နားလည်မှု လွဲမှားနေတဲ့ စစ်မှုထမ်းဥပဒေ



အာဏာတည်ကြောင်း စတင်သတ်မှတ်တာက
(၁၀-၂-၂၀၂၄)



စစ်မှု့ထမ်းရမည့် အသက်အရွယ်မှာ ရှိနေသောအချို့သူတွေက ကင်းလွှတ်ခွင့်ဆိုတဲ့အချက်ကိုမှီပြီး
ချက်ချင်းအိမ်ထောင်ပြုတာ ရှင်/ရဟန်းဝတ်တာ ပြည်ပထွက်တာတွေနဲ့ ရှောင်လို့ရမည် ထင်နေ၏။

မရပါ..
အာဏာတည်ကြောင်း မကြေညာရသေးတဲ့ အချိန်ကတည်း ပြုပြီးသူတွေ ဝတ်ပြီးသူတွေက ရပါတယ်။

အာဏာတည်ကြောင်း ကြေညာပြီးရင်တော့
အိမ်ထောင်ပြုပါ ရပါသည်။ ရဟန်းဝတ်ပါ ဝတ်လို့ရပါသည်။ ပြည်ပထွက်ခွင့်တော့ မရနိုင်ပါ
သို့သော် သက်ဆိုင်ရာ
ရပ်ကျေးဖြစ်ဖြစ် အချို့နေရာတွေမှာ ထွေအုပ် ရဲ တပ်ကဖြစ်ဖြစ် ဆင့်ခေါ်ပြီဆိုတာနဲ့ ခေါ်တဲ့နေရာသွားရပါမယ်။ အိမ်ထောင်ပြုတာ မကြာသေးလို့ ခဏလောက်စောင့်ပါဦးပြောလို့မရပါ။ ရဟန်းဝတ်တာမကြာသေးလို့ပါဆိုပြီး ပြော၍မရပါ။

မိအိုဖအိုလုပ်ကျွေးနေရသူ ကျန်းမာရေး ချို့တဲ့သူတွေဆိုရင်တော့ လွတ်ပါသည်။

အသက်လည်းမှီတယ် ငါစစ်မှု့မထမ်းဘူးကွာဆိုရင်တော့ ထောင်သုံးနှစ်ခွဲ ဒဏ်ငွေ လာပါမည်။

စစ်မှုထမ်းခဲ့ကြောင်း လက်မှတ်မပြနိုင်ရင် ပြပထွက်ခွါခွင့်နဲ့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေတဲ့အခါ
အခက်အခဲ များစွာ ရှိလာပါလိမ့်မယ။
ပြည်ပရောက်နေသူတွေလည်း စဉ်းစားပေါ့
တသက်လုံး မြန်မာနိုင်ငံပြန်မလာတော့ရင် ကိုယ်ကြိုက်တာကိုယ်လုပ်  အဲ့သလိုမှမဟုတ်ပဲ
မြန်မာပြည်ကိုပြန်မည့်သူဆိုရင်တော့ အသက်ပြည့်ချိန်တုန်းက ပြန်မလာပဲ အသက်ကျော်မှ ငါတော့လွတ်ပြီ စစ်မှု့ထမ်းစရာမလိုတော့ဘူး ပြန်တော့မယ်ဆိုရင်တော့ အိမ်အရင်ရောက်မလား အိမ်အရင်ရောက်မလားဆိုတာ ??
အခြေခံလစာအနေနဲ့တော့ (၅၀၀၀၀၀)ပါ။

Post a Comment

Previous Post Next Post