အေးချမ်းနေသော ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို အလုံးစုံပြိုလဲပျက်စီးရေးအတွက် ကရင်နီအမည်ခံ KNDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့နှင့် PNFC ဥက္ကဋ္ဌ ​ခွန်ထွန်းမြင့် ဦးဆောင်သော ပအိုဝ်းလူမျိုးအမည်ခံ လက်နက်ကိုင်အဖွဲ့မှ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှုလုပ်ရပ်ကြောင့် ဒေသခံတွေ ထောင်ချီပြီး ထွက်ပြေးတိမ်း ရှောင်နေရ၊ ပြည်သူလူထုကို ဒုက္ခရောက်အောင် လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့အစည်းများကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးရန် တပ်မတော်နှင့် PNO/PNA ထံ ပအိုဝ်းဒေသခံတွေက တောင်းဆို


ကရင်နီအမည်ခံ KNDF/PDF ပူးပေါင်းအကြမ်း ဖက်အဖွဲ့နှင့် PNFC ဥက္ကဋ္ဌ ​ခွန်ထွန်းမြင့် ဦးဆောင်သော ပအိုဝ်းလူမျိုးအမည်ခံ လက်နက်ကိုင်အဖွဲ့မှ ယနေ့တွင် ဆီဆိုင်မြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှုလုပ်ရပ်ကြောင့် ဆီဆိုင်ဒေသခံတွေ ထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဆိုပါ ဒေသခံတွေက ပြောပါတယ်။

ကရင်နီအမည်ခံ KNDF/PDF ပူးပေါင်းအကြမ်း ဖက်အဖွဲ့သည် ၁၁၁၁ စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း မအောင် မြင်ခဲ့သဖြင့် PNFC ဥက္ကဋ္ဌ ​ခွန်ထွန်းမြင့် ဦးဆောင်သော ပအိုဝ်းလူမျိုးအမည်ခံ လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်း၍ ယခုကဲ့သို့ ဆီဆိုင်မြို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ PNDF-KK အဖွဲ့ဝင်တစ်ဦးထံမှ သိရပါတယ်။

PNFC ဥက္ကဋ္ဌ ​ခွန်ထွန်းမြင့်သည် ယခင်က NCA လက်မှတ်ရေးထိုးထားသော PNLO/PNLA တွင် ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးအဖြစ် ပါဝင်ခဲ့သော်လည်း NUG အမည်ခံအစိုးရမှ နွေဦးတော်လှန်ရေး အောင် မြင်ပါက ပအိုဝ်းဒေသအား သီးခြားလွတ်လပ်သော ပြည်နယ်အဖြစ် ပြန်လည်ပေးအပ်မည်ဟူသော စည်းရုံးမှုကြောင့် PNDF-KK ကို ဖွဲ့စည်းကာ ယခုကဲ့သို့ မြို့သိမ်းတိုက်ပွဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လည်း သိရပါတယ်။

လက်ရှိအချိန်တွင် ကရင်နီအမည်ခံ KNDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့နှင့် PNFC ဥက္ကဋ္ဌ ​ခွန်ထွန်းမြင့် ဦးဆောင်သော ပအိုဝ်းလူမျိုးအမည်ခံ လက်နက် ကိုင်အဖွဲ့တို့သည် ဆီဆိုင်မြို့အတွင်း နေရာယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်း၍ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူနေတယ်လို့လည်း သိရပါတယ်။

ပအိုဝ်းဒေသအား အလုံးစုံ ပျက်စီးရေးနှင့် ပြည်သူ လူထုကို ဒုက္ခရောက်အောင် လုပ်ဆောင်နေသော KNDF/PDF/PNDK-KK  အကြမ်းဖက်အဖွဲ့အစည်းများကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးရန် တပ်မတော်နှင့် PNO/PNA ထံ ပအိုဝ်းဒေသခံ တွေက တောင်းဆိုလိုက်တယ်လို့လည်း PNA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ကြီး ခွန်သွေးသစ်က MSM သို့ ပြောသည်။

#Mawshan Myay Media
https://t.me/channels2022/3868?single

Post a Comment

Previous Post Next Post