မူးယစ်ဆေးဝါးနဲ့ ပလောင်လူမျိုးတွေကို ဖျက်ဆီးလိုက်တဲ့ TNLA အကြမ်းဖက်အဖွဲ့




TNLA အကြမ်းဖက်အဖွဲ့ ဘယ်လိုပေါ်ပေါက်လာသလဲ..?

မူးယစ်ဆေးဝါးနဲ့ TNLA ဘယ်လို ပတ်သက်သလဲ..?

-

TNLA အကြမ်းဖက်အဖွဲ့ ဘယ်လိုပေါ်ပေါက်လာသလဲဆိုတော့ ပလောင်အမျိုးသားတပ်ဦးဆိုတဲ့ အဖွဲ့က စတယ်လို့ပြောရမယ်။ ပလောင်နယ်မှာ ပလောင်အမျိုးသားတပ်ဦးဆိုတဲ့အဖွဲ့ကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ပလောင်ခေါင်းဆောင် မိုင်းကွမ်းတောင် ဦးဆောင်ပြီးဖွဲ့စည်းခဲ့တယ်။ ဒီအဖွဲ့ ဖွဲ့စည်းဖို့ ဘယ်သူက ကူညီဖွဲ့စည်းပေးခဲ့တာလည်းဆိုတော့ ထုံးစံအတိုင်း အကြမ်းဖက်အဖွဲ့တွေကို ယနေ့အချိန်ထိ မွေးထုတ် ပေးနေတဲ့ KIA အကြမ်းဖက် အဖွဲ့ကပဲ မွေးထုတ်ပေးခဲ့တာပါ။

-

ပလောင် ခေါင်းဆောင် မိုင်းကွမ်းတောင်ဟာ ပလောင်အမျိုးသားတပ်ဦးဆိုတဲ့ (PSLO/PSLA) အဖွဲ့ကို ဖွဲ့စည်းခဲ့ပေမယ့် ၁၉၉၁ ခုနှစ် ဧပြီ ၂၇ ရက်နေ့မှာ နဝတ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။

-

ဒီလိုငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်တာနဲ့ပတ်သက်ပြီး မကျေနပ်တာက မိုင်းတင်မောင်ဖြစ်ပါတယ်။ ဒါကြောင့် မိုင်းတင်မောင်နဲ့ ၎င်းလက်အောက်ခံအချို့ဟာ မူရင်းအဖွဲ့အစည်းကနေခွဲထွက်ပြီး ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အကြမ်းဖက် KNU ဌာချုပ်ရှိရာနေရာမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးခွဲထွက်အဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။

-

၂၀၀၅ ခုနှစ်မှာတော့ အစိုးရဖြင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ (PSLO/PSLA) အဖွဲ့ဟာ လက်နက်များအပြီးတိုင်ဖြုတ်သိမ်းပြီး ပလောင်နယ် တိုးတက်ဖို့အတွက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလို လက်နက်ဖြုတ်သိမ်းတာနဲ့ ပတ်သက်ပြီး မကျေနပ်တာကတော့ တာအိုက်ပေါင်းနှင့် တာဘုန်းကျော် တို့ပဲဖြစ်ပါတယ်။




-

ဒါ့ကြောင့် တာဘုန်းကျော်တို့ဟာ ၎င်းတို့ကို ထောက်ခံတဲ့သူအချို့နဲ့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်ဘဲ

TNLA အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ တာဘုန်းကျော်တို့ စတင်ဖွဲ့စည်းချိန် လူ/လက်နက်/ရိက္ခာနဲ့ ငွေကြေး အနည်းငယ်သာရှိခဲ့ပါတယ်။ ဒီလို မဖြစ်စလောက်အင်အားနဲ့ စတင်ဖွဲ့ခဲ့တဲ့ TNLA အကြမ်းဖက်အဖွဲ့ဟာ ဘာကြောင့် နေ့ချင်းညချင်း အင်အားကြီးထွားသွားတာလဲ..?

