AAဘာလဲ၊ဘယ်လဲ...?


PDFက တစ်စခန်းထချိန်မှာ
ချော်လဲရောထိုင် EAOတွေ အတော်များတယ်၊
ရခိုင်တပ်မတော်AAအပါဝင်ပေါ့။

ဒီအချိန်ကတိုက်ပွဲဖော်ဆောင်ဖို့ အကောင်းဆုံးအချိန်ပါလို့ ထွန်းမြတ်နိုင်ကိုယ်တိုင်က ပြောထွက်လာပါတယ်၊
NLDအစိုးရလက်ထက်မှာ အစိုးရနဲ့ပြည်သူက အကြမ်းဖက်လို့သက်မှတ်ခံရပြီး နာမည်ပျက်နေတဲ့ AAဟာ ယခုအချိန် တပ်မတော်ကို တိုက်ခိုက်ရင် ဝိုင်းပြီးလက်ခုပ်တီးကြမယ်ဆိုတာသိတဲ့ အတွက် ချော်လဲရောထိုင်တာပါပဲ။

ထွန်းမြတ်နိုင်က ပါးတယ်နပ်တယ်
ဆေးစက်ကျရာ အရုပ်ထင်အောင် ရေးတက်တယ်။

ရခိုင်လူမျိုးတို့ မျိုးချစ်စိတ်ပြင်းထန်မှုကို ကောင်းကောင်းကြီးအသုံးချပြီး ရခိုင်ပြည်လွတ်မြောက်ရေး ခွဲထွက်ရေး အစဉ်တစိုက်ကြွေးကြော်တယ်။
တကယ်တော့ ကိုယ်ကျိုးစီးပွားသက်သက်သာ စစ်တိုက်စားနေတာလို့ပြောလို့ရတယ်။

NLDအစိုးရလက်ထက်မှာ ရခိုင်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သက်ဖြက်သွားတဲ့ ARSAအကြမ်းဖက်သမား တွေကို တပ်မတော်ကနှိမ်နင်းနေချိန်  AAဟာ တပ်မတော်ရဲ့ နယ်ခြားစောင့်တပ်စခန်းကို နောက်ကြောကနေ ဝင်တိုက်တယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကိုယ်တိုင် AAကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့တယ်၊ ထွန်းမြတ်နိုင်ရဲ့ မိသားစုကို NLDအစိုးရကဖမ်းစီးခဲ့တယ်၊
AAကလည်း NLDလွတ်တော်အမတ်ကိုယ်စားလှယ်လောင်းတွေကို ဖမ်းစီးပြန်ပေးစွဲတာတွေပြန်လုပ်ခဲ့တယ်။
AAကို အကြမ်းဖက်အဖွဲ့အဖြစ်သက်မှတ်မှုကနေ တပ်မတော်ကပဲ ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။

ဒါဟာ AAသည် ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ခိုက်နေတာမဟုတ်ဘူးဆိုတဲ့ အချက်ကိုပြသနေခြင်းပဲ။

နောက်ပြီး
PDFရယ်လို့ အလျှိုလျှိုပေါ်လာချိန်မှာ AAကနေပြီး၊ ရခိုင်ပြည်နယ်မှာ AAရှိနေသည့်အတွက် တခြားလက်နက်ကိုင် အဖွဲ့ဘယ်အဖွဲ့မှ ဖွဲ့ခွင့်မပြုဘူလို့ တရားဝင်ကြေညာခဲ့တယ်။
ဒါကြောင့် AAသည်တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုပြသခြင်းပါပဲ။

၂၀၁၉ခုနှစ်က ထွန်းမြတ်နိုင်နဲ့BBCအင်တာဗျူးမှာ ထွန်းမြတ်နိုင် ပြောသွားဖူးပါတယ်၊
AAအနေနဲ့ တပ်မတော်ကသာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်ကမ်းလာရင် ဆွေးနွေးဖို့အသင့်ပဲလို့ပြောသွားဖူးပါတယ်။
နောက်ပြီး AAဟာ တပ်မတော်စစ်ကြောင်းထိုးမှသာ တိုက်ခိုက်တာပါ စစ်ပွဲတွေကိုမဖန်တီးပါဘူလို့ တဆက်တည်းပြောသွားပါတယ်
(၂၀၁၉တုန်းက ထွန်းမြတ်နိုင်နဲ့BBCရဲ့အင်တာဗျူးကြည့်ချင်ရင် ဒီLinkမှာဝင်ကြည့်
https://youtu.be/SjO0jr8FFOU?si=mvc8LZ9BF6GBKIBn )


