အမေရိကန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပယ်ချခံလိုက်ရတဲ့ မြန်မာများ

ဒေါ်ဇင်မာအောင်၊ ကိုပေါက်၊ ချစ်သုဝေတို့ အပါအဝင် မိသားစုပေါင်း (၁၀ဝ) ကျော် အမေရိကန်တွင် ခိုလှုံခွင့်လျှောက်ထားမှု ပယ္ခ်ခံရ
26/02/2024 12:45

Iris (N__P News) - ဖေဖော်ဝါရီ ၂၆

နာမည်ကျော်များဖြစ်သော ဒေါ်ဇင်မာအောင်၊ ဦးမိုးဇော်ဦး၊ နေဘုန်းလတ်၊ ချစ်သုဝေနှင့် လင်းလင်း အပါအဝင် မိသားစုပေါင်း (၁၀ဝ) ကျော်က အမေရိကန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့် (Asylum) လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံလိုက်ရပြီး အခြားသောနိုင်ငံများကို ထပ်မံကြိုးစားနေကြကြောင်း သတင်းရရှိသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာ၏ နောက်ဆက်တွဲအဖြစ် နိုင်ငံရေး သမားမ်ား၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များနှင့် လူ့စွမ်းအားရင်းမြစ်များစွာက နိုင်ငံတွင်းမှထွက်ပြေးတိမ်းရှောင်သွားခဲ့ ကြပြီး အခြားသော နိုင်ငံများတွင် ခိုလှုံခွင့်လျှောက်ထားခြင်း၊ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြန်လည်ကြားသိနေရသည်။ နိုင်ငံရေးဖြစ်စဉ် အစောပိုင်းကာလများ၌ အချို့သောပုဂ္ဂိုလ်များမှာ နိုင်ငံရေးဖိနှိပ်မှုခေါင်းစဉ်အောက်မှတစ်ဆင့် မြန်မာ့တပ်မတော်အကြောင်းကို ဇာတ်လမ်းဆင်ရေးသား၍ အခြားသော နိုင်ငံများထံ နေထိုင်ခွင့်များကို လွယ်လွယ်ရရှိခဲ့ကြဖူးကြောင်းလည်း သိရသည်။ မိသားစု ၁၀၃ စုလောက် ပယ္ခ်ခံရတယ္လို့ ကြားရတယ်။ အမေရိကန်မှာ ခိုလှုံခွင့်(Asylum) မရဘူး ဖြစ်နေတယ်။ အဲဒီအထဲမွာ NLD ထဲက အမျိုးသမီးရေးရာ NGO လုပ်ငန်းတွေလုပ်တဲ့ ခင်လေးတို့ မိသားစုလည်း ပါတယ္လို့ ကြားတယ်ဟု ခိုလှုံခွင့် ပယ်ချခံရမှုအကြောင်းကို သိရွိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးဒုက္ခသည် အဖြစ် နေထိုင်ခိုလှုံခွင့်လျှောက်ထားခဲ့သော်လည်း မရရှိခဲ့သော လူပုဂ္ဂိုလ်များထဲတွင် NUG မွ ဒေါ်ဇင်မာအောင်၊ ဦးမိုးဇော်ဦး၊ ဦးနေဘုန်းလတ်၊ ဦးကျော်နီ၊ ဒေါ်အိသဉ္ဇာ မောင်တို့ ပါဝင်နေသကဲ့သို့ အခြားသော ထင်ရှားသည့် ပုဂ္ဂိုလ်အများအပြားလည်း ပါဝင်နေကြောင်း ကြားသိရသည်။ ချစ်သုဝေတို့ လင်မယား မိသားစု၊ ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်၊ ဇင်မာအောင်တို့ မိသားစု၊ ဦးရောဘတ်စန်းအောင်ဆို တစ်ယောက်တည်း၊ ဘိုဘိုဦးတို့လင်မယား၊ အင်းစိန် NLD က မောင်မောင်ဦးတို့ မိသားစုဆိုရင် အေမရိကန္ဗီဇာ Hold လုပ်ခံထားရတယ်။ NLD က ရီရီမြတို့ လင်မယား၊ နေဘုန်းလတ်တို့ ကြည်ပြာတို့၊ ထွန်းမြင့်တို့၊ လှိုင်သာယာက ဝင်းမောင်၊ မြတ်မင်းသူ၊ ခရမ်းက သိန်းဇော်လတ်၊ ဦးဝင်းထိန်ရဲ့ညီ မိသားစု၊ NUG ဒုဝန် ကြီးကျော်နီတို့ပါတယ်။ MRTV က ကျော်သက်လင်း လည်းပါတယ်။ NUG က လူငယ်ရေးရာ အိသဉ္ဇာမောင်လည်းပါတယ်။ စည်သူမောင်ဆိုရင် မိသားစုတွေက အမေရိကန်မှာ ရောက်နေပေမဲ့ သူ့ကျမှ အပယ္ခံရတာဟု သတင်းရင်းမြစ်က ဆက်လက် ပြောကြားသည်။

