ကြိုက်လှုပ်ရှားစုစည်းအခြေအနေဖန်တီးခွင့်ပေးထားရတဲ့ခံစစ်သေအဖြစ်
ကူးပြောင်းသွားကာနယ်မြေတွေစခန်းတွေလက်လွတ်ဆုံးရှုံးလာရပါတယ်။
ယခုလတ်တလောအင်အားတွေစုစည်းခံစစ်ဆင််နေရင်းရန်သူအင်အားကျဆင်းအောင်အမှည့်ခြွေခြွေနေတဲ့အနေအထားပါ။AAရဲ့ထိခိုက်ကျဆုံးမှုကလည်းအများအပြားရှိပေမဲ့တရွာကိုလူ၅၀မှ၁၀၀အထိမလိုက်မနေရစုစည်းထားတဲ့AAရဲ့
လူလှိုင်းစစ်ဆင်ရေးကကျမသွားသေးပါဘူး။
တပ်ဘက်ကခံစစ်ဆင်​ရေရှည်ဆွဲတိုက်မလား
တန်ပြန်တိုက်စစ်ဆင်မလားမည်သို့စီမံမလဲဆိုတာ
ေစာင့်ကြည့်ရပါတော့မယ်။

Post a Comment

Previous Post Next Post