လမိုင်းမြို့၊ မော့ကနင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ နိုင်ငံတော်အလံကို အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ဖျက်ဆီး


ယနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန့်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာအတွင်းသို့ အကြမ်းဖက် PDF အဖွဲ့အင်အား ၅၀ ဦးခန့်သည် လက်နက်ငယ်များကိုင်ဆောင်လျက် ဝင်ရောက်လာကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် PDF များသည်ကျေးရွာ၏ ရွာလယ်ရှိ ဘောလုံးကွင်း၌ စုရုံးအခြေပြုကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ နိုင်ငံတော်အလံကို  မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ၎င်းနောက်  မွန်းလွဲ ၅ နာရီအချိန်ခန့်တွင် ကျေးရွာတွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရပါသည်။

Post a Comment

Previous Post Next Post