ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြိုအဝင်ရှိ စေတီတစ်ဆူအား TNLA အကြမ်းဖက် သောင်းကျန်းသူများက ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီး


အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊  ပြည်သူ လူထု အထိတ်တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထိုပြင် ဗုဒ္ဓဘာသာ ဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အဦများ အပါအဝင်  အခြားဘာသာဝင် များ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုး ကျောင်းများအား  Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်သိရှိပြီးဖြစ်သည်။

#myanma_gone

Post a Comment

Previous Post Next Post