အမျိုးသားလုံခြုံရေးတွင် အရေးပါလျက်ရှိသောအရန်တပ်ဖွဲ့များ၏ အခန်းကဏ္ဍအား လေ့လာခြင်း



နိဒါန်း

၁။ တပ်မတော်ဟု ဆိုလိုက်သည်နှင့် ယူနီ ဖောင်းနှင့် ချပ်ဝတ်တန်ဆာအပြည့်အစုံ ဝတ်ဆင်လျှက် ခေတ်မီလက်နက်များကိုင်ဆောင်ထားသည့် အမြဲတမ်းတပ်မတော်ကိုသာ မြင်လေ့ရှိပါသည်။ သို့သော် သမားရိုး ကျတပ်မတော် (Regular Army) တစ်ရပ်အား အဓိပ္ပာယ်ဖွင့်ဆိုရန်မှာ ထိုအမြဲတမ်းတပ်မတော် (Standing Army) တစ်ခုတည်းနှင့် ပြည့်စုံလုံလောက်ခြင်း မရှိချေ။ နိုင်ငံတစ်နိုင်ငံ၏ တရားဝင်သမားရိုးကျတပ်မတော် (Regular Army) တစ်ရပ်သည် သမားရိုးကျမဟုတ်သော တပ်များဖြစ်သည့် ပြည်သူ့စစ်များ၊ ခါးပိုက်ဆောင် ကိုယ်ပိုင်တပ်များနှင့် ကြေးစားတပ်များစ သည်တို့နှင့် ကွဲပြားခြားနားပါသည်။ သမား ရိုးကျတပ်မတော် (Regular Army) တစ်ရပ်တွင် -

(က) အမြဲတမ်းတပ်မတော် (Standing Army) - စစ်မက်ဖြစ်ပွားချိန် (War Time) တွင်သာမက ငြိမ်းချမ်းချိန် (Peace Time) တွင်ပါ အမြဲတမ်းဖွဲ့စည်းထားရှိသည့် တပ် မတော်နှင့်

(ခ) အရန်တပ်ဖွဲ့ (Military Reserve Force) - သမားရိုးကျတပ်မတော်၏ စွမ်းရည်အား ဖြန့်ကျက်စေနိုင်ရန်အတွက် အမြဲ တမ်းတပ်မတော်အား အားဖြည့်ပေးခြင်းဖြင့် လိုအပ်လာချိန်တွင် စစ်စည်းရုံးမှုပြု လုပ်နိုင်သော တပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပါသည်။

၂။ သမားရိုးကျတပ်မတော်အား ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးလျက် မဝင်မနေရ လုပ် ဆောင်သည့် Conscript Army အဖြစ် ဖွဲ့ စည်းနိုင်သကဲ့သို့ ထိုသို့ မဝင်မနေရစနစ် ကျင့်သုံးခြင်းမရှိပဲ မိမိဆန္ဒအလျောက်ဝင်ရောက်သူများဖြင့် ဖွဲစည့်ထားသည့် Professional Army အဖြစ်လည်း ဖွဲ့စည်းနိုင်သည်။

အရန်တပ်ဖွဲ့ဆိုသည်မှာ

၃။ အရန်တပ်ဖွဲ့ဆိုသည်မှာ စစ်ဘက်နှင့် အ ရပ်ဘက် အလုပ်တာဝန်နှစ်မျိုးလုံးအား တစ်ပြိုင်တည်းလုပ်နေသူများဖြင့် စုဖွဲ့ထားသည့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့အမျိုးအစားတစ်ခုဖြစ်သည်။ လက်ရုံးတပ်ဖွဲ့အသီးသီး ၏ကွပ်ကဲမှုအောက်တွင် ထားရှိခြင်း မပြုပဲ စစ်ဆင်ရေးတွင် လူအင်အားလိုအပ်ချက် ထပ်မံဖြစ်ပေါ်လာမှသာ ပါဝင်တိုက်ခိုက်ရန် အဓိကအားဖြင့် တာဝန်ရှိပါသည်။ အရန်တပ်ဖွဲ့အား ယေဘူယျအားဖြင့် အမြဲတမ်းတပ်မတော်၏ အစိတ်အပိုင်းအဖြစ် သတ် မှတ်နိုင်ပါသည်။ အရန်တပ်ဖွဲ့များ ဖွဲ့စည်းထားရှိခြင်းအားဖြင့် ငြိမ်းချမ်းချိန်ကာလအတွင်း စစ်အသုံးစရိတ်အား လျော့ချပေးနိုင်ပါသည်။