လက်ရှိအချိန်မှာ တပ်မတော်အနေနဲ့ ဆွေးနွေးဖို့ခေါ်တယ် မလာဘူး၊ တပ်မတော်ကစစ်ကြောင်းမထိုးဘူး AAကိုယ်တိုင်က တပ်မတော်နဲ့ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုင်မှုတွေလုပ်လာတယ်၊
ဒါကြောင် AAသည် ရခိုင်ပြည်နယ်နဲ့ရခိုင်လူမျိုးအတွက် ငြိမ်းချမ်းရေးကို လိုလားသူမဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။

ဒါဆိုရင် AAသည် ဘာအတွက်လဲ ဘယ်သူ့အတွက်လဲ။
တရုတ်ကသာနောက်ကနေပံ့ပိုးရင် နေပြည်တော်အထိတက်သိမ်းမယ်လို့ ပြောကတည်း AAဟာ ဘယ်သူ့အတွက်လဲဆိုတာသိသင့်တယ်၊

ရခိုင်ပြည်နယ်အတွက်လား
တပ်မတော်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်အထိပေးမယ် ဆွေးနွေးကြမယ်ဆိုတော့ AAသည် လက်မခံခဲ့ပါ။
ထွန်းမြတ်နိုင်ရဲ့AAသာ စေတနာမှန်ရင် သေနပ်တစ်ချက်မဖောက်ရပါပဲ ကိုယ်ပိုင်ပြဌာန်းခွင့်ရနိုင်ပါတယ်၊
အခုတော့ရခိုင်ပြည်နယ်စစ်မီးလောင်ပြီ၊
မဖြစ်နိုင်တဲ့
ရခိုင်နိုင်ငံတော်လွတ်မြာက်ရေးဆိုတာကိုပဲ တသွင်သွင်ပြောဆိုနေပါတော့တယ်။
ထွန်းမြတ်နိုင်ရဲ့ နိုင်ငံရေးပေါ်လစီအရဆိုရင် မွန်သည်လည်း တစ်ချိန်ကပဒေသရာဇ်နိုင်ငံတေယ်မလား၊ စစ်ကိုင်း အင်းဝ တောင်ငူ သည်လည်း သူ့ဘုရင်နဲ့သူမလား ဆိုတော့ မြန်မာနိုင်ငံဟာ ဆိုဗီယက်လို ပြိုကွဲရုံသာရှိတော့တယ်။

ရခိုင်လူမျိုးတွေအတွက်လား
ရက္ခိတလမ်းစဉ်ဆိုပြီး ရခိုင်နိုင်ငံတော်ထူထောင်ဖို့သာပြောနပေမယ့်၊ ဘင်္ဂလီအရေးမှာ ပြက်သားတဲ့မူဝါဒမရှိဘူး၊ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးတွေသာပိုင်ဆိုင်ရမယ်ဆိုပြီး AAဟာ ချင်းလူမျိုးတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျတာ ဘာသဘောပါလိမ့်၊ ကိုယ်ချင်းမစာတာလား၊

လိုချင်တဲ့အနိုင်ရလာဒ်ကို စိတ်ကူးယဉ်ကြည့်
NLDအစိုးရနဲ့AAဟာ ရန်သူတွေပါ
NLDဟာယခုတော့NUGဖြစ်သွားပြီ
ရခိုင်ကို အင်တာနက်ဖြက်ခဲ့တာNLD
ရခိုင်ကိုရိက္ခာဖြက်ခဲ့တာNLD
AAကိုအကြမ်းဖက်သက်မှတ်ခဲ့တာNLD
ဆိုတော့ ဘယ်အစိုးရတက်တက် AAရဲ့ရန်သူဖြစ်နေမှာပါပဲ
ဘာပဲဖြစ်ဖြစ်AAဟာခွဲထွက်မယ်
ဖက်ဒရယ်စနစ်အရ ပြည်နယ်အနေနဲ့ခွဲမှာမဟုတ်ဘူးနော်၊
ရက္ခိတလမ်းစဉ်အရ လွတ်လပ်ရေးကြေညာပြီး နိုင်ငံထူထောင်မယ်လို့ ထွန်းမြတ်နိုင်က အတိလင်းပြောပြီးသား၊
ဒါဆိုရင် ပြည်ထောင်စုဖြိုခွဲမယ့် ဘုံရန်သူကဘယ်သူလဲဆိုတာ သိသင့်တယ်။

လောလောဆယ်တော့ ရခိုင်ပြည်သူတွေ ဒုက္ခအတိရောက်နေပါပြီ၊
ရက္ခိတလမ်းစဉ်အရ AAဘာလုပ်မှာလဲ?

#Fourth_TZO

Post a Comment

Previous Post Next Post