အမေရိကန်ခိုလှုံခွင့် ပယ်ချခံရမှုဖြစ်စဉ်မှာ ယခု တစ်ကြိမ်တည်းမဟုတ်ဘဲ အစုအဖွဲ့အလိုက် အကြိမ် ကြိမ်ပယ်ချခံရခြင်းမျိုးဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန္နဝါရီလ နောက်ဆုံးပတ်ထိတိုင် ပယ်ချခံရသောအဖွဲ့များ ဆက်လက်ထွက်ပေါ်နေခဲ့ကြောင်း ကြားသိရသည်။ ယင်းအတွက်ကြောင့် အမေရိကန်တွင် နေထိုင်ခိုလှုံ ခွင့်အစား ဩစတြေးလျနိုင်ငံသို့ လျှောက်ထားကြရန် ပြင်ဆင်နေကြကြောင်း၊ အချို့မှာ ဥရောပအခြေစိုက် ချက်ရီပတ်ဘလစ် (Czech Republic) တွင် ခိုလှုံခွင့်ရရန် ဆက်လက်ကြိုးစားနေကြဆဲဖြစ်ကြောင်း သိရ သည်။ မိုးဇော်ဦးဆိုရင် အရင်က Czech Republic ကတ် ကိုင်ထားတာ။ အခုကျတော့ ဟိုဘက္က ကန့်သတ်လိုက်ပြီလို့ ယူဆရတယ်။ အခုတော့ သူတို့ အားလုံး နိုင်ငံမဲ့သွားတာပေါ့ဟု သတင်းရင်းမြစ်က ပြောသည်။ အခြားသောသတင်းရင်းမြစ်တို့၏ အဆို အရ အမေရိကန်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင် ခွင့်ကို အိမ့်ပိုးဥခေါ် ပန်ဆယ်လိုလည်း ရရှိထားခြင်း မရှိကြောင်း၊ လက်ရှိနေထိုင်သည့်ပုံစံမှာ အခြားသော ခေါင်းစဉ်တစ်ခုခုအောက်မှ ဖြစ်နိုင်ကြောင်း ကြားသိရသည်။

ကုလသမဂ္ဂက သတ်မှတ်ထားသော ဒုက္ခသည် ခံယူ၍ ခိုလှုံခွင့်တွင် ၁၉၅၁ Refugee Convention နှင့် ၁၉၆၇ Protocol အရ သတ်မှတ်ချက်များရှိထားပြီး မွေးဖွားနေထိုင်ရာ နိုင်ငံတစ်နိုင်ငံ၌ နိုင်ငံရေး၊ စစ်ရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုကြီးမားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ကာ ခိုလှုံခွင့်တောင်းခံခြင်းမျိုး ဖြစ်သည်။ ယင်းကဲ့သို့ ဘေးဒုက္ခတစ်ခုခုကြောင့် တိမ်း ရှောင်ခိုလှုံလာသူများကိုလည်း ကုလပဋိညာဉ်အရ စာချုပ်လက်မှတ်ထိုးထားသောနိုင်ငံများက အစီအစဉ်ရေးဆွဲ၍ လက်ခံပေးရခြင်းမျိုးဖြစ်ကြောင်း၊ ဒုက္ခသည် ခိုလှုံရေးအတွက်ကိုလည်း လျှောက်လွှာပြင်ဆင်ရေးသားပေးသူနှင့် လျှောက်ထားပေးသူများက နယ်စပ် များတွင် အခကြေးငွေယူ၍ ဆောင်ရွက်ပေးနေကြောင်း ကြားသိရသည်။#crd

Post a Comment

Previous Post Next Post