ရသေ့တောင်မြို့နယ်တွင် AA အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် မူဆလင်တစ်ဦးသေဆုံး

ရသေ့တောင်မြို့နယ်တွင် AA အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညက မူဆလင်တစ်ဦး သေဆုံးသွားကြောင်း ၎င်းတို့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်တိုင်‌ကျေးရွာနေ အသက်(၅၇)နှစ်အရွယ်ရှိ အဒူသျှောရ်ကူရ်ဖြစ်ပြီး ၎င်း၏သားဖြစ်သူနှင့်အတူ နေအိမ်သို့ပြန်လာစဉ် AA အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဘယ်ဘက်ရင်အုံ ကျည်ဆံထိမှန်ခဲ့ကြောင်းနှင့် ထိုသတင်းမပေါက်ကြားစေရေး သားဖြစ်သူကိုလည်း AA အဖွဲ့က ခြိမ်းခြောက်ထားသည်ဟု သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ဗောဓိကုန်းရွာနှင့် နိုတူလာရွာကြား၊ ဗလီပျက်အနီး၌ စပါးရိတ်သိမ်းနေသော မွတ်ဆလင်များကို AA အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ ဒုညောင်ပင်ကြီးကျေးရွာနေ အသက်(၁၉)နှစ် အရွယ်ရှိ အယ်နာမူဟာဆောင်းဆိုသည့် မွတ်ဆလင်လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

#MayYuHtarNay

Post a Comment

Previous Post Next Post