၄။ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းစနစ်ကျင့်သုံးသော နိုင်ငံများဖြစ်သည့် ကနေဒါ၊ စပိန်၊ အမေရိကန်နှင့် ယူကေတို့တွင် အရန်တပ်ဖွဲ့ဝင်များ၏တိုက်ပွဲဝင်စွမ်းရည်အား ထိန်းသိမ်းထားရန်အတွက် အချိန်အ ပိုင်းအခြားဖြင့် လေ့ကျင့်ပေးလျက်ရှိသည်။ ပုံမှန်အားဖြင့် လတစ်လလျှင် ရုံးပိတ်ရက် တစ်ကြိမ်ဖြစ်သည်။ ထိုသို့ လေ့ကျင့်ခြင်းအား တစ်ဦးချင်းအနေဖြင့်သော်လည်း ကောင်း၊ အမြဲတမ်းအရန်တပ်ရင်းကြီးများအနေဖြင့်သော်လည်းကောင်း လုပ်ဆောင်သည်။ ဥပမာအားဖြင့် ဗြိတိသျှတော်ဝင် အရန်ကြည်းတပ်ဖြစ်သည်။ အချို့သောအခြေအနေများတွင် ပြည်သူ့စစ်နှင့် ပြည် နယ်စောင့်တပ်များဖြစ်သည့် အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့၊ နော်ဝေ ပြည် တွင်းအစောင့်တပ်ဖွဲ့နှင့် ဒိန်းမတ် ပြည်တွင်းအစောင့်တပ်ဖွဲ့များသည် အရန်တပ်ဖွဲ့များ ဖြစ်ကြသည်။ ကိုလမ်ဘီယာ၊ အစ္စရေး၊ နော်ဝေ၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဆွီဒင်နိုင်ငံတို့တွင် ပြည်သူ့စစ်မှုထမ်းကာလ ပြီး ဆုံးပါက အရန်တပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသည့် နှစ်ကာလအတိုင်းအတာအလျှောက် ဆက်လက်တာဝန်ထမ်းဆောင်ရသည်။

၅။ ဆွစ်ဇာလန်နှင့် ဖင်လန်ကဲ့သို့ မဝင်မနေရ စစ်မှုထမ်းစနစ်ကျင့်သုံးသည့်နိုင်ငံများတွင် အရန်တပ်ဖွဲ့ဝင်များသည် တန်းပြည့်စစ်မှု ထမ်းချိန် (Active Military Duty) ပြီး မြောက်ပြီးနောက် ဥပဒေအရသတ်မှတ်ထားသည့် သတ်မှတ်အကြီးဆုံး အသက် မရောက်သေးသော ပြည်သူများဖြစ်သည်။ ထိုပြည်သူများသည် ဥပဒေအရ စစ်မက်ဖြစ်ပွားချိန်တွင် မဖြစ်မနေ စစ်စည်းရုံးမှုပြု လုပ်ခံရမည်ဖြစ်ပြီး၊ ငြိမ်းချမ်းချိန်တွင်လည်း ကာလတိုစစ်ရေးလေ့ကျင့်မှုအား မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။

၆။ ရုရှားကဲ့သို့ မဝင်မနေရ ပြည်သူ့စစ်မှုထမ်းစနစ်နှင့် မိမိသဘောဆန္ဒအလျှောက် ဝင်ရောက်တာဝန်ထမ်းဆောင်သည့် စနစ်နှစ်မျိုးလုံးကျင့်သုံးသည့်နိုင်ငံများတွင်တော့ အရန်တပ်ဖွဲ့ဟူသည် အဓိပ္ပာယ်နှစ်မျိုး ဖွင့်ဆိုလေ့ရှိပါသည်။ ယေဘုယျအားဖြင့် အရန်တပ်ဖွဲ့ဆိုသည်မှာ တပ်မတော်က စစ်စည်း ရုံးတပ်ဖြန့်ချထားရန်အတွက် အသုံးပြုနိုင်သည့် ပြည်သူလူထုအစုအဖွဲ့ကို ဆိုလိုသည်။

ပိုမိုတိကျစွာ ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် တန်းပြည့်အရန် (Active Reserve) နှင့် တန်းပြည့်မဟုတ်သော အရန် (Inactive Reserve) ဟု ထပ်မံခွဲခြားနိုင်သည်။ နိုင်ငံ သားများအနေဖြင့် အရန်တပ်ဖွဲ့ဝင်အဖြစ် စာချုပ်ချုပ်ဆိုဝင်ရောက်ပြီး သက်ဆိုင်ရာ တပ်များအလိုက် ရာထူးနှင့် အဆင့်များခန့် အပ်ခံထားရသူများအား တန်းပြည့်အရန် (Active Reserve) ဟု သတ်မှတ်ပါသည်။ ထိုသူများသည် စစ်ဆင်ရေး၊ တပ်ဖြန့်ချ ထားခြင်းနှင့် စစ်ဆင်ရေးဆိုင်ရာလုပ်ငန်းတာဝန်များကို လိုက်ပါလုပ်ဆောင်ကြရပါ သည်။ တန်းပြည့်မဟုတ်သော အရန် (Inactive Reserve) မှာမူ စာချုပ်ချုပ်ဆို ဝင်ရောက်ခြင်း မရှိပဲ နိုင်ငံက လိုအပ်ချိန်တွင် ဥပဒေအရ မဝင်မနေရ စစ်စည်းရုံးမှု

ပြုလုပ်ခံရသော နိုင်ငံသားများကို ဆိုလို သည်။

၇။ အရန်တပ်ဖွဲ့ဝင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် တပ်များအား တပ်ဖြန့်ချထားရာတွင် အရန်တပ်ဖွဲ့ဝင်မဟုတ်သော တပ် သားသစ်များ (Non  reservists) ဖြင့် ဖွဲ့စည်းထားသည့်တပ်များနှင့် နှိုင်းယှဉ်ပါက အချိန်ကာလ တိုတောင်းစွာဖြင့် လုပ် ဆောင်နိုင်ကြောင်း တွေ့ရသည်။

