KIA နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲက မော်လူးမြို့မစျေး တစ်စျေးလုံးမီးလောင်


စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲက မော်လူးမြို့မစျေး တစ်စျေးလုံးမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်မီးလောင်လို့ သိန်းထောင်သောင်းချီ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မြို့မစျေးဟာ  မနေ့က ညနေ ၅ နာရီခန့်အချိန်မှာစတင်လောင်းကျွမ်းခဲ့တာပြီးစျေးထဲမှာ ရှိတဲ့ ဆိုင်ခန်း ၃၀၀ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

“မီးကိုငြှိိမ်းမဲ့မီးသတ်သမားလည်းမရှိတော့ လက်ဆင့်ကမ်းငြှိမ်းရတော့ မီးမနိုင်ဘဲ တစ်စျေးလုံးလောင်သွားတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
       
PDF တွေမထိန်းချုပ်ခင်ကတည်းက ဌာနဆိုင်ရာဝန်ထမ်းတွေ မော်လူးမြို့ကနေ စွန့်ခွာခဲ့သလို မြို့ကိုတိုက်ခိုက်ပြီး နိုင်ငံ့ဝန်ထမ်းတွေ သတ်ဖြတ် ဖမ်းဆီးလိုက်ချိန်မှာ မြို့ကို နိုင်ငံဝန်ထမ်းတွေက စွန်ခွါခဲ့ကြတာဖြစ်ပါတယ်။ မြို့ကို PDF နဲ့ လက်နက်ကိုင်တွေပဲ ကိုင်တွယ်နေတာဖြစ်ပါတယ်။
      
လက်ရှိမော်လူးမြို့မစျေးမီးလောင်မှုက တိုက်ပွဲဖြစ်ပွားမှု၊ ပစ်ခတ်မှုတွေမရှိချိန်မှာလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။PDF တွေ စီးနင်းတဲ့ မြို့တိုင်းဟာ ပြည်သူထောင်သောင်းချီမှီခိုရတဲ့ မြို့မစျေးတွေ မီးလောင်နေတာတွေ့ရပါတယ်။
      
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း PDF နဲ့ kIAတွေ တိုက်ခိုက်နေတဲ့ မိုးမိတ်မြို့မစျေးလည်း မီးလောင်ခဲ့ပါသေးတယ်။

Post a Comment

Previous Post Next Post