ကလေးတက္ကသိုလ်မှ ဆရာများနှင့် ကျောင်းသား/သူများအား အကြမ်းဖက် PDF များဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေး တက္ကသိုလ်သို့ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားအင်အား ၁၃၀ ဦးခန့်က ကလေးတက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ရူပဗေဒနှင့် သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများနှင့် ရုံးဝန်ထမ်း များကို ဖမ်းဆီးထားရှိကြောင်း  တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့မှုအရ သိရှိရ သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီသွားရောက်ကယ်ဆယ်ခဲ့ရာ PDF အကြမ်းဖက်သမားများနှင့်  အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားရာ ကလေးတက္ကသိုလ်အတွင်းရှိ စာသင် ဆောင်များမှ ဖမ်းဆီးခံထားရသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ရုံးဝန်ထမ်းစုစုပေါင်း(၂၈၅)ဦးအား တပ်မတော်စစ်ကြောင်းက အချိန်မီပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း အကြမ်းဖက်သမားများအနေဖြင့် အချို့သော ဝန်ထမ်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(စိစစ်ဆဲ) တို့အား ဓားစာခံအဖြစ် ဖမ်းဆီး ခေါ် ဆောင်သွားကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post