ပြန်လည်မွမ်းမံသင်ကြားပေးရန်လည်း မလိုအပ်ပေ။ အရန်တပ်ဖွဲ့ဝင်မဟုတ်သော တပ်သားသစ်များဖြင့် ဖွဲ့စည်းသည့် တပ် ရင်း/ တပ်ဖွဲ့သစ်များအတွက်မူ အခြေခံမှ စတင်ရသည့်အတွက် အချိန်ပိုမိုယူရန် လို အပ်ပါသည်။ အရန်တပ်ဖွဲ့ (Military Reserve Force) ဟူသော အသုံးအနှုံးသည် တိုက်ပွဲအရန် (Reserve Formation or Military Reserve) ဟူသော စစ်ဘက်ဝေါဟာရနှင့် ကွဲပြားခြားနားပါသည်။

တိုက်ပွဲအရန်ဟူသည် တပ်မှူးများက တိုက် ပွဲအတွင်း ထည့်သွင်းသုံးစွဲခြင်းမပြုပဲ အ ခြားမမျှော်မှန်းနိုင်သော အခြေအနေများအတွက်လည်းကောင်း၊ ခံစစ်အား အားဖြည့်ရန်အတွက်လည်းကောင်း သို့မဟုတ် အခြားတာဝန်များပေးအပ်ရန်အတွက်လည်း ကောင်း အရန်ထားသည့် တပ်ဖွဲ့ကို ဆိုလိုခြင်းဖြစ်ပါသည်။

ခေတ်သစ်အရန်တပ်ဖွဲ့များ

၈။ ခေတ်သစ်တွင် အရန်တပ်ဖွဲ့ဝင်ဟူသော အသုံးအနှုံးအား (၁၉) ရာစုအလယ်ခန့်တွင် စတင်သုံးစွဲလာကြသည်။ အရန်တပ်ဖွဲ့ ဖွဲ့စည်းသည့်စနစ်အား ပထမကမ္ဘာစစ်အ တွင်း စတင်စမ်းသပ်သုံးစွဲခဲ့ကြပါသည်။ အင်အားသိသိသာသာ ပြုန်းတီးမှုဖြစ်သည့် ၁၉၁၅ ခုနှစ်က စတင်ကာ အရန်တပ်ဖွဲ့ဝင်များအား အနိမ့်ဆုံးအခြားအဆင့်မှသည် အရေးပါသော တပ်မှူးကြီးများ အဆင့်ထိ နှစ်ဘက်လုံးက အများအပြားသုံးစွဲကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ထိုစနစ်အား စစ်မက်ဖြစ်ပွားသည့် နိုင်ငံအားလုံးက တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါသည်။

အရန်တပ်ဖွဲ့ဝင်များသည် စစ်အေးတိုက်ပွဲကာလအတွင်းတွင်လည်း အရေးပါသောနေရာမှ ပါဝင်ခဲ့ကြသည်။ ဝါဒခြင်းပြိုင်ဆိုင်ကြသည့် ကမ္ဘာနှစ်ခြမ်းမှ နိုင်ငံများသည် စစ်မှုမထမ်းမနေရစနစ်အား ကျင့်သုံးလျက် အင်အားကြီများသော တပ်မတော်ကြီးများကို တည်ဆောက်ကြသည်။

ထိုသို့တည်ဆောက်ရာတွင် တပ်ဖွဲ့ခွဲ ခေါင်း ဆောင် သို့မဟုတ် တပ်မှူးငယ်များ (Sub- unit Leader/ Commander) အား ပိုမိုလို အပ်သည့်အလျောက် ထိုကာလအတွင်း အ ရန်တပ်ဖွဲ့ဝင်အရာရှိများ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါခဲ့သည်။

၉။ စစ်ပွဲနယ်ပယ်ကျယ်ပြန့်လာခြင်းနှင့် စစ်ပွဲမဟုတ်သော စစ်ဆင်ရေးများ (Operations other than War  OOTW) သည် ပိုမိုရှုပ်ထွေး ပျံ့နှံ့လာသည် နှင့်အမျှ အရပ်ဘက်ဆိုင်ရာ အသိဉာဏ်ပညာ၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများ ကြွယ်ဝသည့် အရန်တပ်ဖွဲ့ဝင်များအပေါ် အလေးထားလာရသည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Non  Traditional Securtiy Threats) များ ပိုမိုရှေ့တန်းရောက်လာခြင်းကလည်း အရန်တပ်ဖွဲ့၏ အခန်းကဏ္ဍကို ပိုမိုတွင်ကျယ်လာစေပါသည်။

ကမ္ဘ့ာကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ်ဟောင်း ဒက်ဟမ်းမာရှိုးက လက်ရှိ ကမ္ဘာ့အခြေအနေနှင့် ပတ်သက်၍ မှတ် ချက်ပြုရာတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်သည် တပ်မတော်သားများအ တွက် အလုပ်မဟုတ်ကြောင်း၊ သို့သော် တပ်မတော်သားများကသာလျှင် ထိုအလုပ်ကို လုပ်ကိုင်နိုင်သည်ဟု ပြောကြားခဲ့ပါ သည်။

