MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တစ်ဝိုက်ကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်



ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တစ်ဝိုက်ကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြန်လည်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ တုံချိန်ဒေသကို ယမန်နေ့(ဇန်နဝါရီလ ၈ ရက်)မှ ယနေ့(ဇန်နဝါရီလ ၉ ရက်)အထိ တပ်မတော်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“လောက်ကိုင် တုံချိန်မှာ မနေ့ကစပြီး ဒီနေ့အထိ လေယာဉ်နဲ့ ဗုံးလာကြဲတာရှိတယ်။ ဒီနေ့ နေ့လည်လောက်မှာလည်း ဗုံးကြဲသွားတာရှိတယ်။ အဓိကတော့ တုံချိန်ကို ကြဲသွားတာ။ အဲဒီမှာက MNDAA အဖွဲ့ဝင်တွေ အများကြီးရှိတယ်။ အဲဒါကြောင့် လို့ ထင်တယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က လက်ရှိအချိန်ထိတစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုခြင်းမျိုး မရှိသေးပါဘူး။

Post a Comment

Previous Post Next Post