တပ်မတော်၊ PNO တပ်များနှင့် ပူးပေါင်းရန် RCSS တပ်ဖွဲများ ချီတက်လာ


ဇန် ၂၇ ၁၂၀၀ ချိန် PNLO/A အင် အား ၂၀၀ ခန့်သည် ဆီဆိုင်မြိုနယ်၊ ဘန်နောင်ကားရွာ (အယ်လ်စီ- ၃၁၀၄၈၅) သို ရောက်ရှိလာပြီး ၁၃၀၀ မှ ၁၄၁၅ ချိန်ထိ ရွာသား (၃၀) ဦးခန့်အား ခေါ်ယူတွေ့ဆုံ၍ ဇန် ၂၈ တွင် လူငယ်များ PNLO/A အဖွဲသို စစ်မှုမထမ်းမနေရ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားကာ ၎င်းကျေးရွာ၌ ဆက် လက် ခိုအောင်းလှုပ်ရှားလျက်ရှိနေကြောင်း သိရပါတယ်။

ဇန် ၂၇ ၀၉၂၀ ချိန် မောက်မယ်မြိုနယ်၊ ကဒူးကြီးကျေး ရွာ (LC-544050)၏ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာ (LC-530062)အနီးသို RCSS/SSA တပ် (စိစစ်ဆဲ)၊ ရင်းမှူးအဆင့်ရှိ မုနိ ခေါင်းဆောင် အင်အား ၂၀၀ ခန့်သည် ပျောက်ကြားဝတ်စုံ ဝတ်/ လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့ပါတယ်။

၎င်းအဖွဲသည် ကဒူးကြီးကျေးရွာအနီး အခပ နေသော RCSS/SSA အဖွဲမှ ၎င်းတိုအဆင့် ဗိုလ်မှူး ရွက်ဖ ခေါင်း ဆောင် အင်အား၈၀ခန့်နှင့်ပူးပေါင်းပြီး ကဒူးကြီး-ကဒူးလေးနယ်မြေမှတဆင့် ဆီဆိုင်တွင်ရောက်ရှိနေတဲ့ KNDF နဲ့ PNLO အဖွဲတွေကို ဝိုင်းပတ်တိုက်ခိုက်ရန်ဆက်လက်ချီတက်လာကြောင်းသိရပါတယ်။
KT

Post a Comment

Previous Post Next Post