တပ်ချုပ်ကြီး နှင့် ပြည်သူမဟုတ်တဲ့ ပြည်သူ


အကြမ်းဖက်သူပုန်တွေ အန္တရာယ်ကင်းဘေးရှင်းချင်ရင် တပ်ချုပ်ကြီးကို ရှိခိုးပြီးအိပ်ပါ..

ဒီအချိန်အထိ တပ်ချုပ်ကြီးရဲ့စေတနာ၊မေတ္တာတွေကိုမမြင်နိုင်သေးဘူးဆိုရင်တော့ မင်းတို့ လူမဟုတ်တော့ဘူး..

ကောလင်းလို အကြမ်းဖက်တွေ သိမ်းထားတဲ့မြို့ကို ဗုံးလေးကြဲပေးလိုက်ရင် ပြီးသွားမယ့်ကိစ္စကို တပ်တွေလွှတ်ပြီး တက်သိမ်းခိုင်းတာကိုပဲကြည့်...
အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊အိုးအိမ်တွေပျက်စီးမှာစိုးလို့ တဲ့...

သူက ပြည်သူ၊ပြည်သူဆိုပြီးငဲ့တယ်၊အဲ့နေရာမှာနေတဲ့ ပြည်သူဆိုတဲ့သူတွေက အကြမ်းဖက်နဲ့အကြမ်းဖက်အားပေးတွေချည်းပဲ..စစ်ကြောင်းလာရင်
ပီဘိပြည်သူ၊ဘုရားစူးပြည်သူ။စစ်ကြောင်းပြန်ရင် အနီမဟုတ်တဲ့သူ သေဖို့သာပြင်ထား။တပ်ချုပ်ကြီးပြောပြောနေတဲ့ ပြည်သူဆိုတဲ့သူတွေကပဲ သတ်တာ။

အခုရခိုင်ကိစ္စဖြစ်လာပြီ.. ပြည်သူတွေဆိုတဲ့ရွာသားတွေကအစ ဝိုင်းသတ်ကြတာ..ရေနစ်မှာစိုးလို့ အသည်းအသန်ကမ်းကိုကူးလာကြတဲ့ ရဲမေတွေ၊မှီခိုတွေ၊ကလေးငယ်လေးတွေ အကုန်လုံးကို ဓားတွေနဲ့ဝိုင်းခုတ်သတ်ကြတာ..အဲ့တာ တပ်ချုပ်ကြီးငဲ့ညှာနေတဲ့ ပြည်သူတွေကပဲသတ်တာပါ...

ဘယ်နေရာမှာ အကြမ်းဖက်တွေ စုဝေးနေပါတယ်.. လာပစ်ပေးပါလို့ အထက်ကိုတင်ပြရင် မေးခွန်း ၂ခုမေးတယ်..(သတင်းဘယ်လောက်ခိုင်မာလဲ? ...အဲ့နေရာမှာပြည်သူတွေ ရှိနေလား?)တဲ့..

ကဲ..ကြည့်စမ်း...ပြည်သူကိုချစ်တတ်လိုက်ပုံများ....

ကျွန်းလှမီးအိမ်ရှင်

Post a Comment

Previous Post Next Post