၁၀။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ တပ်မတော်အ များစုသည် အရန်တပ်ဖွဲ့ဝင်အများအပြား (အထူးသဖြင့် မိမိဆန္ဒအလျောက်ဝင်ရောက်လာကြသည့် အရန်တပ်ဖွဲ့ဝင်များ) အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ဝိရောဓိဖြစ်ဖွယ် အခြေအနေမျိုးနှင့် ကြုံတွေ့နေရကြောင်း တွေ့ရှိရသည်။ အဘယ်ကြောင့်ဆိုသော် အရန်တပ်ဖွဲ့ဝင်များသည် အချို့အ ခြေအနေတွင် တပ်မတော်သားများဖြစ်ကြပြီး၊ အခြားအခြေအနေများတွင်တော့ အ ရပ်သားများဖြစ်သည့်အတွက် ဗြိတိန်ဝန် ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ ဖွင့်ဆိုခဲ့သော အရန်တပ်ဖွဲ့ဝင်ဆိုသည်မှာ နှစ်ကြိမ်နှစ်ဖန် နိုင်ငံသား (Twice A Citizen) ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ယနေ့ခေတ်တွင် မြောက်အတ္တလန္တိတ် စစ်စာချုပ် (NATO) အဖွဲ့ဝင်နိုင်ငံများမှ တပ်မ တော်အများစုအား မိမိတို့သဘောဆန္ဒအ လျောက်ဝင်ရောက် စစ်မှုထမ်းသူများဖြင့်သာ ဖွဲ့စည်းထားပါသည်။ အင်အားမှာလည်း ယခင်ကထက် များစွာလျော့နည်းဖွဲ့ စည်းကြပါသည်။ တပ်မတော်များသည် အ ရန်တပ်ဖွဲ့ဝင်အရာရှိများအား တပ်စုမှူး သို့မ ဟုတ် တပ်ခွဲမှူးများအဖြစ် မလိုချင်ကြပါ။

၎င်းတို့၏ အရပ်သားဘဝက ပညာရပ်ပိုင်းဆိုင်ရာ နောက်ခံနှင့် ကျွမ်းကျင်မှုများကိုသာ အလိုရှိခြင်းဖြစ်ပါသည်။ တိကျစွာဆိုရလျှင် ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းလုပ်ငန်း စဉ်၊ ငြိမ်းချမ်ရေးတည်ဆောက်ခြင်းနှင့် လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးတို့တွင် ထိုအချက်မှာ မှန် ကန်နေကြောင်း တွေ့ရသည်။

၁၁။ မကြာသေးမီအထိ အလေးဂရုပြုရသည့်အချက်မှာ လုံခြုံရေးသည် ကာကွယ် ရေးနှင့် အများဆုံးဆက်စပ်နေပြီး အချို့အခြေအနေတွင် နိုင်ငံရေးအခြေအနေများနှင့်လည်း သက်ဆိုင်လျက်ရှိသည်။ ထိုအ ချက်မှာ စစ်အေးတိုက်ပွဲကာလ ဝင်ရိုးနှစ်ဘက်အခြေအနေတွင် ထင်ရှားသည်။ စစ် အေးတိုက်ပွဲလွန်ကာလတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့သည် ပိုမိုအလေးပေးလာရသည့် အချက်များဖြစ်ပြီး၊ ရှုပ်ထွေး ပွေလီ ခက်ခဲမှုအဆင့်များမြင့်မားလာခြင်းကြောင့် ဖြစ်လာသည့်

ခြိမ်းခြောက်မှုများအားလည်း ရင်ဆိုင်လာရပါသည်။

ထိုအခြေအနေများကြောင့်ပင် လုံခြုံရေးဆိုင်ရာ ခက်ခဲနက်နဲသော အဓိပ်ပါယျကောကျယူမှုမြား များပြားစွာ ပေါ်ထွက်လာပြီး စီး ပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်း ကျင်ကဏ္ဍများမှာ စေ့ငုလေ့လာဆွေးနွေးစရာ အကြောင်းခြင်းရာများဖြစ်လာသည်။ ယနေ့ဆင်နွှဲနေသည့် စစ်ဆင်ရေးများမှ ရရှိသည့် အချက်အလက်များကို လေ့လာကြည့်ရာတွင် ဆီလျော်ဆက်စပ် သက်ဆိုင်သည့် နိုင်ငံရေးဆိုင်ရာ၊ ပြည်သူလူထုဆိုင် ရာနှင့် စစ်ဘက်ဆိုင်ရာ ယန္တရားများ မရှိဘဲ ထိရောက်သော အခက်အခဲဖြေရှင်းနိုင်သည့် စီမံအုပ်ချုပ်မှု ပြုလုပ်နိုင်မည် မဟုတ်ဟူသည့်အချက်ကို မီးမောင်းထိုးပြလျက်ရှိသည်။

