❝ တရုတ်ပယောဂ ကင်းရဲ့လား.....❞XXXXXXXXXXXXXXXXX


တနေ့က ကိုယ်တွေရဲ့ FTC 2000G
ပစ်ချခံရတယ်ဆိုတဲ့ သတင်းတွေ
Social Media တွေမှာ တက်လာတယ်။
တိုက်ဆိုင်မှု မဟုတ်တဲ့ ဖြစ်ရပ်တွေထဲမှာ
ဒီနှစ်ပိုင်းအစမှာတင်
MI-17 နဲ့ တိုက်လေယာဉ်အပေါ့စား
(၂)စီးရှိသွားပြီလို့ သတ်မှတ်ရတော့မှာပါပဲ။
ဆိုတော့....
ရန်သူ့ဆီမှာ
ငှက်ပစ်သေနတ်တွေရှိနေပြီဆိုတာ
ဒီအချက်အလက်တွေက
ကွန်ဖန်းဖြစ်တယ်ပေါ့။
-------------
တပ်မတော်ရဲ့ မြေပြင်တပ်တွေကို
သောင်းကျန်းသူတွေဘက်က
စိတ်ဓာတ်အားဖြင့် အနိုင်မတိုက်နိုင်ဘူးဆိုတာ
တကယ့်အမှန်တရားပဲ။
ဥပမာ - မီးဝဗျူဟာနဲ့
မနေ့က ဖြစ်သွားတဲ့ သိုင်းငင်းစခန်းလိုမျိုး။
ခေတ်ဟောင်းနည်းဗျူဟာနဲ့တိုက်တုန်းက
(၄၄)ရက်အထိ တောင့်ခံနိုင်တဲ့
ခံစစ်ဗျူဟာကုန်းက
ခုချိန် တပတ်တောင် မခံနိုင်ဘူးဖြစ်သွားတယ်။
စခန်းတစ်ခုမှာ ....
တပ်ခွဲအဆင့် မဆိုထားနဲ့။
တပ်စု၊ တပ်စိတ်အဆင့်ဆိုရင်တောင်
အမိန့်နာခံလွယ်တဲ့ တပ်မတော်ကို
တိုက်ခိုက်ရခက်မှန်းသူတို့သိတဲ့အခါ
ဒရုန်းစစ်ဆင်ရေးကို
လှိုင်နေအောင် သုံးပြတယ်။
သုံးနိုင်အောင်လည်း
မဟာမိတ်လို့ခေါ်ရမဲ့ ဘက်အသီးသီးက
လူအားဖြင့်ရော၊ ငွေကြေးအားဖြင့်ရော
ဘက်ပေါင်းစုံက ထောက်ပံ့ပေးကြတာ
တွေ့ရတယ်။
တကယ်ဆို သိုင်းငင်းမှာ
ကိုယ်တွေရဲ့ စုဖွဲ့မှုက....
တပ်စိတ်(၂)စိတ်စာလောက်ပဲရှိတယ်။
အားမတန်လို့သာ
မာန်လျော့လိုက်ရတယ်လို့သုံးသပ်ရတယ်။
ဒါတောင် နောက်ဆုံးအချိန်ထိ
လက်နက်မချဘဲ
အသေခံတိုက်ပွဲဝင်သွားသေးတယ်။
--------------
FTC 2000G ကို
စစ်ဘက်လေ့လာသုံးသပ်သူတွေက
ဂျင်းလေယာဉ်လို့ ခေါ်ကြတယ်။
အကြောင်းကတော့ ...
အောက်ကပစ်တဲ့ဒုံးကို
အာရုံခံတဲ့ သတိပေးစနစ်တွေမပါဘူး။
အပိုဆီတိုင်ကီတပ်ထားရတာဖြစ်လို့
ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနိုင်ဖို့လည်း
မလွယ်ဘူးလို့ လေ့လာသူတွေက
သုံးသပ်ကြတယ်။
--------------------
ဘယ်လိုပဲ သုံးသပ်သုံးသပ်.....
FN-6 ဆိုတာ ပိုက်ဆံရှိတိုင်း
လွယ်လွယ်ကူကူဝယ်လို့ရတဲ့
လမ်းဘေး ကန်စွန်းရွက်မဟုတ်ဘူး။
တဖက်မှာ လေယာဉ်ရောင်းပြီး
တဖက်မှာ လေယာဉ်ပစ်လက်နက်
ရောင်းလိုက်တာမျိုးက မဟုတ်သေးဘူး။
ဒါပေမယ့်  အကျိုးစီးပွားတွေပါပဲ။
ကိုယ်က ဘယ်လို
ပြန်ကစားနိုင်အောင် လုပ်မလဲဆိုတာပဲ
ပိုအရေးကြီးပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post