ပထဝီနိုင်ငံရေး အရေးပါတိုင်းပြည်၏ လူထုနိုင်ငံရေး ရေချိန်


ကျွန်တော်တို့ဆီက နိုင်ငံရေးစိတ်ဝင်စားသူအတော်များများဟာ
..
မြန်မာအပေါ် ပြည်ပနိုင်ငံများနဲ့ စွက်ဖက်ပတ်သက်မှု Conspiracy Theory တွေ ပြောကြရင်
..
အမေရိကန် CIA အကြောင်း
..
တရုတ်နဲ့ ထိုင်း အကြောင်းသာ ပြောကြတယ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထည့်မပြော မစဉ်းစားကြပါ
..
အထူးသဖြင့် ကချင်ပြည်နယ်အနောက်ပိုင်းနဲ့ ထိစပ်နေတဲ့ အိန္ဒိိယ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်မှာ
..
နယ်ခြားအငြင်းပွားမှုနဲ့ ကမ္ဘာ့လူဦးရေအများဆုံး နျူလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံစစ်တပ်များ ရန်စောင်နေကြောင်း၊
..
အာရူနာချယ်ပရာဒက်ရှ်အပါအဝင် အရှေ့မြောက် ဝေးလံခေါင်ဖျား ပြည်နယ် ၇-ခု ( ညီအမ ခုနစ်ဖော်) ကို ထောက်ပံဆက်သွယ်ရေး
..
အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းအကြောင်း ရေမီးရှား လူ ၁၀ ယောက်မှာ ၈ ယောက်ခန့် မကြားဖူးပါ
..
ကူကီးချင်းတွေဟာ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံများအတွင်း တရားဝင်လူမျိုးအဖြစ် ပျံ့နှံ့နေထိုင်ကြတယ်
..
မြန်မာနိုင်ငံအတွင်းမှာသာမက အိန္ဒိယ မဏိပူရပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တကောင်းတောင်တန်းမှာ သီးခြားခွဲထွက်ရေး လက်နက်ကိုင်ပုန်ကန်နေကြောင်း
..
တစ်ချိန်က မြန်မာပြည် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ နယ်မြေဟာ ရှမ်းမြောက်တစ်ခုတည်းဖြစ်ပေမယ့်
..
ခုနောက်ပိုင်း ရှမ်းတောင်၊ ကယားနဲ့ ချင်း၊ ကချင်ပြည်နယ်တို့ပါ ပါဝင်လာတာ အတော်ကြာပြီဖြစ်ကြောင်း မသိကြပါ။
..
.
အလားတူ ပြည်မကြီးနဲ့ ကျွန်းနိုင်ငံတို့အကြား ထိုင်ဝမ်ရေလက်ကြား တင်းမာမှုနဲ့ဆက်နွယ်လို့ စိုးရိမ် ခံစားချက်များအကြောင်း ပြောကြရင်
..
ပြည်မကြီး- ထိုင်ဝမ် အမေရိကန်နဲ့ အနောက်အုပ်စုအကြောင်းသာ ပြောကြတယ်။
..
အာရှကျားကြီးများဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်အပြင် ရုရှားအကြောင်း ထည့်ကို မစဉ်းစားကြတာ များပါတယ်။ ပြည်မကြီးနဲ့ ကျွန်းနိုင်ငံတို့ စစ်ဖြစ်ကြရင် အဲ့ဒီ ၃-နိုင်ငံကလည်း အရင်ဆုံးပါဝင်နိုင်ပါတယ်။
..
..
ဒုတိယ ကမ္ဘာစစ်ကာလ မြန်မာပြည်ကို ဂျပန်တို့ ကျူးကျော်သိမ်းပိုက်ခဲ့တာ အားလုံးအသိပါ
..
ဘာ့ကြောင့် မြန်မာပြည်ကို စစ်တိုက်သိမ်းပိုက်ရတာလဲလို့ ဂျပန်တွေကို မေးတော့
..
“အင်္ဂလိပ်တွေ နယ်ချဲ့ကျူးကျော်လာတာ မြန်မာပြည်အထိ ရောက်နေပြီလေ၊ မကြာခင် ကျွန်တော်တို့ဆီ ရောက်လာနိုင်လို့ ကြိုတင်ဟန့်တားရတာပါ” လို့ အဖြေရှိကြောင်း ဖတ်ဖူးသူ အလွန်နည်းပါတယ်။
..
ဂျပန်က မြန်မာကို HIV , TB ရောဂါအပြင် ကာကွယ်ဆေး ကုသဆေးအတော်များများ အမြဲလှူဒါန်းပါတယ်။
..
အဲ့ဒါ လူ-လူချင်း စာနာထောက်ထားမှု ဖြူစင်တဲ့ စေတနာကြောင့် နံပတ်-၁ ဖြစ်ပြီး
..
ကုသရန် ခက်ခဲတဲ့ ရောဂါများ သူ့နိုင်ငံဆီ ရောက်မလာအောင် ကြိုတင်တိုက်ဖျက်နေခြင်းလည်း ပါဝင်ပါတယ်။
..
၂၀၀၃-ခုနှစ် ဆဒမ်ဟူစိန်လက်ထက် အမေရိကန်ကျူးကျော်မှုမှာ အီရတ်တပ်မတော် ပျက်ပြားပြီး PMF ခေါ် ခေတ်မီလက်နက်ကိုင် ပြည်တွင်းစစ်အုပ်စုကြီးပေါ်ပေါက်လာပုံ
..
၂၀၁၁-ခုနှစ် ကဒါဖီလက်ထက် လစ်ဗျားတပ်မတော်ပြိုကွဲပြီးနောက် ဒေသန္တရစစ်ဘုရင်အုပ်စုငယ်များဖြစ်သွားကြပြီး ယနေ့တိုင် တိုင်းပြည်ဖရိုဖရဲဖြစ်နေပုံ
..
၂၀၁၁-ခုနှစ် စတင်ဖြစ်ပွားတဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ ဒေသတွင်းနဲ့ ပြည်ပနိုင်ငံကြီးများဝင် ရောက်စွက်ဖက်လာပြီး လူတွေအများကြီး သေဆုံး၊ အသတ်ခံရ၊ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံများအထိ စစ်ဘေးဒုက္ခသည်များအဖြစ် ထွက်ပြေးနေရပုံ စသည်ဖြင့်
..
လွန်ခဲ့တဲ့ ၅-နှစ်လောက်က စပြီး အထက်ပါအကြောင်းအရာတွေကို လက်လှမ်းမီသရွေ့ ကျွန်တော်ဘာသာပြန်ဖော်ပြနေခဲ့ပါတယ်။
..
ရင်းနှီးတဲ့ ပရင့်တက်အယ်ဒီတာတစ်ယောက်ဆို “ဆရာရယ်.. အဲ့ဒီအကြောင်း မဟုတ်ပဲ၊ တခြားအကြောင်း ရေးပေးပါလား၊ ကျွန်တော်တို့ဆီမှာ အဲ့ဒါတွေကို စိတ်ဝင်စားသူ အင်မတန်နည်းတယ် “ တဲ့
..
ဟုတ်မှာပါ .. ကျွန်တော်တို့ဆီမှာက မြန်မာပီပီ ကိုယ်သိထားတာနဲ့ မကိုက်ညီရင်၊ သို့မဟုတ် ကိုယ်မကြိုက်ထာ ပါနေရင် အဲ့ဒါမှားတယ်