သမားရိုးကျ စစ်ရေးဆိုင်ရာချဉ်းကပ်မှုနှင့် ဆက်စပ်သည့် နည်းလမ်းများ မည်မျှအ ရေးကြီးသည်ဖြစ်စေ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကျယ်ပြန့်သော အခြေအေနေကို ယှဉ်နိုင်မည် မဟုတ်သည် မှာ ထင်ရှားလာသည်။ ထိုအခြေအနေအရ ရရှိနိုင်သမျှ အခက်အခဲဖြေရှင်းနိုင်သည့် စီမံအုပ်ချုပ်မှု နည်းလမ်းအားလုံးအား ရှာ ဖွေလိုအပ်လျက်ရှိရာ၊ အင်စတီကျုးရှင်းများအား တည်ထောင်တိုးတက်ဖွံဖြိုးမှုဆိုင် ရာနှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွေ့အကြုံကောင်းများရှိသော အရန်တပ်ဖွဲ့ဝင်များက တည်ငြိမ်ရေးနှင့် ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်မှုများမှာလည်း အရေးကြီးသော အချက်ဖြစ်ပါသည်။

၁၂။ ကာကွယ်ရေးဘတ်ဂျက်လျော့နည်းရ ရှိသည့်အခြေအနေတွင် NATO အဖွဲ့ဝင်နိုင် ငံအများစုရှိ စစ်မှုမထမ်းမနေရစနစ်ကျင့် သုံးခြင်းမရှိသည့် တပ်မတော်များတွင် အ ရန်တပ်ဖွဲ့ဝင်များအား မိမိသဘောဆန္ဒအလျှောက် စစ်မှုထမ်းသည့်အချိန်ပိုင်း စစ် သည်တော်များအဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် ငြိမ်းချမ်းချိန်ကာလအတွင်း အမြဲတမ်း စစ်သည်များဖြင့် တာဝန်ယူရန် မလိုအပ်တော့ချေ။

တပ်မတော်များအတွက် အရေးပါသော သိ သိသာသာများပြားသည့် အစိတ်အပိုင်းဖြစ်သည့် ကျွမ်းကျင်သူပညာရှင်များအား ၎င်းတို့ကိုယ်တိုင် လေ့ကျင့်ပေးခြင်းမပြုတော့ပဲ အရပ်ဘက်တက္ကသိုလ်များက ဘွဲ့ရသူများအား စုဆောင်းခြင်းများ ပြုလုပ်လေ့ရှိသည်။ ဥပမာအားဖြင့် သမားတော်များ၊ စိတ်ကျန်းမာရေးပါရဂူများ၊ ဥပဒေပညာရှင်များ၊ မီဒီယာကျွမ်းကျင်သူများ၊ မနုဿဗေ ဒပညာရှင်များ၊ အရပ်ဘက် အခြေခံအ ဆောက်အဦဆိုင်ရာ ပညာရှင်များနှင့် စကား ပြန်များတို့ဖြစ်သည်။ အမြဲတမ်းတပ်မ တော်အတွက်ပင် ထိုသို့ စုဆောင်းပါသည်။

၁၃။ အမြဲတမ်းတပ်မတော်များသည် ယခင်က တန်းပြည့်စစ်မှုထမ်းဆောင်ခဲ့သော အ ရန်တပ်ဖွဲ့ဝင်များအားလည်း လိုအပ်လျက် ရှိနေပါသေးသည်။ စစ်အေးတိုက်ပွဲလွန်ကာလ စစ်ဆင်ရေးများတွင် အမျိုးမျိုးအ ဖုံဖုံသော အရပ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုများ တိုးမြှင့်လိုအပ်လျက်ရှိနေသော ကြောင့် ဖြစ်သည်။ ထိုအချက်မှာ ယနေ့ခေတ် သမားရိုးကျတပ်မတော်များတွင် ပြည့်စုံခြင်း မရှိပေ။ တပ်မတော်နှင့် အရပ်ဘက်လူမှုအသိုက်အဝိုင်းများအကြား ဆက် ဆံရေး တနည်းအားဖြင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ထူး ခြားသော အခွင့်အလမ်းများ ပေါ်ထွက်လျက်လည်း ရှိနေသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှု အထောက်အ ကူပြုစစ်ဆင်ရေးများတွင် လိုအပ်ချက်ကြီးထွားလာမှုမှာ ထိုနှစ်ဖက်လုံးအတွက် ညီတူ ညီမျှဖြစ်လာသည်။ လုံခြုံရေးဆိုင်ရာ ပတ်ဝန်ကျင်အပြောင်းအလဲများသည်လည်း အ ရန်တပ်ဖွဲ့ဝင်များအပေါ် သက်ရောက်လျက် ရှိသည်ဖြစ်ရာ NATO လက်စွဲစာအုပ် (၂၀၀၆) ခုနှစ်တွင် စစ်ဆင်ရေးများ အဆတိုးပွားများပြားလာခြင်းနှင့်အတူ အရန်တပ်ဖွဲ့များ၏ အရေးပါမှုအခန်းကဏ္ဍမှာလည်း ကြီးထွားလာကြောင်း ရေးသားဖော် ပြထားပါသည်။