-

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တော်တော်များများဟာ မူးယစ် ဆေးဝါးနဲ့ မကင်းကြပါဘူး။ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သလို ဖြန့်ဖြူးခြင်းများလည်း လုပ်ဆောင် လျက်ရှိပါတယ်။ TNLA အကြမ်းဖက်အဖွဲ့ဟာလည်း ဘိန်းစိုက်ပြီး ခေါင်းထောင်လာတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။

-

ဒီလိုမူးယစ်ဆေးဝါးကြောင့် ငွေကြေးပြည်စုံလာတဲ့ TNLA အကြမ်းဖက်အဖွဲ့ဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်များကိုပင် ဖမ်းဆီးကာ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ ပလောင် တိုင်းရင်းသားအများစုဟာ ရိုးသားကြသလို မိရိုးဖလာအတိုင်းအေးချမ်းစွာနေထိုင်ကြသူတွေဖြစ်ကြပါတယ်။ ဒီလိုအေးဆေးစွာနေထိုင်ကြတဲ့ ပလောင်တိုင်းရင်းသားတွေကို အရောင်ဆိုးပြီး ဘိန်းစားဇာတ်သွင်း လိုက်တာကတော့ တာဘုန်းကျော်တို့ အဖွဲ့ပဲဖြစ်ပါတယ်။

-

ပလောင်နဲ့ဘိန်း ဘယ်လောက်ထိ တစ်သားတည်းဖြစ်သွားသလဲဆိုရင် ဘိန်းအစားထိုး လက်ဖက်စိုက်ပျိုးတာ မဟုတ်တော့ဘဲ လက်ဖက်အစားထိုး ဘိန်းပင်တွေ စိုက်ပျိုးလာတဲ့အထိဖြစ်ခဲ့ရသလို ပလောင်နယ်မြေမှာ ရှိတဲ့ ပလောင်တိုင်းရင်းသားအများစုဟာလည်း ဘိန်းစွဲသည်အထိဖြစ်ကုန်ကြပါတယ်။

-

ဒါ့အပြင် တာဘုန်းကျော်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ဒီမှာတန့်မသွားဘဲ ကိုးကန့်မူးယစ်ရာဇာ ဖုန်ကြားရှင်ရဲ့သားဖြစ်သူ ဖုန်တာရွှင်အပါအဝင် ရခိုင် AA အကြမ်းဖက်ခေါင်းဆောင် ထွန်းမြတ်နိုင်တို့နဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးတွေကို ယခင်ကထက် တိုးပြီး ထုတ်လာခဲ့ပါတယ်။ မူးယစ်ဆေးဝါးကြောင့် လက်နက်အင်အား ငွေအင်အား အတန်အသင့်ရှိလာတဲ့ TNLA ပလောင်အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရ ဒေသအတွင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေကို ဖိနှိပ်မှုများ ပြုလုပ်လာတဲ့ အတွက် RCSS/SSA အဖွဲ့နှင့် တိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

-

ယခုဆိုရင်တော့ မူးယစ်ဆေးဝါး လမ်းကြောင်းကြီးကို ပိုင်ဆိုင်သွားပြီး အင်အားကြီးထွားလာပြီဖြစ်တဲ့ တာဘုန်းကျော်ဟာ တပ်မတော်ရဲ့ တပ်ရင်းဌာနချုပ်တွေ၊ စခန်းတွေကို အလုံးအရင်းနဲ့တိုက်နေတာဟာ တပ်မတော်က နိုင်ငံတော်အာဏာ လွှဲပြောင်းယူခဲ့လို့တိုက်နေတာလည်း မဟုတ်သလို၊ ပလောင်လူထု ကောင်းစားရေးအတွက် တိုက်ပွဲဝင်နေတာလည်း မဟုတ်ပါဘူး။ ဒါတွေကို ကောင်းကောင်းသိဖို့ လိုအပ်ပါတယ်။

-

TNLA အကြမ်းဖက်အဖွဲ့ရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လာတာနဲ့အတူ မူးယစ်ဆေးဝါးပျံ့နှံ့မှုလည်း ကျယ်ပြန့် လာမှာဖြစ်ပါကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။




Post a Comment

Previous Post Next Post