ဝမ်းနည်းကြောင်းလောက်တော့ထုတ်ပြန်ပါ


လူမျိုးရေးနဲ့ဘာသာရေးအစွဲဟာအင်မတန်ပြင်းထန်ပြီးထိလွယ်ရှလွယ်ရှိတာမို့ကျွန်တော်ရေးလေ့မရှိပါဘူး။
အခြားသူတွေလဲလက်ရှောင်လေ့ရှိကြပါတယ်။

မြန်မာတပ်ကို လူမျိုးရေးနဲ့ပတ်သက်ပြီးဘယ်လိုပဲမီဒီယာနဲ့အပုပ်ချချ၊ မြန်မာတပ်မှာပြင်းထန်တဲ့လူမျိုးစွန်းခွဲခြားမှုမရှိဘူး။ တိုင်းရင်းသားတွေကိုယ်တိုင်ပါဝင်တာဝန်ထမ်းဆောင်နေကြတာအများကြီးပါ။ သူလဲဒီလစာနဲ့ခံစားခွင့်၊ကိုယ်လဲဒီလစာနဲ့ခံစားခွင့်ပဲ။ ဒါကို အားလုံးအမှန်တရားကိုသိကြပါတယ်။

ပြည်နယ်တွေမှာလဲ အခွန်ကောက်တာ ဗမာဘယ်လောက်၊ တိုင်းရင်းသားဘယ်လောက်ခွဲထားတာမရှိပါဘူး
ဗမာပြည်မထဲမှာအောင်မြင်နေတဲ့ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးသမား တိုင်းရင်းသားတွေအများကြီးပဲ။

#လက်တွေ့မှာတကယ်လူမျိုးရေးခွဲခြားပြင်းထန်နေတာလက်နက်ကိုင်သောင်းကျန်းသူတွေပဲရှိတယ်။

ကိုးကန့်ဒေသကနေတိုက်ပွဲရှောင်ပြန်လာတဲ့ဗမာတွေကို အကြောင်းမဲ့ဖုန်းသိမ်း၊ကားသိမ်း၊ ငွေသိမ်း၊မထင်ရင်မထင်သလိုရိုက်နှက်၊ သ တ် ဖြတ်တာလုပ်ခဲ့တယ် "အခြားတိုင်းရင်းသားထက်ဗမာကိုပိုလုပ်ကြတယ်"။

အခု TNLA သိမ်းထားတဲ့မြို့တွေမှာ ပလောင်လူမျိုးကလွဲရင်ကျန်တိုင်းရင်းသား ဗမာ၊ကချင်၊ ရှမ်း အကုန်ဖိနှိပ်ခံနေရတယ်။

လက်နက်ကိုင်သောင်းကျန်းသူနယ်မြေမှာသင်တန်းတက်ခဲ့တဲ့ PDF အလင်းဝင်တွေပြောကြားချက်အရ၊ လေ့ကျင့်ရေးမှာရော၊တာဝန်ထမ်းချိန်မှာရောခွဲခြားဆက်ဆံခံခဲ့ရတယ်။

မျိုးချစ်စိတ်၊လူမျိုးကိုချစ်စိတ်၊စာပေ၊ယဉ်ကျေးမှုကိုချစ်စိတ်ရှိတာလက်ခံလို့ရတယ်။ အဲ့လိုစိတ်ရှိသူကိုလဲချစ်တယ်။ ဒါပေမယ့်အစွန်းရောက်လို့မရဘူး။ အစွန်းရောက်ပြီးအခြားကိုဖိနှိပ်လို့မရဘူး။