၁၄။ ယနေ့ခေတ်တွင် အမေရိကန်နိုင်ငံသည် ၎င်း၏ အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) နှင့်  အရန်တပ်ဖွဲ့ဝင်များ (Reserves) အား မကြုံစဖူးနီးပါး အ တိုင်းအတာတစ်ခုအထိ မှီခိုနေရပါသည်။ မူလက စစ်ပွဲတစ်ခုသည် မျှော်မှန်းထား သည်ထက် ပိုမိုကြာမြင့်သည် သို့မဟုတ် ပိုမိုခက်ခဲသောအခြေအနေများတွင် စစ်ဆင် ရေးတာဝန်များ အပြည့်အဝ ဆက်လက်ထမ်းဆောင်ရန် အမြဲတပ်မတော်အတွက် ဗျူဟာမြောက်အရန်အဖြစ် ရည်မှန်းချက်ထားကာ အရန်တပ်ဖွဲ့များကို ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ အမျိုးသားအစောင့်တပ်နှင့် အရန်တပ်ဖွဲ့ဝင်များသည် ယနေ့ခေတ်အချိန်အခါတွင်တော့ -

(က) အဓိကစစ်ဆင်ရေးကြီးများ၏ အစောပိုင်းနေ့ရက်များတွင် ပါဝင်တိုက်ခိုက်ခြင်း၊
(ခ) တည်ငြိမ်ရေးနှင့် ပြန်လည် ထူထောင်တည်ဆောက်ရေး၊
(ဂ) အမိမြေကာကွယ်ရေးနှင့် အရပ်ဘက်အား ပံ့ပိုးကူညီခြင်း၊
(ဃ) မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်တည်ဆောက်ခြင်း၊
(င) တစ်ကမ္ဘာလုံးရှိ တပ်မတော်များနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်းတို့အား ပြုလုပ်လျှက်ရှိသည်။

၁၅။ အရန်တပ်ဖွဲ့သည် ကာကွယ်ရေးဝန်ကြီး ဌာန၏ စစ်ဆင်ရေးများအတွက် အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လာပါ သည်။ ထို့ကြောင့် (၂၁) ရာစုခေတ် အရန်တပ်ဖွဲ့များ၏ အနာဂတ်ဆိုင်ရာ အလားအ လာဆိုင်ရာ မေးခွန်းများထွက်ပေါ်လာပါသည်။ ၎င်းတို့မှာ -

(က) အရန်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် တာဝန်များမှာ အဘယ်နည်း။
(ခ) အရန်တပ်ဖွဲ့များအား အနာဂတ်အတွက် မည်သို့ စနစ်တကျ လေ့ကျင့်သင်ကြားပြီး လက်နက်တပ်ဆင်သင့်သနည်း။
(ဂ) နိုင်ငံတော်၏ နိုင်ငံသား-စစ်သားများ (Citizen-Soldiers) ၏ အခန်းကဏ္ဍနှင့် လိုအပ်ချက်အသစ်များကို ထင်ဟပ်စေရန် အစောင့်တပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့၏ အ လုပ်ရှင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကြား လူမှုရေးသဘောထား မည်သို့ပြောင်း လဲသင့်သနည်း။ ထိုမေးခွန်းများမှာ အမေရိကန်နိုင်ငံတစ်ခုတည်းအတွက်သာမက ကမ္ဘာတစ်ဝှမ်းရှိ အရန်တပ်ဖွဲ့ ဖွဲ့စည်းထားရှိသည့်နိုင်ငံများနှင့် ဖွဲ့စည်းရန် စီစဉ်နေသည့် နိုင်ငံများအတွက်လည်း အရေးပါလျက်ရှိပါသည်။

အမျိုးသားလုံခြုံရေးနှင့် အရန်တပ်ဖွဲ့များ၏ အခန်းကဏ္ဍ

၁၆။ အမျိုးသားလုံခြုံရေး (National Security) အား လေ့လာရာတွင် သမားရိုး ကျလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Traditional Security Threats) နှင့် သ မားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ (Non-Traditional Security Threats) ဟူ၍ ခွဲ့ခြားလေ့လာနိုင်ပါသည်။

ယနေ့ (၂၁) ရာစုခေတ်တွင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများသည်လည်း ပိုမိုအရေးပါလာကာ ရှေ့ တန်းသို့ ရောက်ရှိလာပါသည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများသည် ရာသီဥတုပြောင်းလဲမှု၊ အရင်း အမြစ်ရှားပါးမှု၊ ကူးစက်ရောဂါများ၊ သဘာဝဘေးအန္တရာယ်များ၊ ပုံမှန်မဟုတ်သော တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု၊ စားနပ်ရိ က္ခာပြတ်လပ်မှု၊ လူမှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများစသည့် စစ်ဘက်မ ဟုတ်သော အရင်းအမြစ်များမှ ပေါ် ပေါက်လာသည့် အဓိကစိန်ခေါ်မှုများ ဖြစ်သည်။

ဤအန္တရာယ်များသည်  နိုင်ငံဖြတ်ကျော် အလေ့အထရှိပြီး လိုအပ်သည့် ကျယ်ပြန့် သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတုံ့ပြန် မှုများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်အင်အားအသုံးပြုမှုတို့လည်း လိုအပ်သည်။ သမားရိုးကျမဟုတ်သော လုံခြုံရေးသည် စစ်ရေးမဟုတ်သော ခြိမ်း ခြောက်မှုများဖြစ်သည့် အောက်ဖော်ပြပါ ဘုံလက္ခဏာများကို အလေးပေးသည် -