ချစ်လုံးလုံး မုန်းလျားလျား ၊ “တစ်ခုခုဆို သွားပါပြီ ဘယ်တော့မှ မရတော့ဘူး..” လို့ လှေနံဒါးထစ် တစ်ရာဖိုး သုံးပုဒ်သမားတွေသာ ကောင်းစားနေကြတာ၊ ဖတ်သူများကလည်း မရွေးချယ်တတ်ကြတော့ပါ။
..
#ကြာလာတော့_နိုင်ငံသားတစ်ဦးချင်း #နိုင်ငံရေး_ရေချိန်နိမ့်ကျပြီး ဇွန်ဘီးတွေလို_ဖြစ်ကုန်ကြတယ်။
..
ထိုင်းနဲ့ မြန်မာ လူဦးရေ-ကိုးကွယ်ရာဘာသာ-ယဉ်ကျေးမှုဓလေ့ထုံးစံ-ရေမြေသဘာဝနဲ့ စစ်အာဏာသိမ်း တိုင်းပြည်ဖြစ်ရာမှာ ထပ်တူနီးပါးတူညီပါတယ်။
..
ဒီနေ့ ပရာယွတ်ရဲ့ စစ်တပ်လက်ဝါးကြီးအုပ် နိုင်ငံရေးပုံစံကို ပြောင်းလဲဖို့ ထိုင်းတွေ ဘယ်လို တုန့်ပြန်နေကြသလဲ မမြင်တတ်ကြတော့ပါ၊ မှန်ကန်စွာ မသုံးသပ်ကြတော့ပါ
..
#ဘယ်လောက်_မြန်၊ #ဘယ်လောက်အဆင့်မြင့်တဲ့_စူပါကွန်ပျူတာကြီးဖြစ်ပါစေ၊
..
#အချက်အလက်မှန်အားလုံးကို_ထည့်သွင်းပေးရပါတယ်။
..
#အချက်အလက်မှားတွေ_ထည့်သွင်းပေးရင်_အဖြေမှားတွေသာ_တွက်ချက်ပေးပါလိမ့်မယ်။
..
အဲ့ဒါကြောင့် အကုသိုလ်များလွန်းလို့အုပ်စုလိုက်ကြီး ကျွန်တော့်ဘလော့ပစ်တော့ သွေးနားထင်ရောက် မိုက်ရိုင်းပါသတဲ့
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine

Post a Comment

Previous Post Next Post