၂၀၂၄ ဖေဖော်ဝါရီလ ၈ ရက်မှာ ကျောက်တော်ကစစ်တွေကိုလာတဲ့ ရေယာဥ် ၃ စီးမှာစီးနင်းလိုက်ပါလာတဲ့ တပ်မိသားစုဝင်၊ ကလေးသူငယ်၊ နိုင်ငံ့ဝန်ထမ်းတွေကို AA က Drop Bomb ချတိုက်ခိုက်နစ်မြှုပ်ပြီး၊ ပျက်စီးသွားတဲ့ရေယာဥ်တွေပေါ်ကနေကူးခတ်ပြီးကမ်းပေါ်တက်လာတဲ့မိသားစုဝင်တွေ၊ပြည်သူတွေကို AA အဖွဲ့နဲ့ ကမ်းစပ်တစ်လျောက်ကရွာသား "ရခိုင်လူမျိုး" တွေက ဓားနဲ့ခုတ်လို့ လူ ၇၀၀ ကနေ ၉၀၀ အတွင်း ​ေ သ ဆုံးတဲ့ နှလုံးနာစရာဖြစ်စဉ်ဖြစ်ခဲ့တယ်။

မြန်မာတစ်နိုင်ငံလုံးကပြည်သူတွေအနေနဲ့အကြောင်းအမျိုးမျိုးကြောင့်အစိုးရအပေါ်အမြင်မကြည်ဘူးဆိုရင်တောင်၊ ဒီဖြစ်စဥ်ပါနစ်နာသူတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မိသားစုဝင်တွေနဲ့၊ အစိုးရဝန်ထမ်းပြည်သူတွေဆိုတဲ့လူသားမျိုးနွယ်ကိုအစုလိုက်အပြုံလိုက် သ တ် ဖြတ်မှုဖြစ်စဥ်ကြီးပါ။

လူသားတစ်ယောက်အနေနဲ့ထောင်ဂဏန်းနီးနီးရှိတဲ့မြန်မာနိုင်ငံသား အပြစ်မဲ့ မိသားစုတွေ ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် စိတ်မကောင်းဖြစ်ကြရလိမ့်မယ်။ နောက်တစ်ဆင့်အနေနဲ့ စိတ်မကောင်းမဖြစ်ရင်တောင် ဝမ်းသာမှုမဖြစ်ကြရဘူး။ ​

ဒီလိုအပြစ်မဲ့လူတစ်ထောင်နီးပါးကိုအစုလိုက်အပြုံလိုက်ခုတ် သ တ် မှုဖြစ်စဉ်အပေါ်ဝမ်းသာမှုဖြစ်တယ်ဆိုရင်တော့ အဲ့လူဟာ လူသားမထိုက်တဲ့ "တိရိစ္ဆာန်တစ်ကောင်" ဖြစ်တယ်ဆိုတာသိထိုက်တယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးလူမျိုးရေးအစွန်းရောက်ဖြစ်စဉ်မဟုတ်ဘူးဆိုတာ ရခိုင်လူမျိုးတွေအနေနဲ့သက်သေပြဖို့လိုပါတယ်။

ရခိုင်အမည်နဲ့ဖွဲ့စည်းထားတဲ့အသင်းအဖွဲ့တွေ၊ ပါတီတွေ၊ သမဂ္ဂတွေအများကြီးပဲ။ စာထုတ်ပြန်ဖို့လိုပါတယ်။

▫ ဘယ်မှာလဲ လူ့အခွင့်အရေးအဖွဲ့တွေ
▫ ဘယ်မှာလဲကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ
▫ ဘယ်မှာလဲအမျိုးသမီးအရေးလှုပ်ရှားသူတွေ
▫ ဘယ်မှာလဲ UNHCR

ဒီဖြစ်စဉ်အပေါ်သာမန်ပြည်သူ
တွေအနေနဲ့ထုတ်ဖော်မှုမပြုဘဲနှုတ်ဆိတ်နေရင်တောင်သက်ဆိုင်တဲ့အဖွဲ့အစည်းတွေရေငုံနှုတ်ပိတ်နေခဲ့ရင်သမိုင်းမှာအယုတ်မာဆုံးနဲ့လျစ်လျူအရှုဆုံးအဖြစ်မှတ်တမ်းတင်သွားမယ်"

၁၅.၂.၂၀၂၄
Geopolitics Admin
#crd

Post a Comment

Previous Post Next Post