မြန်မာ့သမိုင်း ဆယ်ခါပြန်ရိုင်းပြီ


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ
တပ်မတော်သားမိသားစုဝင်တွေ ရွှေ့ပြောင်းနေတဲ့
ဇာတ်သငေ်္ဘာကို AA အကြမ်းဖက်အဖွဲ့က ပစ်ခတ်
တိုက်ခိုက်လို့ ဇာတ်သငေ်္ဘာနစ်မြုပ်ပြီး အသက်ဘေးက လုပြေးရတဲ့ သူတွေကို AA ကို ထောက်ခံအားပေးတဲ့ ရခိုင်တွေက ဓားနဲ့ ဝိုင်းခုတ်ကြတယ်တဲ့။ ပြည်ဖျက်မိစ်ဆာတွေကတော့ ရခိုင်က ဗမာကို သတ်ရင်လည်း ဝမ်းသာကြတယ်။ ကိုးကန့်က ဗမာကို သတ်ရင်လည်း ဝမ်းသာကြတယ်။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မိစ်ဆာတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း အရွှန်းဖောက်တာတွေ၊ အောင်ပွဲခံတာတွေ တွေ့နေရတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို မေးမြန်းထားတာလည်း တွေ့ရတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပါဘူး။

AA အကြမ်းဖက်အဖွဲ့က ဂုဏ်ဆာပြီး ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်မှာတော့ -

( ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်တော်၏ထိုးစစ်များကြောင့် တိုက္ပြဲမ်ား ဆက်လက်ပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သငေ်္ဘာ (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ အလားတူပင် အခြားစစ်သငေ်္ဘာတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။

မိမိတို့၏မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သငေ်္ဘာ (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy  စုစုပေါင်း (၃) စီးတိုကို ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပင်လယ်ပြင်ထက်တွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သငေ်္ဘာများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့သည် ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ရန္သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကိုရေးထိုးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ရန်သူ့ရေတပ်မှ စစ်သငေ်္ဘာများကို

အာရက္ခပင်လယ်ပြင်ထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခဲ့သောနေ့လည်းဖြစ်သည်။ ဤပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာထမ်းရွက်ပေးခဲ့ကြသော အာရက္ခစစ်သည်တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။) လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

AA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ (စစ်သငေ်္ဘာများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။) ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ တဆက်တည်းမှာပဲ တပ်မတော်သား မိသားစုဝင်များပါ အားကိုးရာမဲ့ ကူမယ့် ကယ်မယ့်သူမရှိ အမျိုးသမီးတွေ၊ ကလေးငယ်တွေရဲ့ အျဖစ္ကို မြင်ယောင်ကြည့်။ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။

စစ်ကိုင်းမှာဆိုလည်း မြန်မာ့သမိုင်းက ရိုင်းခဲ့ရတာပဲ၊ ရှမ်းပြည်မြောက်ပိုင်းလည်း မြန်မာ့သမိုင်းက ရိုင်းခဲ့ရတာပဲ။ ကယား၊ ကရင်၊ ချင်း တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်အန္တရာယ်နှိမ်နင်းရေး တာဝန်ယူဆောင်ရွက်နေသူများမှာ ပစ်မိန့်မရကြလို့လား၊ တာဝန်ယူထားတဲ့ သူတွေက တပ်မတော်သားမိသားစုဝင်တွေအပေါ် တာဝန်ယူလိုမှု၊ တာဝန်ခံလိုမှု၊ တန်ဖိုးထားမှု ဆိုတာတွေဟာ ဘယ်မှာလဲလို့ မေးရမယ့် အခြေအနေပါ။

နစကအစိုးရတာဝန်ရှိသူများ (အကြီးအကဲများ) လုပ်နေတဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက်အဖွဲ့တွေအပေါ် သဘောကောင်းလွန်းပြီး အပြစ်မဲ့ တပ်မတော်သားမိသားစုဝင်တွေ၊ အပြစ်မဲ့ ပြည်သူတွေ ဘေးဒုက္ခရောက်အောင် လုပ်နေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အကြမ်းဖက်အဖွဲ့များရဲ့ သေဘာသဘာဝကေတာ့ သတ်လို့ရသမျှသတ်မှာပဲ။ လက်တွေ့လည်း မြင်ရက်စရာမရှိအောင် သတ်ပြနေတာပဲ။ အကြမ်းဖက်သမားတွေက သာမာန်မျှသာ အကြမ်းဖက်တာမဟုတ်ဘူး။ ဗမာမုန်းတီးရေးခေါင်းစဉ်တပ်ပြီး သတ်ပြနေကြတာ။

ကျောက်တော်မှာ အဲဒီလို ဖြစ်ခဲ့ရိုးမှန်ရင် တပ်မတော်သားမိသားစုဝင် အမျိုးသမီးများနဲ့ ကေလးငယ္မ်ား တွေ့ကြုံခံစားရမယ့် အခြေအနေကို နစကအစိုးရအဖွဲ့ထဲက လူကြီးများ မြင်ယောင်ကြည့်လိုက်စမ်းပါ။ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်၊ တားဆီးရေးဆိုတာ ဘယ်မှာလဲဗျာ။

