ဆီဆိုင်မြို့လယ်ဓမ္မာရုံနဲ့ ကောင်းမှုဗွာဘုန်းကြီးကျောင်းတို့အားအကြမ်းဖက် သမားများမှ Drop Bomb ချ၍ ဖျက်ဆီး


အကြမ်းဖက်များ Drop Bomb ချတိုက်ခိုက်မှုကြောင့်ဆီဆိုင်မြို့လယ်က ဓမ္မာရုံနဲ့ ကောင်းမှုဗွာဘုန်းကြီးကျောင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ  ၂၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေရာက ဆရာတော်တွေနဲ့ အရပ်သားတွေဟာ ရှောင်တိမ်းနေတာကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ယခုအခါမှာ အကြမ်းဖက်သမားတွေဟာဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ ဘုရားစေတီတွေနဲ့ သာသနိက အဆောက်အအုံတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ဖျက်ဆီးလာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုအရ သိရပါတယ်။

ဆီဆိုင်မြို့အား မတိုက်ခိုက်ခင် ကယားပြည်နယ်တွင် သွားရောက်၍အသေခံတိုက်ပွဲဝင်နေသော ရှမ်း‌/တောင်  နာမည်ခံ PDF (၃) ရင်းဖြစ်တဲ့ ရင်း (၁၀၀၅)၊ရင်း(၁၀၀၈)၊SSLRUတပ်ပေါင်းစု များမှ ဆီဆိုင်မြို့လယ်ဓမ္မာရုံနဲ့ ကောင်းမှုဗွာဘုန်းကြီး ကျောင်းပျက်စီးမှုတွင်‌တွေ့ရသောဗုံးသီး များဖြင့် မိုးပေါ်ကကြဲချရန်အသင့်ဖြစ်နေသည်ဟု ၎င်းတို့ Page များတွင်တင်ထားတာတွေ့ရှိရပါတယ်။

ရွှေနေကြာ

https://t.me/shwenaykyar

Post a Comment

Previous Post Next Post