(က) ခြိမ်းခြောက်မှုများသည် ၎င်းတို့၏ ဇစ်မြစ်၊ အယူအဆများနှင့် အကျိုးသက် ရောက်မှုများအရ နိုင်ငံဖြတ်ကျော်သဘော သဘာဝရှိသည်။
(ခ) ၎င်းတို့သည် နိုင်ငံအကြားအကြား ပြိုင် ဆိုင်မှု သို့မဟုတ် အာဏာချိန်ခွင်လျှာအ ပြောင်းအရွှေ့များ၏ အရင်းခံမဟုတ်သော် လည်း နိုင်ငံရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဝေါဟာရများဖြင့် မကြာခဏ သတ်မှတ်လေ့ရှိသည်။
(ဂ) သယံဇာတရှားပါးမှုနှင့် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုကဲ့သို့ သမားရိုး ကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ပြဿနာများသည် လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖြစ်စေပြီး လုံခြုံရေးအတွက် ခြိမ်း ခြောက်မှုများ ဖြစ်လာစေသည်။
(ဃ) နိုင်ငံအဆင့် ဖြေရှင်းဆောင်ရွက်မှုများ သည် မကြာခဏဆိုသလိုပင် လုံ လောက်မှုမရှိသောကြောင့် ဒေသတွင်းနှင့် နိုင်ငံစုံ ပူး ပေါင်းဆောင်ရွက်မှုများ မရှိမဖြစ် လိုအပ်ပါသည်။
(င) လုံခြုံရေးကို အဓိပ်ပါယျဖှင့ျဆို ရည်ညွှန်းရာတွင် နိုင်ငံတော် (အချုပ်အခြာအာဏာ သို့မဟုတ် နယ်မြေတည်တံ့ခိုင်မြဲရေး) သက် သက်သာ မဟုတ်တော့ဘဲ လူတစ်ဦးချင်း (အသက်ရှင်ရေး၊ သုခချမ်းသာ၊ ဂုဏ် သိက္ခာ) ဖြစ်သည့် လူသားလုံခြုံရေး (Human Security) လည်း ပါဝင်လာသည်။

၁၇။ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအခြေအနေများအား ရင်ဆိုင်နိုင်ရန်အတွက် အရပ်ဖက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါလျက်ရှိပါသည်။ ထိုပြဿနာများအား ရင်ဆိုင်ရာ တွင် စစ်ဘက်အနေဖြင့် အမြဲတမ်းတပ်မ တော်တစ်ခုတည်းဖြင့် လုံလောက်မည် မဟုတ်ချေ။

ထို့ကြောင့် (၂၁) ရာခုခေတ် အမျိုးသားလုံခြုံးရေး ခြိမ်းခြောက်မှုများအား ရင်ဆိုင်ရာ တွင် အရန်တပ်ဖွဲ့များ၏ အခန်းကဏ္ဍများမှာ အရေးပါလာပါသည်။ ဥပမာအား ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေ ကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းနှင့် မီး လောင်ခြင်းစသည့် သဘာဝဘေးအန္တ
ရာယ်များကြုံတွေ့လာရပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများသာမက အရန်တပ်ဖွဲ့အားလည်း အသက်သွင်းကာ တာဝန်ပေးနိုင် သည်။ ပြန်လည်ထူထောင်ရေးနှင့် နေရာချ ထားရေးများလုပ်ဆောင်ရာတွင်လည်း အ ရန်တပ်ဖွဲ့ဝင်များကို အသုံးချနိုင်ပါသည်။

၁၈။ အမျိုးသားလုံခြုံရေးအား ခြိမ်းခြောက်နေသောအကြောင်းခြင်းရာများတွင် ဆန္ဒပြ ဆူပူမှုများနှင့် အကြမ်းဖက်မှုများလည်း အ ပါအဝင်ဖြစ်ပါသည်။ ထိုအခြေအနေများတွင် အရန်တပ်ဖွဲ့များအား နိုင်ငံတော်အစိုး ရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအတွက် အထောက်အကူပြုရန် ခေါ်ယူအ သုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် ၂၀၂၀ ပြည့်နှစ်က အရန်တပ်ဖွဲ့တစ်မျိုးဖြစ်သည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၁၇၀၀၀) ကျော်သည် ပြည်နယ် (၂၃) ပြည်နယ်တွင် လူထုမငြိမ်မသက်မှုများကို တုံ့ပြန်ကာ ပြည်နယ်နှင့် ဒေ သဆိုင်ရာ တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးခဲ့ကြသည်။

ထို့အပြင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၄၅၀၀၀) ခန့်သည် ကိုဗစ် ၁၉ ကပ်ရောဂါ တုံ့ပြန်ရေးအား ကူညီခြင်း၊ တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် အမေရိကန်တောင်ပိုင်း နယ်စပ်တံတိုင်းကာရန်ရေး တာဝန်ထမ်းဆောင်ခြင်း၊ တောမီးနှင့် ရေလွှမ်းမိုးမှုတုံ့ ပြန်ရေးနှင့် ဆိုက်ဘာပံ့ပိုးကူညီမှုတို့ ပြုလုပ်ခဲ့ကြသည်။ ထိုဖြစ်စဉ်သည် သမိုင်းတစ် လျှောက် အရန်တပ်ဖွဲ့ဝင်အင်အားအများဆုံး စုစည်းအသုံးပြုခြင်းဖြစ် စုစုပေါင်း အင်အား (၆၆၇၀၀) အထိ အသုံးပြုခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