လောက်ကိုင်မှာ တပ်မတော်သားမိသားစုဝင်တွေရဲ့ အသက်ဘေးအန္တရာယ်ကြောင့် စခန်းစွန့်ခွါပေးခဲ့ရတယ်။ ရခိုင်မှာ အသက်ဘေးအန္တရာယ်ကြောင့် စခန်းစွန့်ခွါလာတဲ့ တပ်မတော်သားမိသားစုဝင်တွေ အသတ်ခံလိုက်ရတယ်။ သမိုင်းကတော့ ဆယ်ခါပြန်ရိုင်းတယ်။ အခါတစ်ရာပြန်ရိုင်းတယ်။ ဘယ်တုန်းကမှ မကြုံဖူး၊ မကြားဖူးတဲ့ ဖြစ်ရပ်တွေပဲ။ တပ်မတော်သားဟောင်းကြီးတွေကို မေးကြည့်ကြစမ်းပါအုံးဗျာ။ တပ်မတော်ရဲ့ သမိုင်းက အဲဒီလောက်ထိ ဆိုးရွားခဲ့ဖူးသလား။

တပ်မတော်ရဲ့ သမိုင်းမှာ အကြမ်းဖက်အဖွဲ့တွေကို မျက်နှာသာပေးပြီး ရဟန်းရှင်လူပြည်သူလူထု အခုလို အတိဒုက္ခရောက်အောင် လုပ်ခဲ့ဖူးတဲ့ သမိုင်းရှိသလား။ သမိုင်းမှာ ပြည်ပသြဇာခံ နိုင်ငံရေးသမားတွေ ဆိုးယုတ်ကောက်ကျစ် ညစ်ပတ်ခဲ့တာတွေ ရှိတယ်။ အဲဒါတွေကို တပ်မတော်က နှိမ်နင်းတယ်။ ယနေ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ်ဆာ နိုင်ငံရေးသမားတွေဟာ အကြမ်းဖက်ဝါဒကို လက်ကိုင်ထားပြီး တိုင်းဖျက်ပြည်ဖျက် လုပ်နေတာ။ အတိတ်သမိုင်းက အောက်တန်းစား နိုင်ငံရေးသမားတွေ ယုတ်မာတာထက် ဆယ်ဆသာတယ်။

MNDAA အကြမ်းဖက်အဖွဲ့က ဘာသာရေး လူမျိုးရေး ပြဿနာတွေ ဖန်တီးပြီး သူ့ရဲ့ သရုပ်မှန်ကို ပြသသွားခဲ့တယ်။ အခု AA အကြမ်းဖက်အဖွဲ့နဲ့ AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးတဲ့ ရခိုင်များက လူမျိုးရေးပြဿနာကို ဖန်တီးလာပြီ။ သမိုင်းမှာ ဘယ္လိုမွ မေ့ပျောက်လို့မရအောင် အစွမ်းကုန် ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်တွေကို လုပ်ပြလိုက်တာပဲ။ ကမ်ဘာကြေသော်မှ ဥဒါန်းမကြေ ဖြစ်ပြီ။

ဒါတွေဟာ ဘာကြောင့်လဲ။ အကြမ်းဖက်သမားများကတော့ အခွင့်သာရင်၊ အခွင့်အရေး ရရင် ရသလို လုပ်မှာပေါ့ဗျာ။ တပ်မတော်ရဲ့ စစ်ရေးစစ်ရာ စီမံခန့်ခွဲသူတွေ အိန္ဒိယနယ်စပ်မှာလည်း တပ်မတော်သားများ အိန္ဒိယနိုင်ဘက်ကအထိ တိမ်းရှောင်ရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလည်း ဘင်္ဂလားဘက် တိမ်းရှောင်ရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တယ်။ တပ်မတော်အရာရှိကြီးများက စစ်ကိုင်း၊ ချင်း၊ ကယား၊ ရှမ်း၊ ကရင်၊ ရခိုင် တာဝန်ယူထားသူတွေ အသီးသီး ရှိကြတယ်မဟုတ်ဘူးလား။ ကိုယ်တာဝန်ယူဆောင်ရွက်နေတဲ့ နယ်မြေမှာ မိမိရဲ့ တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုဝင်တွေ အတိဒုက္ခရောက်ရတဲ့ အဖြစ်မျိုးမှာတောင် ဘာမွ စွမ်းဆောင်မပြနိုင်ဘူးဆိုရင် ဘာလို့ တာဝန်ယူနေမှာလဲ။ ပြောရင်မကောင်းလို့ပါ။ NLD တာဝန်ရှိသူတွေ အဂတိလိုက်စားမှုများနဲ့ အသီးသီး ဖမ်းဆီးထိန်းသိမ်းခြင်းခံရတယ်။ အဲဒီလောက်ပဲ ပြောချင်တယ်။  အခု နစကရဲ့ အုပ်ချုပ်ရေးယန္တရားကြီးအတွင်းမှာလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ အပ်နှင်းလိုက်တဲ့အခါ ပြည်ဖျက်မိစ်ဆာများ စုပေါင်းထားတဲ့ NLD က လူတွေလိုများ ဖြစ်နေသလားဗျာ။

နေမျိုး

MyanmarNationalPost

Post a Comment

Previous Post Next Post