ကောလင်းမြို့နယ် အောင်ချမ်းသာကျေးရွာအနီးတွင် KIA/ PDF အကြမ်းဖက်သမားများ၏ အလောင်း၊ လက်နက်၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


ကောလင်းမြို့နယ် အောင်ချမ်းသာကျေး ရွာအနီးတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ ၁၀ နာရီခွဲခန့်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များသည် KIA/PDF အကြမ်းဖက်သမားများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA/PDF အကြမ်းဖက်သမား ၈ လောင်း ရရှိခဲ့သည်။
အကြမ်းဖက်သမားများထံမှ လက်လုပ်စိန်ပြောင်း ၃ လက်၊ ပန်ကာ ၄လက်ပါ ဒရုန်း ၁ စီးတို့အား သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။
ကောလင်းမြို့ကို ထိန်းချုပ်ထားသည်ဆိုသော NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ KIA/PDF အကြမ်းဖက်သမားများကို ကျားဘီလူးစစ်ကြောင်းက ရှင်းလင်းဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ၅-၂-၂၀၂၄ ရက်နေ့မှ စတင်ဝင်ရောက် ရှင်းလင်းနေခြင်းဖြစ်သည်။

https://t.me/MyanmarNationalPost

Post a Comment

Previous Post Next Post