၁၉။ ကိုဗစ် ၁၉ ကပ်ရောဂါအား တားဆီးကာကွယ်ရာတွင်လည်း အရန်တပ်ဖွဲ့ဝင်များအား ကောင်းစွာ အသုံးချနိုင်ပါသည်။ အ ရန်တပ်ဖွဲ့ဝင် ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးဝါးကျွမ်းကျင် ပညာရှင်များသည် အ မြဲတမ်းတပ်ဖွဲ့ဝင်များ၏ ဝန်ထုပ်ဝန်ပိုးအား တစ်ဘက်တစ်လမ်းက လျော့ချပေးနိုင်ပါ သည်။ ၎င်းအပြင် အရပ်ဘက်မှ ကျွမ်းကျင်သူပညာရှင်များအားလည်း ဂုဏ်ထူးဆောင် အဆင့်နှင့် ရာထူးများခန့်အပ်ကာ အရန်တပ်ဖွဲ့ဝင် တာဝန်ထမ်းဆောင်စေပါက ၎င်းတို့ ကျွမ်းကျင်ရာ နယ်ပယ်များအလိုက် နိုင်ငံတော်နှင့် တပ်မတော်အား အကျိုးဖြစ် ထွန်းစေမည် ဖြစ်ပါသည်။

နိဂုံး

၂၀။ မြန်မာ့တပ်မတော်တွင် အမြဲတန်းတပ်မတော်ဖွဲ့စည်းထားရှိသော်လည်း အရန်တပ်ဖွဲ့စနစ်အား ကျင့်သုံးခြင်း မရှိသေးပါ။ (၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့သော အရန်တပ်ဖွဲ့ဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်ခဲ့ပြီး ဖြစ်သည်။) မြန်မာနိုင်ငံ၏ ကာကွယ်ရေးမဟာဗျူဟာ (Defence Strategy) မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့စစ်မဟာဗျူဟာ (Peoples War Strategy) ဖြစ်ပါသည်။

အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြားတွင် တည်ရှိသည့် နိုင်ငံဖြစ်သည့်အတွက် ပြည် သူ့စစ်မဟာဗျူဟာသည် မိမိတို့ နိုင်ငံအ တွက် သင့်လျော်သော ကာကွယ်မဟာဗျူ ဟာ ဖြစ်ပါသည်။ အရန်တပ်ဖွဲ့များ၏ အ ခန်းကဏ္ဍသည် ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးရာတွင် အရေးပါလျက်ရှိပါသည်။ ထို့ကြောင့်  အရန်တပ်ဖွဲ့စနစ်အား ကျင့်သုံးကာ အရန်တပ်ဖွဲ့များအား သက်ဆိုင်ရာ လက်ရုံးတပ်ဖွဲ့များအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဖွဲ့စည်းထားသင့်ပါသည်။

ထိုသို့ဖွဲ့စည်းထားမှသာ နိုင်ငံတော်အတွက် လိုအပ်ချိန်တွင် လွယ်ကူလျင်မြန်စွာ စစ်စည်းရုံးမှုပြုလုပ်နိုင်မည်ဖြစ်ပါသည်။ တပ် မတော်တွင် တန်းပြည့်စစ်မှုထမ်းဆောင်ချိန် ပြီးမြောက်ပါက အရန်တပ်ဖွဲ့သို့ လွှဲပြောင်း တာဝန်ထမ်းဆောင်စေသည့်စနစ်အားလည်း အနာဂတ်တွင် ကျင့်သုံးသင့်ပါသည်။ မြန်မာ နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အား တပ်မတော်၏ အရန်အင် အားအဖြစ် သတ်မှတ်ထားသော်လည်း အ ရန်တပ်ဖွဲ့နှင့် သဘောသဘာဝတူညီခြင်း မရှိပါသည်။

ထို့ကြောင့် ပြဌာန်းထားပြီး ဖြစ်သည့် ပြည် သူ့စစ်မှုထမ်းဥပဒေအား အနာဂတ်တွင် လက်တွေ့ကျင့်သုံးသွားသင့်ပါသည်။ (၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့သော ပြည်သူ့ စစ်မှုထမ်း ဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလ ၁၀ ရက်နေ့မှ စတင် အာဏာတည်ကြောင်း သတ်မှတ်ခဲ့ပြီး ဖြစ်သည်။) နောင်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အား ဝန်ကြီးဌာနတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းကာ စစ်မှုထမ်းဟောင်းများအတွက် ပိုမိုထိရောက်သည့် လူမှုရေးနှင့် ကျန်းမာရေး စသည့် ဝန်ဆောင်မှုစနစ်များ ဖန်တီးပေးသွားသင့်ပါသည်။

ထိုမှသာ နိုင်ငံတော်အတွက် အရေးပေါ်ကာ လ လိုအပ်ချိန်များတွင် ပိုမိုစိတ်ဓာတ်ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသည့် အရန်တပ်ဖွဲ့ဝင်များ စုဆောင်းရရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

(မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့  မဂ္ဂဇင်း အတွဲ (၁) အမှတ် (၃) တွင် ဖော်ပြပါရှိသော ဆောင်းပါး ဖြစ်ပါသည်။)

crd***ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့
#JBT

Post a Comment

Previous Post Next Post