ရဲတပ်ဖွဲနှင့် PNO တပ်ဖွဲဝင်များမှ တောင်ကြီးမြိုနယ်တွင်ဘိန်းဖြူ ၁၃၂၀၀၀ ဂရမ်ခန့်၊ကာလတန်ဖိုး ကျပ်သိန်း ၁၉၈၀၀ ဖမ်းမိ


ရဲတပ်ဖွဲဝင်များနှင့်အသွင်ပြောင်းပြည်သူစစ်(ဌာနေ) PNO အဖွဲဝင်တိုသည် သက်သေများနှင့်အတူ ဇန်နဝါရီလ ၉ ရက်နေ့တွင်တောင်ကြီးမြိုနယ်၊ နောင်ကားကျေးရွာရှိ စျေးအရှေ့၌ ယာဉ်များအား စစ်ဆေးနေစဉ် ကျောက်တစ်လုံးကြီးမြိုဘက်မှ တောင်ကြီးမြိုဘက်သို အမျိုး သား ၂ ဦး မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 2K-7163(အဖြူရောင်)(လိုင်စင်မဲ့)ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံရှာဖွေရာ နောင်ကား-ပုန်းအယ် အကြားရှိ တောလမ်း၌ ယာဉ်အား ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ သဖြင့် စစ်ဆေးခဲ့ရာ ယာဉ်၏ နောက်ခန်းရှိ ဆာလာအိတ် ၆၀ အိတ်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၂၀၀ ခွက်၊ တစ်ခွက်လျှင် ၁၀ ဂရမ်နှုန်းဖြင့် ၁၃၂၀၀၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၉၈၀၀ ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

Post a Comment

Previous Post Next Post