စိတ်ဓာတ်စစ်ဆင်ရေးအောက် မြန်မာတွေ စကားများကြပြန်ပြီ


ကျောက်တော်က ကုလားတန်မြစ်အတိုင်း ဆုတ်လာတဲ့ အရာရှိ/စစ်သည်/မှီခို မိသားစုတွေပါတဲ့ သဘော် ကို ရခိုင် လက်နက်ကိုင် AA ကပစ်မြှပ်ပစ်တယ်

ဒါအမှန်တရားပဲ …. ပစ်တယ်ဆိုတဲ့ ဘက်ကတောင် မူဗီဖိုင်ကြီးတင်ပြီး ဂုဏ်ဆာထားတာလေ

အဲ … အဲ့မှာ ကမ်းထိုးမြှပ်လို့ ရေကူးလာတဲ့ အရာရှိ/စစ်သည်/မှီခို မိသားစုဝင်တွေကို ကမ်းကနေ ရွာသားအချို့က ဓားနဲ့စီးခုတ်တယ်လို့ သတင်းတက်လာတယ်

လက်သည်းစိတ်တော့ လက်ထိပ်နာတဲ့ မြန်မာတွေဟာ အဲ့ သတင်းကြားမှာ ဗလောင်တွေဆူကုန်တာပေါ့

ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေမှာ ဒီကိစ္စအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ ဆော်ဩလာကြပါလေရော

ဒီအချိန်မှာ စောစောက ဂုဏ်ဆာနေတဲ့ ငကြောင် တစ်သိုက်က ရေထဲမျှောနေတဲ့ လူတွေကို ဆဲဆိုပြီး ကယ်တဲ့ မူဗီတင်လာပြန်တယ်

အဓိက ကတော့ မြန်မာတွေ သွေးစည်းသွားမှာကြောက်တယ်၊ နောက် ပြင်းထန်တဲ့ စည်းလုံးမှုတွေနဲ့ တုံ့ပြန်မှုတွေဖြစ်လာမှာကြောက်တယ်

ကြောက်မယ်ဆိုလဲ ကြောက်လောက်စရာပဲလေ။ မြန်မာဆိုတာ စစ်ဘုရင်မျိုးတွေ

၁၃၅ မျိုးသော လူမျိုးတွေရဲ့ ပြည်နယ်တွေကို စုစည်းလာတဲ့ လူမျိုးတွေလေ

အဲ့တော့ …. သူတို့ မလုပ်ပါဘူးပေါ့ ဆိုပြီး စိတ်ဓာတ်စစ်ဆင်တယ်

အဲ့မှာ တချို့ ဒီမိုကရေစီတွေ အရမ်းဆန်ပြီး လစ်ဘရယ် ဆန်တဲ့ လူအချို့က ရေကူးလာတဲ့ လူတွေကို သတ်တာ သက်သေမရှိတော့ မဖြစ်နိုင်ဘူး၊ AA က လူသားဆန်ပါတယ်။ လူမျိုးရေး မဖြစ်ပါနဲ့ဆိုတာမျိုးတွေ တခြမ်းထကွဲတော့တာပဲ

ဟူး ….. ကောင်းသကွာ။ တစ်ဖက်က ရန်သူက အဲ့လိုသာတွေးတတ်ခဲ့ရင် မိုခါမှာ ကူညီခဲ့ဖူးတဲ့ ကမ်းထိုးတွေကို ခုလိုကျေးဇူးကမ်းပါ့မလား

သူ့ဘာသာသူ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းတွေ ပဲ့မထွက်သွားဖို့ ပြန်လည်စုစည်းနိုင်ဖို့အတွက် ဒါတွေနဲ့ ဝိဝါဒကွဲမနေကြပါနဲ့တော့

ကျွန်တော်တို့ အမြန်ဆုံးပြန်လည်စည်းလုံးသင့်နေပါပြီ။ စိတ်ဝမ်းတွေကွဲမနေပါနဲ့။

“မျိုးမဟာသာကီနွယ် … မြန်မာတွေရယ်
ကျောချင်းကပ် ရင်ချင်းအပ်ကာ ရင်ဆိုင်မယ်
ပြည်ထောင်စုကို ဖြိုခွဲဖို့ ကြံတဲ့ သကောင့်သားများကိုကွယ် ချေမှုန်းကြစို့ရယ်”

ဓာတ်ပုံ - Living Myanmar Page မှ ကူးယူဖော်ပြသည်။

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post